Print

ကျန်းမာရေးအတွက် ကြက်မောက်သီး ရဲ့ အကျိုးပြုပုံများ

  30-Oct-2016
Preview Image

ယခုရာသီမှာ ပေါပေါများများတွေ့ရတဲ့ အသီးတွေထဲမှာ ကြက်မောက်သီးလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုယ်စားသုံးတဲ့အရာဟာ ကိုယ်အတွက် ဘယ်လို အာနိသင်ကောင်းတွေ ပေးတယ်ဆိုတာကို လူတိုင်း သိထားသင့်ပါတယ်။ ဒါမှသာ အစားအစာကိုကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။ သွေးတိုးရောဂါ ဝေဒနာသည်များအနေနဲ့ တစ်နေ ကို် ကြက်မောက်သီး ၈လုံးကနေ ၁ဝလုံးခန် ့စားပေးသင့်ပါတယ်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် လည်း သွေးထဲရှသကြားပမာဏကိုကျဆင်းစေပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကိုကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

ကျောက်ကပ်ကိုလည်းသန် ့စင်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန် ့စေပါတယ်။ ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင် ၊ ဝမ်းလျှော/ဝမ်းပျက်ခြင်းဝေဒနာတို ့ ကိုလည်း သက်သာစေပါတယ်။ ကြက်မောက်သီးအစေ့ကို သူ ့ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီးအခြားအစားအစာတို ့နဲ ့ တွဲဘက်စားပေးခြင်ဖြင့်ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ထို ့ပြင်အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ ့စေပါတယ်။ (လူအချို ့ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)။ ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရေခြောက်သွေ ့ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါတယ်။

ထို ့ပြင် ကြက်မောက်သီးအရွက်ကိုသန် ့စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ်သန် ့သန် ့ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်ရည်ကို ဦးရေးပြားအနှံ ့ မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများသန်စွမ်းနကမှောင်လာစေပါမည်။ ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ ့၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါ ကို ပျောက်ကင်းစေနိုင်ပါတယ်။ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော််၍ ကျိတ်ချေပါ။ ပြီးရင် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ ့၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါတယ်။ ကြက်မောက်သီး အခွံခြောက် ၁၅-ဂရမ် ခန် ့ကို ရေ ၃-ခွက်စာ

ပမာဏဖြင့်ရော၍ ၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ ့ ၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်သည့်အပြင် ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်းဝေဒနာအမျိုးမျိုးတို ့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါတယ်။

 

Ref:

Sandar

Thithtoolwin.com

Tuesday, September 29, 2015

Source:

Organic Pilinuts



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18