Print

အံ့ဖွယ်ကျောက်ချဉ်အစွမ်း

  30-Oct-2016
Preview Image

ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီီး သက္ကတဘာသာ အနေနဲ့ဖစ်ကာရီလို့ ခေါ်ပါတယ်။ ကျောက်ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ မြန်မာ့ တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ချဉ်သည် ဖန်သည်၊ ချိုသည်၊ ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကိုခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။

အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။ အစာကိုကြေ စေသည်။ သည်းခြေအားနည်းသည်ကိုလည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ တွင် ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊ မျက်စိနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေတဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာကျောက်ချဉ်သည် အေး၊ ချဉ်၊ ဖန် ရသရှိပြီးဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊မပုပ်မသိုးအောင် ကာကွယ်နိုင်ခြင်း ၊ အနာများကို အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် )(ကျင်ကြီိးပေါက်၊ဆီးပေါက်)ကို ကျုံ့စေ၊ ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက် ပါလိမ့်မယ်။ ဆံပင်၊ မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

Healthcare.com.mm

Ref;

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)

ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ စာအုပ်မှ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18