Print

Genital Herpes လိင်လမ်း ရေယုံ

  29-Oct-2016
Preview Image

Genital herpes လိင်လမ်းရေယုံဆိုတာလိင်ကတဆင့် ကူးစက်စေတဲ့ရောဂါတွေ အများကြီးထဲမှာပါတယ်။ ယောက်ျား-မိန်းမလိင်အင်္ဂါတွေ အနီးအနားအရေပြားနဲ့ (မြူးကပ်စ်) အမြှေးပါးတွေမှာ လာဖြစ်တယ်။ (ဗိုင်းရပ်စ်) ကြောင့် ဖြစ်တယ်။ (ဗိုင်းရပ်စ်) ၂ မျိုးရှိတယ်။

1.Herpes simplex virus type 2 (HSV-2)

2. Herpes simplex virus type 1 (HSV-1)

အမျိုးအစား (၂) က ပိုဖြစ်တယ်။ ပါးစပ်နဲ့ လိင်အင်္ဂါတွေကထွက်တဲ့ အရည်တွေကနေ aနာက်တယောက်ကို ကူးစက်တယ်။ (၁) ကတော့ ပါးစပ်နားတဝှိုက်မှာသာ ဖြစ်တယ်။ Cold sores လဲခေါ်တယ်။ Fever blisters လဲခေါ်တယ်။ ဆက်ဆံရာမှာပါးစပ် သုံးမိရာကနေလိင်အင်္ဂါကိုကူးစေမယ်။ မျက်စိနဲ့ မြင်ရတဲ့ အနာသာမကမ မြင်နိုင်တာကနေလဲကူးစေတယ်။ ပိုးရှိနေပေမဲ့ ရောဂါလက္ခဏာ မပြသူတွေကနေလဲ ကူးလာနိုင်တယ်။ Genital HSV-2 ကူးစက်ရောဂါက အမျိုးသမီးတွေမှာ ပိုးများတာတွေ့ရတယ်။ ၄ ယောက်မှာ ၁ ယောက်နှုန်း။ ယောက်ျားတွေမှာ ၈ ယောက်မှာ ၁ ယောက်နှုန်း။

ရောဂါလက္ခဏာ ------------------

• အနာဖြစ်တာပါဘဲ။ တခါတလေမနာလို့ သတိတောင် မထားမိတတ်ဘူး။ ပုရွက်ဆိပ်ကိုက်သလို၊ ခြင်ကိုက်သလိုထင်တတ်တယ်။ တချို့ကြ ဆိုးလှတယ်။

• ပိုးဝင်ပြီး ၂ ပတ်နေရင် ဖြစ်တာကဆိုးတယ်။ အနာသာမကဘဲ အစားအသောက် ပျက်တာ၊ ကိုယ်ပူတာ၊ မအီမသာဖြစ်တာ၊ ကိုက်ခဲတာတွေပါ ရှိနိုင်တယ်။

• အနာလေးတွေကလဲ မီးလောင်ဖုလေးတွေလို နေမယ်။နာမယ်၊ ကောက်ရိုးရောင် အရည် အောင်းနေမယ်။

• အမျိုးသမီးမှာ Vaginal lips (labia) မအင်္ဂါနုတ်ခမ်းသား၊ Vagina မွေးလမ်းကြောင်း၊ Cervix သားအိမ်အဝ၊ Anus စအိုအနား၊ Thighs ပေါင်နဲ့ Buttocks တင်ပါး နေရာတွေမှာ ဖြစ်နိုင်တယ်။

• ယောက်ျားတွေဆိုရင် Penis လိင်တံ၊ Scrotum ကပ်ပဲ့အိတ်၊ Anus စအိုးအနား၊ Thighs ပေါင်နဲ့ Buttocks တင်ပါးတွေမှာ ဖြစ်နိုင်တယ်။

• ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် Tongue လျှာ၊ Mouth ပါးစပ်၊ Eyes မျက်စိ၊ Gums သွားဖုံး၊ Lips နှုတ်ခမ်း၊ Fingers လက်ချောင်းနဲ့ တခြားနေရာတွေမှာလဲ ဖြစ်နိုင်တယ်။

• အဖုလေးတွေ ပေါက်မထွက်ခင် ပူလောင်၊ နာကျင်၊ ယားယံတာခံစားရမယ်။ ပေါက်သွားရင်တော့ အနာသေးသေးလေး ဖြစ်လာမယ်။ ၇-၁၄ ရက်နေမှ ပျောက်မယ်။

• အစဖြစ်ပြီးနောက် ဆက်ဖြစ်တာက ရက်တိုတယ်။ ရက်တွေကြာမှ လာဖြစ်တယ်။ ကြားထဲမှာဗိုင်းရပ်စ်ကပုန်းနေသလိုနေတယ်။

• ပြန်ပေါ်တယ်ဆိုတာ လူနာက အားယုတ်နေချိန်၊ ရာသီပေါ်ချိန်၊ စိတ်အလုပ်ရှုတ်ချိန်၊ ထိခိုက်မှုရှိချိန်မျိုးတွေမှာ လာဖြစ်တယ်။

