Print

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁...

  12-Sep-2020
Preview Image

၁။ (၁၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၄)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ  (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၈၆) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၉၆) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၁၅၈) ခု

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၆၃) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၀) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၂) ခုနှင့်

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၀) ခု၊

- စုစုပေါင်း (၂,၄၂၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၀) ဦး တွေ့ရှိရပါသည်။  

၂။ (၁၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၅၉၅) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၆၇၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။     

၄။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် အမျိုးသား (Case-2351) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း  ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် (၁၂-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သေဆုံးသွားခဲ့ပါသည်။                        

၅။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၆)ဦး ရှိပြီဖြစ်ပါသည်။ 

၆။ (၁၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၃၁) ဦးရှိပါသည်။


Credit : https://www.mohs.gov.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18