Print

အတူနေဖို့ ဘာကြောင့်စိတ်မပါတော့တာလဲ

  19-Nov-2019
Preview Image


အိမ်ထောင်ရှင် အမျိုးသားတော်တော်များများရဲ့ စိတ်ထဲက အလိုရှင်အတောင့်တဆုံးအရာထဲမှာ သူတို့ဇနီးမောင်နှံရဲ့ နှစ်ဦးသား ချစ်ရည်လူးတဲ့ ညတွေမှာ အနှောင့်အယှက်ကင်းကင်းနဲ့ အပြည့်စုံဆုံး ဖြစ်စေမယ့် ညတွေပါပဲ။ အိမ်ထောင်ရှင်တွေရဲ့ အဓိကပြဿနာကလည်း လိင်စိတ်တွေ လျော့ပါးပြီး နှစ်ဦးသား တဖြည်းဖြည်း ဝေးကွာသွားရခြင်းပဲ ဖြစ်ပါတယ်။


ဘာကြောင့် လိင်စိတ်တွေ လျော့ပါးနေရပါသလဲ။

          အကြောင်းရင်းခံတွေ အများကြီးရှိပါတယ်။ အဓိကအဖြစ်အများဆုံး ပြဿနာတွေက

-       စိတ်ဖိစီးမှုများနေခြင်း

-       အိမ်သူနဲ့ စကားများ ရန်ဖြစ်ထားခြင်း

-       အရက်သောက်ထားခြင်း

-       အိပ်ရေးပျက်ခြင်း

-       ကလေးရလာခြင်း

-       ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရခြင်း

-       ခံစားမှုအထွတ်အထိပ်ရောက်စေဖို့ ခန္ဓာကိုယ် အခြေအနေမပေးခြင်း (ဒါကတော့ အမျိုးသမီးတွေရဲ့ ပုံစံပျက်ယွင်းသွားတဲ့ ခန္ဓာကိုယ်ကို စိတ်ပျက်တတ်တဲ့ အမျိုးသားတွေ ခံစားရတာမျိုးပါ။)

-       အဝလွန်ခြင်း

-       ပန်းသေပန်းညှိုးခံစားလာရခြင်း

-       ကျားဟော်မုန်း လျော့နည်းလာခြင်း

-       စိတ်ကျဝေဒနာခံစားနေရခြင်း

-       အမျိုးသမီးတွေ မီးယပ်သွေးဆုံးဝေဒနာ ခံစားနေရခြင်း

-       အနေဝေးနေခြင်း စတဲ့ အချက်တွေကြောင့် အဖြစ်များပါတယ်။

 

စိတ်ဖိစီးမှုများနေခြင်း

          ကိုယ်ရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တွန်းလှန်နိုင်ခြင်း မရှိတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာမှုတွေအပြင် လိင်စိတ်လျော့နည်းလာခြင်းတွေပါ ဖြစ်လာနိုင်ပါသည်။

 

အိမ်သူနဲ့ စကားများ ရန်ဖြစ်ထားခြင်း

          လင်နဲ့မယား လျှာနဲ့သွားပဲ ဖြစ်တာတော့ ဖြစ်မှာပဲလေ။ တခါတလေဆို တစ်ရက်တည်းနဲ့တောင် စိတ်ဆိုးစိတ်ကောက်က ပြေချင်ကြတာမဟုတ်ဘူး။ အမြဲတမ်းတော့ ရန်ဖြစ်နေကြတာ မဟုတ်ပေမဲ့ စိတ်ဆိုးနေချိန်တော့ သူနဲ့အတူ ချစ်ရည်လူးကြဖို့ဆိုတော့ လင်မယားနှစ်ယောက်စလုံးတော့ စိတ်ပါဝင်စားရမှာ မဟုတ်ပါဘူး။

 

အရက်သောက်ထားခြင်း

          တချို့က အရက်သောက်ရင် လိင်စိတ်ပိုပြီး မြင့်တက်တယ်ဆိုတဲ့ အထင်မှားနဲ့ ချစ်သူနဲ့အတူမနေခင် အရက်သောက်တာ၊ ဆေးချတာမျိုးတွေ လုပ်တတ်တယ်လေ။ တကယ်တမ်းကျတော့ လိင်စိတ်အထွတ်အထိပ်ရောက်ဖို့ နေနေသာသာ အရက်နံ့မခံနိုင်တဲ့ ချစ်သူကြောင့် ဘာမှတောင် ဘာလိုက်ရမှာ မဟုတ်ဘူးနော်။

 

အိပ်ရေးပျက်ခြင်း

          အိပ်ရေးပျက်ခြင်းကလည်း ရုပ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်နိုင်တဲ့အပြင် အချစ်ဆုံးနဲ့ အချိန်ကုန် ရမယ့်အချိန်တွေမှာ ကိုယ်က အိပ်ငိုက်တာ၊ အိပ်ရေးပျက်လို့ ခေါင်းကိုက်နေတာမျိုးဆိုရင်တော့ မစွံပြန်ဘူးလေ။ ဒါကြောင့် အမျိုးသားတို့ရေ အိပ်ရေးလည်း သိပ်အပျက်မခံကြပါနဲ့။

 

ရင်သွေးလေးရလာခြင်း

          ကလေးရလာတဲ့ မိဘတွေကတော့ သိမှာပါပဲ။ ကလေးအတွက် အချိန်ပြည့်၊ တစ်နေကုန်၊ တစ်ညလုံး ပေးထားရတဲ့အချိန်တွေကြားမှာ ချစ်ဇနီးလေးနဲ့ ချစ်ရည်လူးကြဖို့ဆိုတာ အိမ်မက်ထဲက အိမ်မက်ပဲလို့တောင် ဆိုရတော့မှာပေါ့။

