Print

သင့်ရဲ့ ကျန်းမာရေးအတွက် ဒိန်ချဉ်သောက်ပါ

  30-Oct-2016
Preview Image

Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘကတီးရီးယားတွေ ပါဝင်တဲ့ ဒိန်ချဉ် Cheese ကိုစားပြီး မီဆို ဟင်းချိုသောက်ခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးတွေ ရရှိ နိုင်ပါတယ်။

 

ကိုလက်စထရော အဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေ စားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ ဒိန်ချဉ်သောက် ကိုလက် စထရော အဆင့် အနည်းငယ် မြင့်မားနေတဲအမျိုးသားနဲ့ အမျိုးသမီး တွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေးကောင်းစေတယ်လို့ သိရပါတယ်။

 

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန် အစောပိုင်း ကာလ (ပထမသုံး လပတ်) အတွင်း Probiotics တွေ စသောက် ထားပါက ကလေး မွေးပြီး တစ်နှစ် အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေ စုနိုင်ခြေ နည်းတယ်လို့ Finlandမှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့် ဆေးတွေဟာ အစာမှ ရရှိတဲ့ ကယ်လိုရီကို စုပ်ယူမှု နည်းတာကြောင့် အဆီ အနေနဲ့ စုမဝေး နိုင်ဘူးလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ ဒီအကျိုး ကျေးဇူးကို ရရှိဖို့ ကိုယ်ဝန် ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူ တွေလည်း ရရှိ နိုင်ပါတယ်။

 

အစာခြေစနစ် ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေး တွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက် ထားတဲ့နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှပိုပြီးအစာခြေနိုင်ကာလေပွတာနဲ့ ဗိုက်ပွတာ သက်သာ နိုင်ကြောင်း လေ့လာ မှုတွေအရ သိရ ပါတယ်။

 

ဓာတ်မတည့်မှု လျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှု ရှိသူ တွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့် နည်းသွားကာ၊ ဓာတ်မ တည့်မှု တုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့တွေ မြင့်တက် လာတာကို British မှ သုတေသန ပြုသူတွေမှတွေ့ရှိခဲ့ပါတယ်။အနည်းဆုံးတော့ ၁ ပတ်ကို ၁ ခါ ဒိန်ချဉ် သောက်ပေးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

 

Ref:

မြဝတီ

Thursday, September 25, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18