Print

ဗိုက်ထဲမှာ ဘာအစာမှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ

  30-Oct-2016
Preview Image

အသင့်အတင့်ကော်ဖီသောက်ခြင်း က ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူး သဖြင့် ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အူမကြီး ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သို့သော် အသီးအနှံမျိုးနွယ်ဝင် ကော်ဖီစေ့ထဲ မှာ chlorine genic အက်စစ်(ခေါ်)ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကို တွေ့ရပါ တယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်း သပ်သူများ၏လေ့လာချက်များအရ ¤င်းဓာတ် တိုးဆန့်ကျင်ပစ္စည်းဟာဟာလာဟင်းလင်းဖြစ် နေတဲ့အစာအိမ် တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာဘာအစာမှမရှိဘဲကော်ဖီသောက် မိတဲ့အခါ ဆိုးရွားတဲ့ဓာတ်ဖောက်ပြန်မှုကို ခံ စားရစေနိုင်တယ်လို့ဆိုပါတယ်။

အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာ ဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ဘလက်ခ် ကော်ဖီ(နို့လုံးဝမပါတဲ့ကော်ဖီကြမ်း)တစ်ခွက် လောင်းထည့်လိုက်တဲ့အခါ အစာချေအင်္ဂါအ စိတ်အပိုင်းများထဲမှ Hydrochloric အက် ဆစ်ထွက်ရှိလာပြီး အစာအိမရောင်ရမ်းနာရော ဂါကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ မည်မျှ ပင်ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ဤ ကဲ့သို့သောက်သုံးလိုက်ခြင်းကြောင့် Hydrochloric အက်စစ်များဟာ အစာအိမ်ထဲမှာပျံ့နှံ့ သွားပြီးနောက် ထမင်း(သို့)အဖတ်တွေစားပြီး တဲ့အခါမှာ ထိုအစားအစာတွေကို အစာအိမ် က ကောင်းစွာချေဖျက်နိုင်ဖို့ ခက်ခဲသွားပါပြီ။ ဒါ့အပြင် ထိုအစားအစာများထဲမှာပါရှိတဲ့ ပရိုတင်း အာဟာရတန်ဖိုးများမှာလည်း အာနိသင် ပျက်ပြယ်လုနီးပါးဖြစ်သွားပါတော့တယ်။ ၄င်း၏နောက်ဆက်တွဲအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်စစ်အထွက်များခြင်း၊ ပျို့ချင် အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်းတို့အပြင် အဆုံးစွန်သောဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါဖြစ်စေ နိုင်ပါတယ်။

တစ်ဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့်ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက် မှုများကို လူငါးဦးဖြင့် အချိန်တစ်လခွဲကြာလေ့ လာခဲ့ကြရာ-

(က) ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်းဇီဝဖြစ်စဉ်များကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။

(ခ) ညနေပိုင်းကော်ဖီသောက်သုံးခြင်းက အိပ် ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိနောက်ကျသွား စေကြောင်း။

(ဂ) ညအိပ်ရာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟော်မုန်းများထုတ်လုပ်မှုကို မိနစ် ၄ဝ ခန့်နောက် ကျစေကြောင်း။

(ဃ) ညနေပိုင်းကော်ဖီသောက်ခြင်းက အိပ် မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများလှုပ် ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွား စေကြောင်းစသည်ဖြင့်အဖြေထွက်ရှိတာကြောင့် ၄င်းအချိန်များမှာလည်း ကော်ဖီသောက်ရန် မသင့်ပါဘူးတဲ့။

(င) အရေးကြီးဆုံးအချက်က နံနက်အိပ်ရာ ထထချင်း ကော်ဖီကို အလျင်စလိုမသောက် ပါနှင့်။ အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ရာ ထထချင်း ကော်ဖီသောက်မိတဲ့အခါ၊ ခန္ဓာကိုယ်ထဲမှာ Cortisol Yrmp တွေ ရုတ်တရက် တိုးပွားလာကြပြီး ယင်ဟော်မုန်းတွေက ခန္ဓာ ကိုယ်တွင်းဇီဝဖြစ်စဉ်နာရီများကို ကြီးမားတဲ့ အဟန့်အတားတွေဖြစ်စေလို့ပါပဲ။

(စ) သို့သော် ကော်ဖီသောက်သုံးခြင်းက စံ တော်ချိန်မတူညီသောနိုင်ငံများသို့ခရီးထွက် ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ် ထွန်းစေပါတယ်တဲ့။ ဒါကြောင့်လည်းကျန်းမာရေးသုတေသီ များက ကော်ဖီသောက်ရန် အသင့်တော်ဆုံး အချိန်ကို (က) နံနက်အိပ်ရာထပြီးနောက် တစ် နာရီခန့်အကြာမှသောက်ပါ (သို့) ကော်ဖီမ သောက်ခင် အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့် ကြမ်း တစ်ချပ်လောက်ဖြစ်စေ စားပြီးမှသာ သောက်ပါလို့ အကြံပြုထားကြပါတယ်။ (ခ) နေ့လယ်စာစားပြီးနောက် တစ်နာရီကျော် အကြာမှာလည်းကော်ဖီသောက်ရန် သင့်တော် ကောင်းမွန်တဲ့အချိန်များပါပဲ။

သို့သော် တန်ဆေးလွန်ဘေးဖြစ်တတ် တာကြောင့် ကျန်းမာရေးကောင်းမွန်သူတစ်ယောက်အတွက် ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။ ကော်ဖီကို တစ် နေ့သုံးခွက်ထက်ပိုသောက်သူတွေမှာ ကျောက် ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျရောဂါများ နဲ့ အရိုးပါးရောဂါတွေဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့လေးခွက်နဲ့အထက်သောက် သုံးသူများမှာ အချိန်မတိုင်မီ အသက်တိုစေ နိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီကို ပါရာစီတ မောလ်အကိုက်အခဲပျောက်ဆေးတွေနဲ ့(လုံးဝ) တွဲမသောက်သင့်ပါကြောင်း၊ ကလေးငယ်များ/ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း ၍ကိုယ်ခံအားနည်းသူများအဖို့ ကော်ဖီကိုလျှော့ သောက်သင့်ပါတယ်။ သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာဘာအစာမှမရှိ ခင် ကော်ဖီမသောက်ကြပါရန်နှင့် အကယ်၍ မိမိရဲ့ နံနက်ချိန်ခါနိုးထချိန်မှာကော်ဖီခွက်ကိုင် ၍ထလေ့ရှိသူများ(ဝါ) မသောက်ရ မနေနိုင် သူများအတွက်ကော်ဖီမှုန့်နည်းနည်းမျှသာ ထည့်၍ နွားနို့အနည်းငယ်(သို့)ထောပတ်အ နည်းငယ်ထပ်ဖြည့်ကာ အာသာပြေလောက် သောက်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။

 

Ref:

(ကိုးကားး The Science Of Eating)

22.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18