 

ဆေးဝါးတစ်မျိုးမျိုး မှီဝဲနေရခြင်း

          ဆေးတွေ သောက်နေတာကလည်း ဒီကိစ္စကို ထိခိုက်စေနိုင်တယ်နော်။ ဘယ်လိုဆေးတွေက ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေတာလဲဆိုတော့

-       သွေးတိုးကျဆေးတွေ

-       ဓာတ်မတည့်ရောဂါကုဆေးတွေ

-       အအေးမိနှာစေးဖျားနာကုဆေးတွေ

-       သန္ဓေတားဆေး

-       ဓာတ်ရောင်ခြည်ကုထုံးဆေးတွေကြောင့်ပေါ့။

 

ပုံစံပျက်ယွင်းသွားတဲ့ အမျိုးသမီးအပေါ် စိတ်ပျက်ခြင်း

          ကိုယ်ချစ်သူက ဝလာတာပဲဖြစ်ဖြစ်၊ ပုံစံပြောင်းသွားတာပဲဖြစ်ဖြစ် အဲဒီလိုအနေအထားမျိုးမှာ ခင်ပွန်းသည်တချို့က စိတ်ပျက်လာတတ်ကြပါတယ်။

          ခင်ပွန်းသည်အကုန်လုံးကို မဆိုလိုပေမဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ညလေးကို ဖြတ်ကျော်ဖို့ နုနယ်မျိုမျစ်မှုတွေ လျော့နည်းလာတဲ့ ဇနီးသည်နဲ့အတူအိပ်ဖို့ စိတ်တွေ လျော့ပါးလာသူတွေကတော့ တွေ့နေရတာပါပဲ။ သစ္စာရှိရှိနဲ့ မေတ္တာတရားလေးထားပြီး တစ်လင်တစ်မယားစနစ်ကို သတ်သတ်မှတ်မှတ် ချစ်ဖို့တော့ လိုတာပေါ့လေ။

 

အဝလွန်ခြင်း

          ကိုယ်ပဲ အဝလွန်လွန်၊ အိမ်သူသက်သားလေးကပဲ အဝလွန်လွန် ဒီအချိန်မှာ ဘယ်လိုလာပြီး အမောခံနိုင်ပါတော့မလဲ။ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ညလေးကို အဝလွန်ခြင်းတွေက ဖျက်စီးပစ်လို့မရအောင်တော့ ခုကတည်းက ကြိုပြီး ထိန်းထားသင့်တယ်နော်။

 

ပန်းသေပန်းညှိုးရောဂါ ခံစားလာရခြင်း

          အသက်အရွယ် လေးဆယ်ကျော်နောက်ပိုင်း အမျိုးသားအများစုက ဒီလိုဝေဒနာကို ခံစားလာရတတ်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်ဖို့ အာဟာရဖြည့်စွက်စာလေးတွေနဲ့ ကြိုတင်ကာကွယ် ထားကြဖို့တော့ သတိပေးလိုက်ပါရစေ။

 

ကျားဟော်မုန်းလျော့နည်းလာခြင်း

          ဒါကလည်း လိင်စိတ်ဆန္ဒကို လျော့ပါးစေတဲ့ အချက်တွေထဲမှာ တစ်ခုအပါအဝင်ပေါ့။

 

စိတ်ကျဝေဒနာခံစားရခြင်း

          စိတ်ဓာတ်ကျကာ စိတ်ကျဝေဒနာခံစားနေရသူ အမျိုးသားရော၊ အမျိုးသမီးတွေပါ ဘယ်လိုလုပ်ပြီး ချစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ချစ်ရည်လူးလို့ရတော့မလဲ။ ဒီတော့ စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေအနေနဲ့ အကောင်းဆုံး အကြံပေးချင်တာကတော့ တရားထိုင်တာ၊ ခရီးထွက်တာ၊ ခင်ပွန်းသည် ဒါမှမဟုတ် ဇနီးသည်နဲ့ ပျော်ပွဲစားထွက်တာ၊ ကမ်းခြေကို နှစ်ဦးတည်း သီးသန့် ခရီးထွက်တာမျိုးတွေနဲ့ စိတ်ကျဝေဒနာကို ဖြေဖျောက်ရင်း တူနှစ်ကိုယ်တိုင်းပြည်လေး တည်ဆောက်လို့ ရပါတယ်။

 

သွေးဆုံးဝေဒနာခံစားရခြင်း

          အမျိုးသမီးတွေမှာ အသက် ၅၀ လောက်ဆို သွေးဆုံးကိုင် ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။ ဒီအခါမှာတော့ ခင်ပွန်းသည်နဲ့အတူနေဖို့ ငြင်းဆန်တတ်ပါတယ်။

 

အနေဝေးနေခြင်း

          လင်မယားနှစ်ယောက် တစ်ယောက်က နယ်မှ ဒါမှမဟုတ် နိုင်ငံခြားမှာ တစ်ယောက်က မြို့မှာဆိုတော့။ ဒါဆိုရင်တော့ ဘယ်လိုလုပ်ပြီး ချစ်ခရီးလေး လျှောက်လှမ်းလို့ရမလဲနော်။ ဒီတော့ ကြာလာရင် အဲဒီလို ဇနီးမောင်နှံတွေက လိင်စိတ်ဆန္ဒတွေ တဖြည်းဖြည်း လျော့ပါးလာတတ်တာပါပဲ။

 

Credit: ဘုန်းသော်ခ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18