Print

မျိုးမအောင်ခြင်းကို ကုသလို့ ရနိုင်ပါသလား

  25-Nov-2018
Preview Image


သားသမီးရတနာ ရယူလိုသူ မောင်နှံများအတွက် ဖော်ပြပါမေးခွန်းကို မကြာခဏ သိလိုတတ်ကြပါသည်။ မျိုးမအောင်ခြင်း ( သို့) သားသမီးရတနာ မရရှိနိုင်ခြင်းကို အချို့သော ဖြစ်ရပ်များတွင် ကုသ၍မရနိုင်ပါ ။


ကုသခြင်းဟာ အောက်ပါ အချက်တွေပေါ် မူတည်နေပါတယ် 

၁။ ဘာကြောင့်ဖြစ်တာလဲ (ဥပမာ - ရောဂါတစ်ခုုကြောင့်)

၂။ ဘယ်လောက်ကြာနေပြီလဲ 

၃။ အမျိုးသမီး နှင့် သူ၏ အမျိုးသား၊ လင်ယောကျာ်း၏ အသက် 

၄။ စားသောက်နေထိုင်မှုပုံစံ 


အမျိုးသားများတွင် ကုသခြင်း

၁။ စားသောက် နေထိုင်မှုပုံစံ ပြောင်းလဲရပါမည်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ရပါမည်။ အမျိုးသမီးနှင့်အတူ နေသည့်အချိန် (လိင်ဆက်ဆံခြင်း) ကို ယခင်ကထက် အကြိမ်ရေတိုး၍ လုပ်ပေးရမည်။ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရန်လည်း လိုအပ်ပါသည် ။


၂။ သုတ်ပိုးနည်းပါးခြင်းတို့အတွက် ဆေးဝါးများသောက်သုံး၍ရပါသည်။ 


၃။ အချို့သောအခြေအနေများတွင် ခွဲစိတ်မှုများပြုလုပ်ရန် လိုအပ်ပါသည်။ ဥပမာ - သုတ်ပိုးထွက်မည့်လမ်းကြောင်း ပိတ်နေခြင်း။


၄။ သုတ်ရည်ထဲတွင် သုတ်ပိုးအကောင်ရေ နည်းပါးခြင်း၊ သုတ်ပိုးလုံးဝမပါခြင်းများအတွက် အခြားသော မျိုးပွားအင်္ဂါလမ်းကြောင်းမှ သုတ်ပိုးကို စုဆောင်းခြင်း ။


အမျိုးသမီးများတွင် ကုသခြင်း 

၁။ သားဥအိမ်မှ သားဥများ ကြွေကျစေရန် အားပေးသော ဆေးများသောက်ခြင်း ။ ဆရာဝန်၊ ဆရာမများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ 


၂။ ကျန်းမာသန်စွမ်းသော သုတ်ပိုးများကို သားဥကြွေချိန်တွင် အမျိုးသမီး၏ သားအိမ်ထဲသို့ ပြင်ပမှ စက်ပစ္စည်းအကူအညီဖြင့် ထည့်ပေးခြင်း။ သုတ်ပိုးများကို ထုတ်ယူကာ အမျိုးသမီးသားအိမ်ထဲသို့ သားဥကြွေချိန်တွင် ပြင်ပမှ စက်ပစ္စည်းအကူအညီဖြင့် ထည့်သွင်း၍ မျိုးအောင်စေခြင်း ။ 


၃။ သားအိမ်အတွင်းမှ ရောဂါတစ်ခုခုဖြစ်နေခြင်းများတွင် ခွဲစိတ်မှု လိုအပ်ပါသည်။ 

ဥပမာ - သားဥကြွေဆင်းရာလမ်းကြောင်း ပိတ်နေခြင်း ၊ သားအိမ်တွင် အလုံးအကျိတ် ရှိနေခြင်းများတွင် ခွဲစိတ်ရန် လိုအပ်ပါသည်။ 


၄။ ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်အောင်ပြုလုပ်ခြင်း။ 

အမျိုးသားသုတ်ပိုးနှင့် အမျိုးသမီးသားဥ တို့ကိုထုတ်ယူ၍ အပြင်တွင် သန္ဓေတည်စေပြီး သန္ဓေအောင်မှသာ မိခင်၏ သားအိမ်အတွင်းသို့ ပြန်လည်ထည့်ပေးခြင်း ။ 


အားလုံးပဲ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ.....

ကိုခွန် (ဆေး၂)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18