Print

ပျိုမေများကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ အစားအစာ (၁၀) မျိုး

  29-Oct-2016
Preview Image

ဖတ်ဖြစ်ခဲ့တဲ့ ဆောင်းပါးလေးတွေထဲကနေပြီး မိန်းကလေးတွေအတွက် သင့်တော်မယ်ထင်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။ အမျိူးသမီးလေးတွေဟာ နောင်တစ်ချိန်ဆို အိမ်ထောင်သားမွေးမှုနဲ့ အသက်အရွယ်အရ ကျန်းမားရေးချို့ယွင်းမှု ပြသနာတွေကို ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ကျန်းမာရေးနှင့် ညီညွှတ်စေမဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ အစားအစာ(၁၀)မျိူးကို ဝေမျှ ပေးလိုက်ပါတယ်။


(၁) ချောကလက်

စိတ်ဖိစီးမှုများတာနဲ့ တခြားရောဂါတွေကို တားဆီးပေးပါတယ်။ ဥရောပသုတေသီတွေက ချောကလက် အညိုကို တစ်နေ့တစ်အောင်စခွဲနဲ့ နှစ်ပတ် စားပေးတာက စိတ်ဖိစီးမှုဟော်မုန်းဖြစ်စေတဲ့ ကော်တီစောထွက်တာကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကော်တီစောက သွေးပေါင်တိုးစေပြီး စိတ်ဓါတ်ကျတာ၊ အဝလွန်တာ၊ နှလုံးရောဂါတွေကို ဖြစ်စေပါတယ်။


(၂) မှို

ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရရှိနိုင်ပါတယ်။ တစ်နေ့ကို မှိုတစ်အောင်စရဲ့ သုံးပုံတစ်ပုံ စားပေးပါ။ မှိုက ရင်သားကင်ဆာရောဂါ ဖြစ်ပွားတာကို 64% လျော့နည်းစေတယ်လို ့ ဆိုပါတယ်။


(၃) ဆာဒင်းငါး

နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အိုမီဂါဓါတ်ကြွယ်ဝတာကြောင့် ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးခဲတာ၊ လေဖြတ်တာကို ကာကွယ်ပေးပြီး သွေးကြောတွေကို ပျော့ပျောင်းစေပါတယ်။ ဆာဒင်းငါးသုံးအောင်စ စားပါက 1.3g ရှိတဲ့ အိုမီဂါကိုရရှ်ိစေပါတယ်။


(၄) ထောပတ်သီး

ဝမ်းဗိုက်က အဆီတွေကိုလျှော့ချ ပေးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မပြည့်ဝဆီတွေက ကိုယ်အလေးချိန် ကျအောင် စွမ်းဆောင်ပေးပါတယ်။ တစ်နေ့ စားသုံးတဲ့ အစားအစာတွေရဲ့ 23%ကို မပြည့်ဝဆီတွေ ပါဝင်တဲ့ အစားအသောက်စားပေးပါက ဝမ်းဗိုက်က အဆီတွေ လျော့ချနိုင်ပြီး ကိုယ်အလေးချိန် 5ပေါင်ထိ လျော့နည်းစေတယ်လို့ ဆိုပါတယ်။


(၅) ငရုပ်ပွသီး

မျက်ကြည်လွှာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။ အသက်အရွယ်ရလာတဲ့အခါ မျက်ကြည်လွှာပျက်စီးတာ၊ မျက်စိတွင်းတိမ်ဖြစ်တာ အမြင်အာရုံထိခိုက်တာကို ကာကွယ်ပေးပါတယ်။ လူတင်း၊ ဇီဇန်သင်း၊ ဗီတာမင်စီ ကြွယ်ဝတဲ့ ငရုတ်ပွသီးက အမြင်အာရုံစူးရှစေဖို့ ထိန်းသိမ်းပေးပါတယ်။


(၆) အစိမ်းရာင်ပန်းဂေါ်ဖီ

မျက်နှာပေါ်မှာရှိတဲ့ အရေးအကြောင်းတွေကို ဖယ်ရှားပေးပါတယ်တဲ့။ ဒါလေးကတော့ အလှအပတွေကို ဂရုစိုက်တတ်တဲ့ အမျိူးသမီးလေးတွေ နှစ်သက်မယ်လို့ ထင်းပါတယ်နော်။ သူကတော့ ဗီတာမင်စီနဲ့ ဗီတာမင်အေကိုရရှိစေပါတယ်။ ဗီတာမင်စီက အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်တဲ့ အာနိသင်ရှိပြီး ဗီတာမင်ကတော့ ဆဲလ်အသေတွေ နေရာမှာ ဆဲလ်အသစ်တွေဖြစ်ဖို့ အားပေးတယ်။ အရသာလေးကလဲ ကောင်း၊ ဆေးဖက်လဲ ဝင်တယ်။


(၇) အာလူး

သွေးတိုးကျစေပါတယ်တဲ။့ အာလူးအရွယ်တော် တစ်လုံးကနေပြီး ကယ်လိုရီအပြည့်အဝ ရရှိနိုုင်ပြီး ငှက်ပျောသီးတစ်လုံးကနေရရှိတဲ့ ပိုတက်ဆီယမ် ပမာဏကိုရရှိနိုင်ပါတယ်။


(၈) ပန်းသီး

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နလန်ထစလူတွေဆိုရင် ပျားရည်လေးနဲ့ စိမ်ပြီး ကျွေးလိုက်ရင် လူကောင်းတစ်ယောက်လို လန်းဆန်းလာပါလိမ့်မယ်။


(၉) ဟင်းနုနွယ်ရွက်

အရိုးတွေ သန်မာစေပြီး မွေးရာပါ ချို့ယွင်းချက်မရှိတဲ့ ကလေးကိုမွေးဖွားစေပါတယ်။


(၁၀)နွားနို့

အရိုးပါးရောဂါကိုကာကွယ်ပါတယ်။ ကယ်စီယမ် အပြည့်အဝရတာကြောင့် အရိုးပါးရောဂါကို ကာကွယ်ပေးပါတယ်။


Credit: : ရင်နှင်းငယ် မြဝတီ Monday, April 27, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18