Print

အိပ်ယာထ မျက်နှာလေးကို ဘယ်လိုပြင်မလဲ

  30-Oct-2016
Preview Image

မနက်အိပ်ယာကနိုးရင် မျက်နှာက ဖောင်းကားနေတတ်တယ်။အလုပ်များတာရယ်၊

ပင်ပန်းတာရယ်ကြောင့် မျက်နှာက ရောင်နေသလို အမ်းနေသလို ခံစားရတယ်။ မနက်ကတည်းက ဒီလိုမျက်နှာဆိုရင်တော့ စိတ်ထဲမှာနေရာ တမျိုးပဲ။ကဲ မျက်နှာလေးကို လှလှပပ ဖြစ်သွားအောင် ဘယ်လိုနည်းလမ်းတွေ ရှိသလဲ။

★ အကြိမ် ၁၀၀ လောက်ခုန်ပါ။

အကြိမ် ၁၀၀ ဆိုလို့ အရမ်းများတယ်လို့ မထင်ပါနဲ့။ ၂ မိနစ်လောက်နဲ့ ပြီးပါလိမ့်မယ်။ အိပ်နေချိန်မှာ မျက်နှာမှာ စုနေတဲ့ အဆိပ်အတောက်တွေကို ကိုယ်ခန္ဓာအောက်ပိုင်းကို ရောက်စေတဲ့အတွက် မျက်နှာအန်းနေတာက ချက်ချင်းဆိုသလို ပျောက်သွားမှာပါ။ မနက်ကတည်းက အားကစားလုပ်တယ်ဆိုတော့ အိပ်ချင်နေတာလည်း ပျောက်ပြီး လန်းဆန်းနေမှာပါ။

★ အပူနဲ့အအေး ပေးလိုက်ပါ။

ပါးနဲ့ နဖူးပြင်၊ မျက်လုံး စသည်ဖြင့် နည်းနည်းအန်းနေတဲ့နေရာကို ရေခဲနဲ့ ပွတ်ပေးလိုက်ပါ။ ရေစွပ်ထားတဲ့ မျက်နှာသုတ်ပဝါကိုလည်း စက္ကန့် ၃၀ ကနေ ၁ မိနစ် လောက်် Microwave ထဲထည့် အပူပေးပြီး မျက်နှာသုတ်ပဝါပူပူလေးကို မျက်နှာတစ်ခုလုံးကို အုပ်ပေးလိုက်ပါ။ နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးလိုက်ရင် မျက်နှာလေးက လန်းဆန်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ပြီပေါ့။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာမှာရှိတဲ့ အစိုဓါတ်က ခန်းသွားတတ်တာကြောင့် နောက်ဆုံးအဆင့်အနေနဲ့ရေခဲရေနဲ့ မျက်နှာသစ်လိုက်ရင်တော့ ချစ်စရာ မျက်နှာလေးကို ချက်ချင်းပြန်ရမှာပါ။

★ ဇွန်းနဲ့

ဇွန်းရဲ့အနောက်ဘက်ကို သုံးပြီး လည်ပင်းကနေ ပခုံးအထိကို အပေါ်အောက် သုံးကြိမ်လောက် နှိပ်ပေးပါ။ ဇွန်းရဲ့ အအေးဓါတ်နဲ့ နှိပ်ပေးတာကြောင့် အကြိတ်တွေရဲ့သွေးလည်ပတ်မှုကို ကောင်းစေမှာပါ။ ဇွန်းကို ကြိုတင်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။ မျက်စိကိုလည်း ဇွန်းနဲ့ ဖိပေးပြီး မျက်စိထောင့်အထိဆွဲပေးရင်လည်း ကောင်းပါတယ်။

★ ရေးနွေးသောက်ပါ

ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ သွေးလက်ပတ်မှုကို ချက်ချင်းဆိုသလို ကောင်းမွန်လာစေမှာပါ။ အကြံပေးချင်တာကတော့ ရိုးရိုးရေနွေးကို သောက်သင့်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်းကို ပူနွေးစေပြီး နေကောင်းလာစေမှာပါ။

★ နားပတ်ဝန်းကျင်ကို အဓိကထားပြီး ရေချိုးလိုက်ပါ

နည်းနည်းပူတယ်လို့ ထင်ရတဲ့ရေနွေးနဲ့ နားနှစ်ဖက်ကို လောင်းလိုက်ပါ။ မျက်နှာမှာရှိတဲ့ အကြိက်တွေရဲ့ သွေးလည်ပတ်မှုကကောင်းလာမှာပါ။ မနက်ရေချိုးချိန်မရှိရင်တော့ မျက်နှာသုတ်ပဝါပူပူလေးကို နားနှစ်ဖက်နေရာကို အုပ်ပြီး နှိပ်ပေးလိုက်ပါ။

ကဲ အပေါ်မှာရေးထားတဲ့ နည်းလမ်းလေးတွေကို အသုံးချလိုက်မယ်ဆိုရင် တနေ့လုံး လန်းဆန်းတက်ကြွနေမှာပါ။

 

Healthcare.com.mm

Ref:

ChelmoTeam

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18