Print

သွားကိုက်ခြင်းကို သက်သာစေသော နည်းလမ်းများ

  30-Oct-2016
Preview Image

ပလုတ်ကျင်းပါ

ရေကြက်သီးနွေးကို ပါးစောင်အပြည့်ငုံ၍ သွက်သွက် ပလုတ်ကျင်း ပေးသင့်သည်။ သွားကိုက်ခြင်းသည် သွားကြားညပ်ခြင်းကြောင့် ဖြစ်ရသော ကိစ္စဖြစ်လျှင် ထိုသို့ ပြုလုပ်ပေးသောကြောင့် အစာဖတ်ထွက် သွားနိုင်သည်။

ညင်သာစွာသွားကြားထိုးပါ။

ပလုတ်ကျင်း၍မှ အစာဖတ်ညပ်ပြီး သွားကိုက်သွားနာဖြစ်နေမှု မသက်သာလျှင် သွားကြားထိုးရန် ပြုလုပ်ထားသော အပ်ချည်မျှင်ဖြင့် ပြောင်းဖူးဖတ်ကိုဖြစ်စေ၊ အစာဖတ်ကိုဖြစ်စေ ရှင်းလင်းနိုင်သည်။

ဆားရည်ငုံပါ

ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေကြက်သီးနွေး တစ်ဖန်ခွက် ( ရှစ် အောင်စ) တွင်ရော၍ မွှေဖျော်ပြီး အစာစားပြီးတိုင်းနှင့် ညအိမ်ရာဝင်ခါနီးတို့၌ ပါးစပ်အပြည့် ငုံထားပြီးနောက် ခံတွင်းတစ်ဖက်တစ်ချက် လှုပ်ရှားစေပြီးမှ ထွေးပစ်ရမည်။

လက်ကိုနှိပ်ပါ

ရေခဲတုံးကလေးတစ်ခုတွင် ပိတ်စိမ်းပါးအုပ်လိုက်ပြီးနောက် လက်မနှင့် လက်ခလယ်ကြားနေရာကို ထိုရေခဲတုံးဖြင့် ပွတ်ပေးရပါမည်။ ထိုနေရာတွင် ပိတ်စပတ်ထားသော ရေခဲတုံးကို ၅ မိနစ်မှ ရ မိနစ်အထိကြာအောင် ကပ်ထားရမည်။

လေးညှင်းဆီသုံးပါ

သုံးပုံသုံးနည်းမှာ နာနေသောသွားပေါ်တွင် လေးညှင်းဆီ အစက်ငယ်တစ်စက်ချခြင်းနှင့် ဝါဂွမ်းဖတ်ငယ်ကလေးတစ်ခုကို လုံး၍ လေးညှင်းဆီ တိုပြီး ထိုသွားရင်း၌ ကပ်ထားပေးခြင်းဖြစ်သည်။

ရေခဲအုပ်ရန်

ကိုယ်အရေပြားပေါ်တွင် ပွန်းပဲ့သောဒဏ်ရာကို ရေခဲအုပ်သကဲ့သို့ နည်းအတိုင်း အုပ်ပေးဖို့ဖြစ်သည်။ အလုံပိတ်နိုင်သော ပလတ်စတစ်အိတ် ကလေးတစ်ခုတွင်ရေခဲတုံးငယ်ထည့်လျက် ပိတ်ကာ ပိတ်စိမ်းပါးနှင့်ပတ်ပြီး သွားပေါ်၌ တင်ရန်၊ (သို့) နာနေသော သွားဘက်ရှိ ပါးပေါ်တွင် ၁၅ မိနစ် တစ်ကြိမ်ခန့် ခြား၍ တစ်နေ့တွင် သုံးလေးကြိမ်အုပ်ပေးရန်ဖြစ်သည်။

အပူကိုရှောင်

ကိုက်နေသောသွားရှိရာဘက်မှ ပါးကို အပူဓာတ်ရအောင် အပူကပ်မိလျှင် အကိုက်သက်သာသော်လည်း ထိုသို့ကိုက်နေခြင်းသည် ရောဂါပိုးဝင်သောကြောင့်ဖြစ်ပါက အပူအနွေးနှင့် ထိစပ်ရလျှင် မေးရိုးဆီအထိ ရောဂါပိုးများ ပျံ့လာပြီး ပို၍ ဆိုးသွားစရာအကြောင်း ရှိသည်ကို သတိထားသင့်သည်။

Healthcare.com.mm

Ref:

မောင်ဆုရှင် မြန်မာပြန်သည်

အိမ်တွင်းသမားတော်ဒုတိယတွဲ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18