Print

သင့်ရဲ့ဗိုက်သားလေးတွေ ပြားချပ်လှပနေဖို့ အစားအသောက်ပိုင်းဆိုင်ရာ သိထားသ...

  30-Oct-2016
Preview Image

ခုခေတ် ခါးပေါ်အကျီလေးတွေ ဝတ်ဖို့အတွက် သင့်မှာ မဝံ့မရဲဖြစ်နေရပြီလား။

ဗိုက်သားက ချပ်ရပ်မနေတာကြောင့် ကိုယ်ကျပ်အကျႌလေးတွေ ဝတ်ဖို့တောင် သင်တော်တော်လေး စဉ်းစားနေရပြီဆိုရင် သင့်ကို ဗိုက်သားချပ်ရပ်စေမယ့် နည်းလမ်းလေး တစ်ချို့ ပြောပြပေးပါရစေ။ ဗိုက်သားချပ်ရပ်နေဖို့အတွက် သင်မနက်အိပ်ယာထတဲ့အခါ ငါ ဗိုက်ချပ်ဖို့အတွက် အစွမ်းကုန်ကြိုးစာမယ်ဆိုတဲ့ စိတ်ကလေး ထားနိုင်ဖို့တော့ လိုပါတယ်။ ဒီစိတ်လေးရှိနေရင် သင်ဟာ အလွယ်တကူပဲ နည်းလမ်းတွေအတိုင်း လုပ်ဆောင်သွားနိုင်မှာပါ။

မနက်စာ မစားပဲနေတဲ့ အလေ့အကျင့်ကို စတင်ဖျက်သိမ်းလိုက်ပါ။

နိုးနိုးချင်း ရေတစ်ခွက်လောက်သောက်ပြီး ဘာမှမစားပဲ အပြင်စထွက်တာမျိုးတွေ မလုပ်ပါနဲ့။ မနက်စာဟာ တကယ့်ကို အရေးကြီးတဲ့ အရာပါ။ မနက်စာကို ပြည့်ပြည့်ဝဝစားခြင်းဟာ ဗိုက်ချပ်အောင် စွမ်းဆောင်တဲ့အခါမှာ အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။

ပရိုတိန်းဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပါ။

ပရိုတိန်းဓာတ်က အစာချေဖျက်မှု နှေးကွေးတာကြောင့် သင့်တစ်နေ့တာကို အသားဓာတ် စားသုံးခြင်းနဲ့ စတင်လိုက်မယ်ဆိုရင် အချိန်ကြာကြာ ဗိုက်စာမှုမရှိဘဲ အာသာပြေမှု ရပါလိမ့်မယ်။ ဒိန်ချဉ်၊ ကြက်ဥ သို့မဟုတ် ပေါင်မုန့် စတာတွေက မနက်အစာပြေအတွက် အထူးကောင်းမွန်သင့်တော်ပါတယ်။

တစ်နေ့ကို ငှက်ပျောသီးတစ်လုံး အမြဲပုံမှန် စားပေးဖို့ လိုပါတယ်။

ငှက်ပျောသီးတစ်လုံး စားလိုက်ခြင်းက စွမ်းအင်များစွာရရှိစေပြီး ဆာရိုတိုနင် ထုတ်လုပ်အောင်လည်း လှုံ့ဆော် ပေးပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

သင့်ဗိုက်ကလေး ချပ်ရပ်နေဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ဗိုက်တစ်ခုတည်းအတွက်သာ မကပဲ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးပါတယ်။ ဒါ့အပြင် သင့်စိတ်ကူးထဲက ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အဆီဓာတ်နဲ့ ကာဗွန်ဟိုက်ဒရိုက် စားသုံးမှု ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

 

Healthcare.com.mm

Credit : 7day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18