Print

မော်ဒယ်တွေလုပ်လေ့ရှိတဲ့ အလှအပဆိုင်ရာ အချက်လေးချက်

  30-Oct-2016
Preview Image

မော်ဒယ်အများစုဟာ အမြဲ တမ်းအသားအရေတောက်ပရွှန်း စိုလှပနေပြီး ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုရှိနေဖို့ ပြင်ဆင်ထားလေ့ရှိ တာကြောင့် အလှအပအတွက် သူတို့လုပ်တတ်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေဓာတ်ပြည့်ဝနေစေခြင်း

ခန္ဓာကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာအလုပ်လုပ်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်သလို အသားအရေရွှန်းစိုပြီး အရွယ်တင်ဖို့အတွက်လည်း ရေဓာတ်က အ ရေးပါပါတယ်။ ဒါကြောင့်မို့ အ ဖျော်ယမကာတွေသောက်တာ ထက် ရေများများသောက်ပြီး သခွားသီးတို့၊ သံပရာရည်တို့ ထည့်သောက်တာမျိုးလည်း လုပ် လေ့ရှိကြပါတယ်။

အမျှင်ဓာတ်များများစားခြင်း

ကိုယ်အလေးချိန်ထိန်းသိမ်း ပြီး အစာချေဖျက်မှုကောင်းမွန်စေ ဖို့အတွက် အမျှင်ဓာတ်ပါတဲ့ အ စားအစာတွေ စားလေ့ရှိပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက် တွေဟာ အမျှင်ဓာတ်ကြွယ်ဝတာ ကြောင့် မော်ဒယ်တွေအစားများ ပါသတဲ့။

နှစ်ခြိုက်စွာ အိပ်စက်ခြင်း

အချိန်ဇယားအတိုင်း တစ် နေကုန်လှုပ်ရှားရင်း အလုပ်လုပ် သူတွေဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားပြည့်ဝပြီး ကြည့်ကောင်းနေ ဖို့ ကောင်းကောင်းအိပ်စက်အနားယူလေ့ရှိကြပါတယ်။ အိပ်ချိန်ကို နေ့စဉ် ခြောက်နာရီကနေ ရှစ်နာရီ လောက်အထိ ယူလေ့ရှိတယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း

လေ့ကျင့်ခန်းကို ခန္ဓာကိုယ် အလှအပအတွက်သာမက အ သားအရေကောင်းဖို့အတွက် လည်း လုပ်ကြတယ်လို့ သိရပါ တယ်။ အရေပြားပေါ်က အညစ် အကြေးနဲ့ အဆိပ်တွေဟာ ချွေးနဲ့ အတူပါသွားတဲ့အတွက် ချောမွတ်ကြည်စင်တဲ့အသားအရေကို ပိုင် ဆိုင်စေလို့ပဲ ဖြစ်ပါတယ်။

Healthcare.com.mm

Credit : Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18