Print

ဒီလို အေးချမ်းလာတဲ့ ရာသီမှာ ကိုယ့်ကိုကိုယ် ဘယ်လိုအချိန်ပေးပြီး ဂရုတစို...

  30-Oct-2016
Preview Image

ဒီရက်ပိုင်းတွေမှာ အပူချိန်တွေ တဖြည်းဖြည်းလျော့ကျလာပါပြီ။ မနက်ပိုင်းဆို သိသိသာသာကို ချမ်းအေးတဲ့အရသာကို စတင်ခံစားရပြီပေါ့။ ဒီတော့ သင့်အသားအရည်အတွက် စတင်ဂရုစိုက်ရတော့မယ် အချိန်ရောက်ပါပြီ။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာလည်း နွေးနွေးထွေးထွေး သက်သက်သာသာလေး နေပြီး ကိုယ့်ကိုကိုယ် အနားပေးပါ။ ဒီရာသီဟာ ကိုယ့်အတွက်ကို အချိန်ပေးပြီး သေချာအနားယူသင့်တဲ့ ရာသီပါ။ မိသားစုတွေ ဆုံတွေ့သင့်တဲ့အချိန်၊ သူငယ်ချင်းတွေကို အချိန်ပေး တွေ့ဆုံသင့်တဲ့အချိန်၊ ခရီးတွေ ထွက်သင့်တဲ့အချိန်ပါပဲ။ ကဲ ဒီတော့ ဒီရာသီမှာ ကိုယ့်ကိုကိုယ် ဘယ်လိုပြုစုရမလဲဆိုတဲ့ အချက်လေး (၅)ချက်ကို ပြောပြပေးလိုက်ပါတယ်။

၁။ ဘာမဟုတ်တဲ့ အရာလေးတွေကိုလည်း သင်ခံစားပျော်ရွှင်တတ်ပါစေ။

သင့်ရဲ့ အားလပ်ရက်တွေကို သေချာကြည့်ပြီး အိမ်မှာအေးဆေးနေ၊ အခွေတွေကြည့်၊ အိပ်ယာထဲမှာ စာအုပ်ဖတ်ဖို့ အချိန်လေးတွေ သေချာရှာထားလိုက်ပါ။ သင်လုပ်ဆောင်တဲ့ အရာလေးတွေ မှန်သမျှဟာ သင်ပျော်ရွှင်ပြီး စိတ်ကျေနပ်တဲ့အရာတွေ ဖြစ်ဖို့သာ စိတ်ထည့်ထားပါ။ ညဘက်တွေ စောစောအိပ်ချင်ရင် အိပ်လိုက်ပါ။ ဒီလို စောစောအိပ်ခြင်းဟာ သင့်အသားအရေအတွက ်ကောင်းကျိုးဖြစ်တယ်ဆိုတာ သင်သိထားမယ်ဆိုရင် ဒါဟာ စိတ်ကျေနပ်စရာပေါ့။

၂။ သူငယ်ချင်းတွေအတွက် အချိန်ပေးပါ။

တကယ်တော့ သင်စိတ်ဖိစီးမှုတွေ များနေတဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ အဲ့ဒီစိတ်ဖိစီးမှုတွေက သင့်အသားအရေကိုပါ ပျက်စီးစေတတ်တယ် မဟုတ်လား။ ဒီတော့ အလွယ်ကူဆုံး စိတ်ဖိစီးမှု ဖြေဖျောက်နည်းက သူငယ်ချင်းတွေနဲ့ တွေ့ဆုံခြင်းပါပဲ။ သူတို့နဲ့တွေ့တဲ့အခါ ရယ်မောမယ်၊ စကားတွေဖောင်ဖွဲ့ပြောဆိုမယ်၊ သင့်ခံစားချက်တွေ ဝေမျှဖြစ်မယ်။ ကဲ သင့်မှာ စိတ်ဖိစီးမှုဆိုတာ ကျန်မှာတောင် မဟုတ်တော့ဘူးနော်။

၃။ ချွေးထွက်အောင် ကြိုးစားပါ။

ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ဘဲ သင်အိပ်ယာထဲမှာ ဆက်ကွေးနေမယ်၊ ဒါမှမဟုတ် တခြားအရာတစ်ခုခုကို အစားထိုးလုပ်ဆောင်လိုက်ခြင်းဟာ သိပ်လွယ်ကူတဲ့ အရာပါ။ ဒါပေမယ့် သင့်အသားအရေဟာ ချွေးထွက်ဖို့တော့ လိုပါတယ်။ ဒါမှချွေးပေါက်တွေ ပွင့်သွားပြီး စိုပြေတဲ့ အသားအရည်ကို ရရှိမှာပေါ့။ တကယ့်တော့ ဒီလိုရာသီဟာ လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးပါပဲ။ မျက်နှာမှာလည်း ဝက်ခြံတွေ အထွက်နည်းသွားမယ်၊ နူးညံ့စိုးပြေတဲ့ အသားရေကို ပိုင်ဆိုင်မယ်ဆိုရင် သင်ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ချင်ပဲ နေပါဦးမလား။

၄။ သင်ကြိုက်တဲ့ ရေမွှေးဆွတ်ပါ။

ရေမွှေးကောင်းဟာ အရာအားလုံးကို ပြောင်းလဲနိုင်တယ်လို့ ပြောရင် သင်ယုံမှာ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ကြိုက်တဲ့ ရေမွှေးကောင်းရနံ့ တစ်ခုကို ဆွတ်ထားမယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရုံမက အခြားလူတွေကပါ ကိုယ့်ကို သတိပြုသွားမိစေပါတယ်။

၅။ အရောင်တွေ နည်းနည်းဖြည့်လိုက်ပါ။

ဒီရာသီဟာ အရောင်လွင်လွင်လေးတွေ ဖြည့်သင့်တဲ့ ရာသီမျိုးပါ။ ဘယ်မှာ ဖြည့်ရမှာလဲလို့ သင်က ပြန်မေးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ပေါ်မှာ ဖြည့်လိုက်ပါ။ နှုတ်ခမ်းနီကို အဖျော့ဆိုးမယ့်အစား ကာလာတစ်ခုခု ဆိုးပါ။ ဆံပင်အရောင်ကိုလည်း ကြိုက်တဲ့ ကာလာအရောင်တစ်ခုခု ပြောင်းသင့်ပါတယ်။ ဒါအပြင် လက်သည်း၊ ခြေသည်းဆိုးတာ ပုံဖော်တာ ဝါသနာပါရင်လည်း အဲ့ဒါလေးတွေ လုပ်ကြည့်ဖို့ အကြံပေးပါရစေ။

 

Healthcare.com.mm

Credit : Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18