Print

ကိုယ်လုံးလှစေမယ့် လေ့ကျင့်ခန်း (၅) ခု

  30-Oct-2016
Preview Image

ခက်ခက်ခဲခဲ လုပ်ရတာမျိုး မဟုတ်တဲ့ လေ့ကျင့်ခန်းတွေက ပေါင်တံနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လှပစေပါလိမ့်မယ်။

တင်းရင်းတဲ့ အချိုးအစားကို ပိုင်ဆိုင်ချင်တဲ့ အမျိုးသမီးတွေအဖို့ gym သွားစရာလည်း မလို၊ ပြင်းပြင်းထန်ထန် လုပ်စရာလည်း မလိုတဲ့ လေ့ကျင့်ခန်းတွေ ရှိပါတယ်။ လေ့ကျင့်ခန်းလို့ ပြောလိုက်တာနဲ့ ပင်ပင်ပန်းပန်း အားစိုက်ရတာကို မေ့ထားလိုက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ တကယ်အကျိုးရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ဓူဝံက ဖော်ပြလိုက်ပါတယ်။ လှေကား ၆ ထစ်လောက်ရှိတဲ့ နေရာရှိရင် လုပ်လို့ရပါပြီ။

၁။ ခြေဆန့်

လက်ရှိ ရပ်နေတဲ့ လှေကားထစ်ရဲ့ နှစ်ခုအကျော်ကို ဆတ်ခနဲ ခြေဆန့်လိုက်ပါ။ ဘယ်၊ညာ တစ်လှည့်စီ လုပ်ရမှာ ဖြစ်ပါတယ်။ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ရမှာပါ။

၂။ ဘေးတစ်စောင်း လှေကားတက်

လှေကား အောက်ဆုံးထစ်ကနေ အပေါ်ဆုံး (၆ ခုမြောက်အထိ) ဘေးတစ်စောင်းနဲ့ တစ်ထစ်ချင်းစီ ခပ်မြန်မြန် တက်ရပါမယ်။ တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးရင်ပဲ လုံလောက်ပါပြီ။

၃။ ပြေးတက် ပြေးဆင်း

ခပ်သွက်သွက်လေး ပြေးတက် ပြေးဆင်း လုပ်ရမှာပါ။ ဒါကိုတော့ ၅ မိနစ် လုပ်ပေးရပါမယ်။

၄။ အမြင့်ခုန်

သားပိုက်ကောင်လေးတွေလိုမျိုး ခုန်ဆွခုန်ဆွ လုပ်ရမှာပါ။ ငယ်ငယ်တုန်းကလည်း ကစားဖူးမယ် ထင်ပါတယ်။ ခြေစုံရပ်ပြီး လှေကားတစ်ထစ်ချင်းစီကို ခုန်တက် ခုန်ဆင်းရမှာပါ။ ၄ ကြိမ်လောက် လုပ်ပေးရင် ရပါပြီ။ ဒူးလေးတွေကို ခပ်ကွေးကွေးထားဖို့တော့ မမေ့ပါနဲ့။

၅။ စကိတ်ခြေလှမ်း

စကိတ်စီးသူတွေလိုမျိုး ဘယ်နဲ့ညာ ဝေ့ဝိုက် သွားရတဲ့ လေ့ကျင့်ခန်းမျိုးပေါ့။ လှေကားတွေပေါ်ကို ခပ်သွက်သွက် ခုန်တက်တဲ့အခါ ညာခြေက ညာဘက်စွန်းကို လှမ်းပြီး ဘယ်ခြေက ဘယ်ဘက်စွန်းကို လှမ်းရမှာပါ။ အဲ့သလိုမျိုး ၄ ကြိမ် တက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခြေထောက်ကို လှပစေနိုင်ပြီး တင်ပါးကိုလည်း ကျစ်လျစ်စေမှာပါ။

Healthcare.com.mm

Credit : duwun

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18