Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှင်များ၏ လိင်မှုပြဿနာများ

  21-Aug-2019
Preview Image

          ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်သလို၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့်လည်း လိင်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားတတ်ပါသည်။ တချို့သော AIDS ရောဂါဝေဒနာရှင်များသည် သာမန်ထက် လွန်ကဲသော လိင်ဆက်ဆံလိုစိတ်များကြောင့် ရောဂါမကူးစက်စေရန် သတိထားသင့်သည့်အချက်များကို သတိမထားမိတော့ဘဲ လိင်ဆက်ဆံမိရာမှ HIV ရောဂါ ကူးစက်ခံရခြင်းလည်း ရှိပါသည်။ HIV / AIDS ရောဂါရှိပြီး အချို့မှာ စိတ်ဓာတ်ကျကာ လိင်မှုကိစ္စကို စိတ်မဝင်စားတော့သူများလည်း ရှိသလို၊ တချို့မှာ အပျော်အပါးလိုက်စားလိုစိတ်၊ လွန်ကဲသော လိင်ဆက်ဆံလိုစိတ်များ ရှိနေသေးသော သူများလည်းရှိသည်။


          တချို့သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်များသည် မိမိ၏ လိင်ဆက်ဆံဖက်အား မိမိရောဂါရှိကြောင်း မပြောကြသလို၊ ကွန်ဒုံးကိုလည်း သုံးစွဲခြင်းမရှိပါ။ ထိုသို့သော ဝေဒနာရှင်များသည် ရောဂါကို ပိုမိုကူးစက်စေရန် တွန်းအားပေးနေသော အန္တရာယ်ရှိနေသူများဖြစ်သောကြောင့် အကောင်းဘက်သို့ ရောက်ရှိလာစေရန် နှစ်သိမ့်ဆွေးနွေးအကြံပေးဖို့ လိုပါသည်။


          အမျိုးသားတစ်ယောက်သည် စိတ်ကျေနပ်ဖွယ် ဆက်ဆံမှုပြုနိုင်အောင် လိင်အင်္ဂါတောင့်တင်းမှု မပြုနိုင်သည်မှာ ခြောက်လကျော် ကြာရှိခြင်း၊ သို့မဟုတ် လိင်ဆက်ဆံရန် ကြိုးပမ်းမှုမှာ လိင်အင်္ဂါမတောင့်တင်းမှုကြောင့် မအောင်မမြင်ဖြစ်မှု ၇၀ ရာခိုင်နှုန်းကျော်ရှိပါက ပန်းသေသည်ဟု သတ်မှတ်ပါသည်။ ပန်းသေခြင်းနှင့် လိင်ကိစ္စ စိတ်မဝင်စားခြင်းကို ခွဲခြားတတ်ရန် လိုပါသည်။ တချို့ ဝေဒနာရှင်များတွင် သုက်လွှတ်စောခြင်း၊ နောက်ကျခြင်းတို့ကိုလည်း ခံစားရတတ်ပါသည်။


          ယခင်က ပန်းသေခြင်း၏ အဓိကအကြောင်းရင်းခံမှာ စိတ်ကြောင့်ဖြစ်ကြောင်း ယုံကြည်ခဲ့ကြရသော်လည်း တိုးတက်လာသော ဆေးပညာအစွမ်းကြောင့် ရောဂါ၏ အကြောင်းရင်းခံကို ပိုမိုသိရှိဖော်ထုတ်ခဲ့ကြပြီး ရောဂါရှင် ၅၀ ရာခိုင်နှုန်းမှာ ကိုယ်ခန္ဓာရောဂါတစ်ခုခုကြောင့် လိင်ကိစ္စမစွမ်းဆောင်နိုင်ခြင်းမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ၁၉၉၃ ခုနှစ်တွင် လေ့လာသုတေသန ပြုချက်များအရ တွေ့ရှိရပါသည်။


          ခုခံအားကျဆင်းမှု ကူးစက်ရောဂါဝေဒနာရှင်များတွင် ပန်းသေ၊ ပန်းညှိုးဖြစ်ရခြင်း၏ အကြောင်းရင်းခံ များစွာရှိပါသည်။


