Print

ဆီးချို ရောဂါ တိုက်ဖျက်ကာကွယ်ဆေးတွေ့ရှိဟု ကန်ဆီးချိုအဖွဲ့အစည်း တရားဝင်...

  22-Apr-2017
Preview Image

ဆီးချို ရောဂါ တိုက်ဖျက်ကာကွယ်ဆေးတွေ့ရှိဟု ကန်ဆီးချိုအဖွဲ့အစည်း တရားဝင်ထုတ်ပြန်


December 23, 2016


ဆီးချို ရောဂါ ကာကွယ်တိုက်ဖျက်ရေးဆေးကို တွေ့ရှိခဲ့ပြီလို့ အမေရိကန်နိုင်ငံ ဆီးချိုအဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ၇၅ ကြိမ်မြောက် သိပ္ပံသုတေသန စမ်းသပ်တွေ့ရှိမှုဆိုင်ရာ အစည်းအဝေးမှာ ပြောလိုက်တာပါ။

ဒါဟာ ရောဂါကာကွယ်ဆေးအသစ်အနေနဲ့ တွေ့ရှိရတာမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက တီဘီရောဂါကာကွယ်ရေးမှာ ဆေးအဖြစ် အသုံးပြုခဲ့တဲ့ ဘီစီဂျီ (BCG) ဆေးအရည်ကို Type 1 အမျိုးအစား ဆီးချိုရောဂါသည်တွေအတွက် ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါအသွင်ဆောင်လာတဲ့ ဆီးချိုရောဂါဟာ အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာတင် Type 1 အမျိုးအစား ၁ ဒသမ ၂၅ သန်း ရှိနေတာပါ။

Type 1 ဆီးချိုအမျိုးအစားဖြစ်နေတဲ့သူရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ဟာ အတွင်းပိုင်းမှ အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေကို သတ်ပစ်လိုက်ကြပြီး ခန္ဓာကို်ယ်တွင်း သရက်ရွက်အစွန်းပိုင်းမှ ပြဿနာဖြစ်စေတဲ့ တီဆဲလ်တွေကို မှားယွင်းထုတ်မိတဲ့သဘော ဖြစ်ပါတယ်။

အခုတွေ့ရှိမှုအသစ်အရ ဒီကာကွယ်ဆေးကတော့ အဲဒီဆဲလ်တွေကို ဖယ်ရှင်းပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိနေတာကို တွေ့ရှိခဲ့ရတာပါ။

ခုနောက်ဆုံးစမ်းသပ်မှုမှာတော့ ရောဂါအဆင့် ရင့်နေပြီဖြစ်တဲ့ Type 1 ဆီးချိုအမျိုးအစား လူနာ ၁၅၀ ဦးကို ဒီဆေးထိုးကြည့်တဲ့အခါ အောင်မြင်ခဲ့တာမို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ညွှန်ကြားရေးဌာန (အက်ဖ်ဒီအေ) က အတည်ပြုချက်ပေးခဲ့တာပါ။

ဘော်စတွန်မြို့၊ မက်ဆာချူးဆက် အထွေထွေဆေးရုံကြီးမှ ကိုယ်တွင်းဇီဝဗေဒ သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာဒင်နိုက်စ်က “အကြိုစမ်းသပ်မှုတွေမှာတော့ ဘီစီဂျီဆေးရဲ့ အားကောင်းကောင်းနဲ့ တုံ့ပြန်နိုင်မှုကို တွေ့ခဲ့ရပါပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ပန်းတိုင်က အပြီးသတ် ကုသနိုင်မှု ရလာစေဖို့ပါပဲ။ ကျနော်တို့ Type 1 အမျိုးအစား ဆီးချိုနှစ်ရှည်လူနာတွေနဲ့ စမ်းသပ်ရဦးမယ်။ ဒါဟာ ကာကွယ်နိုင်ရုံတင်မကဘူး။ ရောဂါရင့်တဲ့ အခြေအနေတွေကိုတောင် ကုစားနိုင်မယ့် စမ်းသပ်မှုပါပဲ” လို့ ပြောပါတယ်။


Credit:Kumudra



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18