Print

နှုတ်ခမ်းတစ်စုံရဲ့လှပမှု

  30-Jun-2018
Preview Image


ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အဝတ်အစားအရောင်နဲ့ အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ့နှုတ်ခမ်းသား
အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ့ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။ အချို့ အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာတတ်ကြပါတယ်။

အကြောင်းရင်းကတော့ ကော်ဖီ၊ လ္ဘက်ရည်၊ ဆေးလိပ်လွန်စွာ သောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲ အထွက်များ၍ နေလောင်ခြင်း၊ ရေနွေး၊ ဟင်းချို စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲ ကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေး အန္တရာယ်၊ ရောဂါတစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့တန်ပြန်သက်ရောက်မှု စတာတွေကြောင့် နှုတ်ခမ်းသားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြပါနဲ့။ ဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျ မများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

သကြား (Sugar)

သကြားနဲ ့ပွတ်ပါ နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေး ပါဘဲ။ လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့် ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ် လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်းသား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

မုန်လာဥနီ (Beetroot)

မုန်လာဥနီအလုံး (ခေါ်) သကြားမုန်လာ (Beetroot) ကိုသုံးပါ သွေးကြည်ရောင် လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသာ မည်းခြင်းကို တဖြည်းဖြည်းလျော့ ပါးသွားစေပါ တယ်။

သံလွင်ဆီ (Olive Oil)

သံလွင်ဆီလိမ်းပါ။ အသားအရေကိုကောင်းကျိုးပြုကာ အာဟာရ တန်ဖိုးမြောက်များ စွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေ ချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

နှင်းဆီ (Rose)

နှင်းဆီပွင့်ချပ်လေးတွေသုံးပါ။ နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁ ပတ်မှာ ၂ ကြိမ်လောက် လုပ်ပေးခြင်းဖြင့် မည်းနေတဲ့နှုတ် ခမ်းသားတွေ တဖြည်းဖြည်း အရောင်ဖျော့သွားလာပါလိမ့်မယ်။

စတော်ဘယ်ရီ (Strawberry)

စတော်ဘယ်ရီသီးတွေနဲ ့ပွတ်ပါ။ စတော်ဘယ်ရီသီးတွေကလည်း နှုတ်ခမ်းသား မည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။ အဲဒီအသီး မှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့နဲ့ ရောပြီး နှုတ်ခမ်းသား ကိုပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့်အကြာမှာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

သလဲသီး (Pomegranate)

သလဲသီးသုံးပါ။ သလဲသီးကိုအစေ့ဖယ်ပြီး နောက်ရလာတဲ့ အသားဖတ်လေးတွေကို
ထောပတ်နဲ့နယ်၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာ ဝင်ခါးနီးတိုင်း လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာပင် နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

ဆား (Salt)

ဆားနဲ ့ပွတ်ပါ။ အိမ်သုံးဆားမှုန်လေးတွေကို နွားနို့နဲ့ရောပြီးတော့၊ ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွပွတ်တိုက်ပေးပါ။ ၁၅-မိနစ်ခန့်ကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

ရှားစောင်းလက်ပတ် (Aloe)

ရှားစောင်းလက်ပတ်ဂျယ်လီသုံးပါ။ မည်းညစ်နေတဲ့ နှုတ်ခမ်းသားကို မူလ အရောင်ပြန်ရစေဖို့အတွက် ရှားစောင်းလက်ပတ်ဂျယ်လီ က အကောင်းဆုံး သမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကိုညှစ်ချပြီးတော့ နှုတ်ခမ်း သားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

ငှက်ပျောသီး (Banana)

ငှက်ပျောသီးသုံးပါ။ ဌက်ပျောသီးမှည့်မှည့်ကို နွားနို့၊ ပျားရည်တို့ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက်အနည်းအတွင်းမှာပင် ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ခံစားရပါလိမ့်မယ်။

 

ဆောင်းတွင်းမှာနှုတ်ခမ်းကွဲတာကာကွယ်ခြင်း

အအေးဓာတ်လွန်ကဲတာ၊ ခန္ဓာကိုယ်တွင်း ရေဓာတ်အားနည်းတာနဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ချို့တဲ့တာကြောင့် နှုတ်ခမ်းကွဲတတ်ပါတယ်။ အဲဒီတော့ ဆောင်းတွင်းမှာ နွေးနွေးထွေးထွေးနေပါ။ လေတိုက်တဲ့ နေရာတွေ သိပ်မသွားပါနဲ့။ ရေများများ သောက်ပေးပါ။ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝတဲ့ အရည်ရွှမ်းအသီးအနှံတွေ များများစားပေးပါ။ ထမင်းရည်နေ့တိုင်းသောက်ပေးတာကလည်း လိုအပ်နေတဲ့ ရေဓာတ်ရော၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ရရှီနိုင်ပါတယ်။

 

Credit: မအိအိဇာ 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18