Print

ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ ဖက်ရှင်ဆိုတာ အဖော်အဟိုက်တွေထက် ဒီလို အချက...

  30-Oct-2016
Preview Image

ကိုယ့်ချစ်သူကောင်လေးနဲ့ ချိန်းတွေ့တဲ့အခါ ကိုယ့်ဖက်ရှင်က တစ်ဖက်လူရဲ့ စိတ်ထဲ ၀ိုး လို့ ဖြစ်သွားစေချင်တယ်ဟုတ်။ ကိုယ့်ကောင်လေးကို ဆွဲဆောင်မှုရှိစေဖို့အတွက် ခါးတို၊ ပေါင်ပြတ်၊ ဟိုဖော်ဒီဖော်တွေ လုပ်နေစရာမလိုပါဘူး။ ဒီလိုမျိုးမှ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ စတိုင်လ်လည်းကျမယ်၊ မြင်သူတိုင်းလည်း သဘောကျစေမယ့် ဖက်ရှင်မျိုး ဖြစ်ဖို့ ဆိုရင်တော့ ဒီအချက်လေးတွေ သိထားရင် ရပါပြီ။

၁။ခါးအတိုင်းဟာ အမျိုးသမီးဖက်ရှင်မှာ အရေးပါပါတယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ သင့်ခန္ဓာကိုယ်အချိုးအစား ဘယ်လောက်ရှိရှိ၊ ခါးဆိုဒ် ဘယ်လောက်ရှိရှိ သင့်ရဲ့ခါးဟာ အမျိုးသားတွေကို ဆွဲဆောင်နေဆဲပါပဲ။ ဒါကိုမြင်လိုက်လို့ ခါးဖော်ပြီး ၀တ်ရမယ်လို့ မဆိုလိုပါဘူး။ ခါးဆိုဒ်ကွက်တိ၊ ကိုယ်ကျပ်အကျႍလေးတွေလောက်ဆိုရပါတယ်။ ခုလို ပြောလိုက်လို့ ဆိုက်နည်းနည်းကြီးတဲ့ ဂျက်ကတ်တွေ၊ ဆွယ်တာပွပွတွေ မဝတ်ရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒီလိုဝတ်ပြီးလို့ အပေါ်က ခါးပတ်ထပ်ပိတ်လိုက်တာမျိုုးကလည်း သင့်ခါးအလှကို မြင်တွေ့စေတာပဲ မဟုတ်လား။

၂။ကိုယ်နဲ့ လိုက်ဖက်တာတွေကို သီးသန့်ရွေးချယ်ထားပါ။

မိန်းကလေးတွေအနေနဲ့ သိပ်ဖော်လွန်းနေရင်လည်း တစ်ဖက်လူက စိတ်ပျက်သွားမယ်ဆိုတာ သတိရပါ။ အာရုံစိုက်တာ ခံရရင်တောင် မှားယွင်းတဲ့ အာရုံစိုက်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ တကယ် လိုက်ဖက်တဲ့ ဘောင်းဘိမျိုး၊ အကျပ်ဆိုလည်း အကျပ်၊ အကျႍဆိုရင်လည်း ကိုယ့်အချိုးအစား၊ အရိုးအဆစ်စတာတွေနဲ့ သင့်တော်တဲ့ ဖက်ရှင်ကို သီးသန့်ရွေးထုတ်ထားပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဘယ်နေရာတွေ လှတယ်လို့ ခံစားမိပါသလဲ။ အဲ့ဒီနေရာတွေကို တစ်ခြားလူတွေ သိစေဖို့ ဖော်ပြီး ၀တ်ဆင်တာမျိုးမဟုတ်ပဲ လုံလုံခြုံခြံုနဲ့ စတိုင်လ်ကျအောင် ၀တ်ဆင်ပါ။

၃။တောက်ပပြီး ကျန်းမာတဲ့ ဆံပင်သားမျိုး ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။

သင့်ဆံပင်ကို ချပဲထားထား၊ စည်းပဲထားထား၊ ကျစ်ဆံမြီးပဲကျစ်ကျစ် အမျိုးသားတွေကို ဆွဲဆောင်နို်င်တာကတော့ ကျန်းမာပြီးလှပတဲ့ ဆံပင်တွေပါပဲ။ ဒါ့အပြင် ဆံပင်သားတွေ ပြောင်နေအောင် သုံးနေကျ ဆံပင်နဲ့ပတ်သက်တဲ့အလှကုန် တစ်ခုခုသုံးပေးပါ။

၄။ယုံကြည်မှုရှိပါစေ။

ယုံကြည်မှုရှိရှိနေထိုင်တဲ့ အမျိုးသမီးတွေထက် ဆွဲဆောင်အားပြင်းတဲ့အရာ ဘာမှမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ သူတို့မျက်နှာအနေအထား၊ လှမ်းလိုက်တဲ့ ခြေလှမ်းတွေမျာ သိသာနေပါပြီ။ ဒီ့အတွက် ဖက်ရှင်နဲ့သာ ပေါင်းစပ်လိုက်ရင် အမျိုးသားတွေအတွက် မျက်နှာမလွှဲနိုင်လောက်တော့ဘူးပေါ့။

၅။မိန်းမဆန်ပါစေ။

မိန်းမဆန်ပါစေဆိုလို့ အတင်းကြီး ဂါ၀န်တွေ၊ စကတ်အကားတွေ၊ ဒေါက်မြင့်ဖိနပ်တွေ စီးခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဖက်ရှင်မှာ မိန်းမဆန်တဲ့ အသုံးအဆာင်တစ်ခုခု ဆင်မြန်းထားရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဖက်ရှင်မျိုးက ယောကျင်္ားလေးတွေကို ဆွဲဆောင်စေနိုင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ပြံုးဖို့ပါ။ အပြံုးချိုချို ဆင်မြန်းထားတဲ့ အမျိုးသမီးတွေဟာ စူပုပ်နေတဲ့၊ ရုပ်တည်နဲ့အမြဲနေတတ်တဲ့ အမျိုးသမီးတွေထက်တော့ သာတာ အမှန်ပါပဲ။

Healthcare.com.mm

Credit : Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18