အသက်

          အသက်ကြီးလာသည်နှင့်အမျှ ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်ခြေ ပိုများလာသည်ကို တွေ့ရပါသည်။ ၁၉၉၉ ခုနှစ် အမေရိကန်နိုင်ငံတွင် သုတေသနပြုချက်များအရ အသက် ၁၈ နှစ်နှင့် ၂၉ နှစ်အရွယ် အမျိုးသားများ၏ ၇ ရာခိုင်နှုန်းတွင်သာ ပန်းသေ၊ ပန်းညှိုး ဖြစ်ကြသော်လည်း အသက် ၇၆ နှစ်မှ ၈၅ နှစ် အမျိုးသားများ၏ ၈၅ ရာခိုင်နှုန်းမှာ ပန်းသေ၊ ပန်းညှိုးရောဂါကို ခံစားနေရကြောင်း လေ့လာတွေ့ရှိခဲ့ပါသည်။


အရက် အလွန်အကျွံ သောက်သုံးခြင်း

          အရက်အလွန်မူးယစ်နေသောကြောင့် လိင်ကိစ္စမစွမ်းဆောင်နိုင်သည်များရှိသလို၊ အရက်၏ ကယ်လိုရီဓာတ် မြင့်မားမှုကြောင့် သွေးထဲတွင် အဆီဓာတ်များလာပြီး လိင်အင်္ဂါသို့ပေးသော သွေးကြောများကျဉ်းကာ ပန်းသေ၊ ပန်းညှိုးဖြစ်စေနိုင်ပါသည်။


ဆေးလိပ်သောက်ခြင်း

          ဆေးလိပ်သည် ခန္ဓာကိုယ်ရှိ သွေးကြောများကို ကျဉ်းစေသောကြောင့် လိင်အင်္ဂါသို့ သွေးသွားလာမှုကို လျော့ကျစေကာ ပန်းသေ၊ ပန်းညှိုး ဖြစ်စေနိုင်ပါသည်။


ဆေးဝါးများ

          အောက်ပါ ဆေးဝါးများကို အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲနေရသူများမှာ ပန်းသေ၊ ပန်းညှိုးဖြစ်စေနိုင်ပါသည်။

(က) သွေးကျဆေးများ

(ခ) ဆီးဆေးများ

(ဂ) အဆီကျဆေး

(ဃ) အတက်ကျ ပျောက်ဆေး

(င) ဘိန်းပါသော ဆေးများ

(စ) စိတ်ဓာတ်ကျပျောက်ဆေးများ

(ဆ) ဆက်ဆစ်ထွက်နည်းစေသော အစာ

 

အိပ်ဆေးများ

(ဇ) စိတ်ငြိမ်ဆေးများ

(ဈ) မဟော်မုန်းဆေးများ

(ည) စိတ်ကြွဆေးများ

ရောဂါ ဝေဒနာများ

          HIV ပိုးအပြင် တခြားသော အောက်ပါရောဂါများ တွဲဖက်ခံစားရပါကလည်း ပန်းသေ၊ ပန်းညှိုးဖြစ်စေနိုင်ပါသည်။

(က) ဆီးချိုရောဂါ

(ခ) သွေးအတွင်း အဆီများသောရောဂါ

(ဂ) နှလုံးရောဂါ

(ဃ) နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း

(င) နာတာရှည် ကျောက်ကပ်ရောင်ရမ်းခြင်း

(စ) စိတ်ရောဂါ

(ဆ) အာရုံကြောရောဂါ

(ဇ) သွေးအတွင်း ဟော်မုန်းဓာတ်ထုတ်လုပ်မှု ပုံမမှန်ရောဂါ

          ၂၀၀၄ တွင် ပြုလုပ်ထားသော သုတေသနတစ်ခုအရ HIV ပိုးမရှိသော လိင်တူဆက်ဆံသူများတွင် လိင်ကိစ္စစိတ်ဝင်စားမှု လျော့ပါးသူ နှစ်ရာခိုင်နှုန်းနှင့် ပန်းသေ၊ ပန်းညှိုးသူ ၁၀ ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရသော်လည်း HIV ပိုးရှိသော လိင်တူဆက်ဆံသူများတွင်မူ ပန်းသေ၊ ပန်းညှိုးဖြစ်သူ ၂၆ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရှိရပါသည်။

          ပန်းသေ၊ ပန်းညှိုးရောဂါ ခံစားနေရသော HIV / AIDS ဝေဒနာရှင်များ၏ အကြောင်းရင်းခံကို သိရှိနိုင်ရန် သေချာစွာစုံစမ်းမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများပြုလုပ်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ပန်းသေ၊ ပန်းညှိုးရောဂါကို ဖြစ်ပွားစေသည့် အကြောင်းရင်းခံကို သိရှိဖယ်ထုတ်နိုင်မှသာ ရောဂါသက်သာ ပျောက်ကင်းမည်ဖြစ်ပါသည်။

Credit: ဒေါက်တာ အောင်စန်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18