Print

အရေးကြီးသော ဗီတီတာမင်နှင့့််သတ္ထုဓာတ်များ

  30-Oct-2016
Preview Image

အမျိုးသမီးများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များသည် အရေးကြီးသော ဗီတာမင်နှင့် သတ္ထုဓါတ် ၅ မျိုးလိုအပ်ပါသည်။ ၄င်းတို့မှာ -သံဓါတ် ( Iron) ဖိုးလစ်အက်စစ် (Folic Acid) ကယ်လ်စီယမ် (Calcium) အိုင်အိုဒင်း (Iodine)နှင့် ဗီတာမင်အေ (Vitamin A) တို့ဖြစ်ပါသည်။ အာဟာရ ပြည့်ဝခြင်းဆိုသည်မှာ အစားအစာလုံလောက်စွာ စားသုံးခြင်းနှင့် ကိုယ်ခန္ဓာကိုယ်ကြီးထွားကျန်းမာပြီးရောဂါများကို တိုက်ဖျက်နိုင်သော အစာများကိုရွေးချယ်ခြင်း တို့ဖြစ်ပါသည်၊

(၁) သံဓံဓါတ်

သံဓါတ်သည်သွေးအားကောင်းမွန်စေပြီးသွေးအားနည်းခြင်း (Anaemia) ကိုကာကွယ်ပေးသည်။ အမျိုးသမီးတစ်ဦး၏ ဘဝတစ်လျှောက်လုံးတွင် သံဓါတ်အမြောက်အများလိုအပ်သည်။ အထူးသဖြင့် ရာသီသွေးပေါ်စဉ်နှင့် ကိုယ်ဝန်ဆောင်စဉ်နှစ်များတွင် အထူးလိုအပ်ပါသည်။

 

သံဓါတ်ကြွယ်ဝသော အစားအစာများ

- အသား (အထူးသဖြင့် အသည်း၊ နှလုံးနှင့် ကျောက်ကပ်)

- သွေး

- ကြက်သား

- ဥအမျိုးမျိုး

- ငါးအမျိုးမျိုး

- ပဲအမျိုးမျိုး

- နှံကောင်၊ ပုရစ်

- ပဲ့စေ့များ

 

သံဓါတ်တော်သင့်ရုံပါရှိသောအစားအစာများ

- အရောင်ရင့်သောဂေါ်ဖီထုပ်

- အာလူး

- ပန်းဂေါ်ဖီ

- မုန်လာဥ

- နေကြာစေ့၊ နှမ်းစေ့၊ ရွှေဖရုံသီးစေ့

- စတော်ဘယ်ရီ

- အစိမ်းရင့်ရောင်ဟင်းရွက်များ

- နာနတ်သီး

- ကန်စွန်းဥ

- ပင်လယ်ရေမှော်

- ပန်းဂေါ်ဖီအစိမ်

အစားအစာများကို ကြာရှည်စွာ မချက်ပြုတ်ပါနှင့်။ အကြောင်းမှာ ဖိုးလစ်အက်စစ်နှင့် အခြားဗီတာမင် များကို ပျက်စီးစေသည်၊ ရှောက်အမျိုးအနွယ်အသီးများနှင့်ခရမ်းချဉ်သီးများကို သံဓါတ်ပါရှိသော အစားအစာများနှင့် တွဲစားသုံးသင့်သည်၊ ထိုအသီးများသည် ဗီတာမင်စီများပါဝင်ပြီး အစားအစာထဲရှိသံဓါတ်ကို ပိုမိုအသုံးချစေသည်။

 

သံဓါတ်ပိိုုမိိုုရရှိှိရန်ချက််ပြုတြ်ခင်း

• သံအိုးသုံး၍ ချက်ပြုတ်ပါ။

• ခရမ်းချဉ်သီး၊ သံပရာရည် (သို့) ရှောက်၊ သံပယိုရည် (ဗီတာမင်စီ ကြွယ်ဝသော) တို့ကိုဟင်းချက်နေစဉ် ထည့်သုံးပါက အိုးထဲရှိသံဓါတ်များသည်အစားအစာထဲသို့ရောက်ရှိသွားနိုင်သည်။

 

Ref:

WEAVE

စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့

22.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18