Print

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်

  29-Oct-2016
Preview Image

တစ်နေ့ပြီးတစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ ရှိရင်းစွဲအသက်ထက် ၁၀ နှစ်လောက်ပိုငယ်တယ်ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ

ပိုမိုသက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင်

လုပ်ဆောင်နိုင်ပါတယ်။

 

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

 

သင်ရဲ့နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

 

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

 

အိမ်ထောင်ရှိသူတွေအတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့

ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက်တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊

ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ

စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်

ဟော်မုန်း ထွက်ရှိကာစိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှုရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့

အရာတွေကို နှေးကွေးစေပါတယ်။

 

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

 

တစ်နေ့ကို မိနစ်၃ဝလောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော

လေ့လာမှုအရ အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။

ဒါဟာဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင်ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာ

ကြောင့်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု

အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

 

၄။ ဆေးလိပ်မသောက်ဘဲ နေခြင်း

 

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်းအချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ်မကောင်းတာနဲ့ စူးစိုက်အားနည်းတာတွေကို

ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရထောက်ပံ့နေတဲ့ သွေးကြောတွေကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်

လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့်

ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင်

၁၀ နှစ်လောက် ပိုရင့်ရော်နေတတ်ပါတယ်။

 

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

 

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း

နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကိုတိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။

ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကိုဖိနှိပ်ထားတာကြောင့်

ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

 

၆။ အသားအရေ ထိန်းသိမ်းခြင်း

 

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလိုပြန်ပြီး နုနယ်အောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီးအစက်အပြောက်တွေလည်း

ထင်ရှားလာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင်

လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

 

၇။ ငါးကြီးဆီ မှီဝဲခြင်း

 

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

 

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

 

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန်တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

 

၉။ အရက် မသောက်ခြင်း

 

အရက်အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင်သွေးကြောတွေပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာအရက်တစ်ပက်

အောက်ကိုသာ သောက်သင့်ပါတယ်။

 

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

 

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ် လို့ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။အိပ်ချိန်အပြည့်အဝပေးပေမယ့်အိပ်နေစဉ်

ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြားအသက်ရှူ

လမ်းကြောင်းနဲ ့မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့

အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံအကြောင်းရင်း

ကိုရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

 

Ref:

ကြယ်စင်

မြဝတီ

Monday, August 24, 2015

Source:Good Health

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18