• ပိုးကကိုယ်ထဲမှာ အမြဲရှိနေနိုင်သွားပြီ။ တချို့ဆို တနှစ်တခါဆိုသလို ပြန်ပေါ်နေတတ်တယ်။ ယောက်ျားဖြစ်တာသက်သာတယ်။ ဗိုင်းရပ်စ် ရှိနေတာ သေချာအောင် Culture လုပ်လို့ရတယ်။ ၂-၃ ရက်ကြာမယ်။ ပိုးစဝင်ချိန်ကာလမှာသာ တွေ့တတ်တယ်။ Blood tests သွေးစစ်တာလဲ လုပ်လို့ရတယ်။

ဘယ်လိုကုသလဲ ------------------ (ဗိုင်းရပ်စ်) ပိုးကိုသေစေတဲ့ဆေးမရှိပါ။ Antiviral medication ဆေးနဲ့တော့ သက်သာစေနိုင်တယ်။ အပျောက်မြန်စေမယ်၊ ခံစားရတာတွေ နည်းစေမယ်။ Acyclovir, Famciclovirနဲ့ Valaciclovirဆေးတွေကိုသုံးပါတယ်။ ပြန်ဖြစ်တတ်သူဆိုရင် စဖြစ်တာ သိတာနဲ့ ချက်ချင်းဆေးသောက်ပါ။ နေ့တိုင်းနဲ့ ကြာကြာသောက် ရတတ်တယ်။ ကိုယ်ဝန်ဆောင်ဆိုရင် စောစောဆေးကုထားရင် ကောင်းတယ်။ ကလေးဖွါးချိန် စိုးရိမ်စရာမလိုတော့ဘူး။ မွေးလမ်းမှာရေယုံပေါက်နေသူကိုဗိုက်ခွဲမွေးတာကောင်းတယ်။ ကလေးကိုကူးစက်ရင် ဆိုးတာတွေ ဖြစ်နိုင်တယ်။ Meningitis ဦးနှောက်မြှေးရောင်၊ Encephalitis ဦးနှောက်ရောင်၊ Chronic skin infection နာတာရှည် အရေပြားနာ၊ Severe developmental delays ဖွံ့ထွားမှု နှေးလွန်းတာနဲ့ Death အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။Antiviral medication ဆေးတွေက ဘေးထွက်ဆိုးကျိုး တခုနဲ့တခုဆင်တယ်။ အားယုတ်မယ်၊ ခေါင်းကိုက်မယ်၊ ပျို့ချင်-အန်ချင်မယ်၊ အနီပြင် ထွက်မယ်၊ ရှားရှားပါးပါးတက်မယ်၊ လက်တုံမယ်၊ ဝမ်းပျက်မယ်၊ စိတ်ရှုတ်ထွေးမယ်၊ သွေးအားနည်းမယ်၊ ကြွက်သားတွေ နာမယ်။ Home care အိမ်မှာတင်လုပ်သင့်တာတွေရှိတယ်။

• နိုင်လွန်စတဲ့ (ကော်တွန်) မဟုတ်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။

• ဆပ်ပြာသုံးရေဆေးတာ လုပ်ပေးပါ။

• ရေနွေးနဲ့ချိုးရင် နာတာသက်သာစေမယ်။

• ဗက်တီးရီးယားပိုးထပ်ဝင်ရင် ပိုးသေဆေးသောက်ပါ။

• လိင်လမ်းမှာ လောလောလတ်လတ် ရေယုံရှိနေသူကို အဖေါ်မှာ HIV ရှိနေရင် ကူစက်ဘို့ ပိုများစေတယ်။

Prevention ကာကွယ်ဘို့ဆိုရင် ----------------------------------

• လိင်ဆက်ဆံတာရှောင်ပါ။ ပါးစပ်သုံးနည်း အပါအဝင် ဖြစ်တယ်။

• သိပ်တိကျချင်ရင် ရေယုံမရှိတာသေခြာသူနဲ့သာ ပေါင်းဖက်သင့်၊ အိမ်ထောင်ပြုသင့် တယ်။

• Condoms (ကွန်ဒွမ်) သုံးတာဟာ ရှိသမျှနည်းတွေထဲမှာ အသင့်တော်ဆုံး ဖြစ်တယ်။

• Vaccines ကာကွယ်ဆေးတွေက စမ်းသပ်မှုအဆင့်တွေမှာ သာရှိပါသေးတယ်။

• Herpes virus type 1 နဲ့ 2 ကနေကူးစက်တယ်။ အမေရိကားက လူလတ်လူကြီးတွေထဲမှာ ၂၂% Type 2 Herpes ဖြစ်နေကြရတယ်။

• ဗြိတိန်မှာလဲ လိင်နဲ့ဆိုင်တာ ကုသပေးရသူတွေထဲက ၂၃% မှာတွေ့ရတယ်။ အဲဒီမှာဘဲ သွေးလှူသူတွေထဲက ရ့၆% မှာတွေ့ရတယ်။ လိင်လမ်းနဲ့ မဆိုင်တဲ့ ပါးစပ်ဘေးမှာ ဖြစ်တာကလဲ Type 2 Herpes ဖြစ်တယ်။

• ပြန်ပြန်ဖြစ်နိုင်တယ်။ လိင်လမ်းမှာရောဂါရှိနေသူကနေ မွေးစကလေးကိုကူးမယ်။ ကိုယ်ခံအားနည်းနေသူတွေမှာ ထပ်ပိုးဗက်တီးရီးယားဝင်တာ ဖြစ်လာနိုင်တယ်။ HIV ဝင်လာနိုင်တယ်။

Ref: Dr. တင့်ဆွေ September 9, 2014Uncategorized



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18