Print

အမျိုးသားများ သုတ်ပိုးနည်းပါးမှုမဖြစ်စေရန် ဘယ်လိုကာကွယ်ကြမလဲ

  05-Jul-2018
Preview Image


သုတ်ပိုးပမာဏနည်းပါးခြင်းသည် သန္ဓေအောင်ခြင်းကို ထိခိုက်နိုင်သည့် အမျိုးသားပြသနာတစ်ခုဖြစ်သည်။ လေ့လာမှုတစ်ခုအရ လွန်ခဲ့သောနှစ်ပေါင်း ၄၀ အတွင်း အမျိုးသားများတွင် သုတ်ပိုးပမာဏ နည်းပါးမှုများ ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ကို တွေ့ရသည်။ ကိုယ်ဝန်မရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းသည် အမျိုးသားဖက်မှ ပြသနာများကြောင့် ဖြစ်သည်။ အောက်ပါအချက်အလက်များသည် အမျိုးသားများ သုတ်ပိုးပမာဏလျော့နည်းမှု မဖြစ်စေရန် ပြုလုပ်ရမည့်အရာများဖြစ်သည်။

 

၁။ ကိုယ်အလေးချိန်မတိုးအောင် ဂရုစိုက်ပါ

ကိုယ်အလေးချိန်လျှော့ချခြင်းသည် ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေရုံသာမက သုတ်ပိုးပမာဏကိုပါ များပြားစေနိုင်သည်။ သုတ်ရည်များပြားလာခြင်းသာမက ပါဝင်သော သုတ်ပိုးကောင်ရည်များပြားခြင်း၊ သုုတ်ပိုးများလှုပ်ရှားနိုင်စွမ်း တိုးတက်လာခြင်း စသော ကောင်းကျိုးများပါ ရရှိလာနိုင်ပါသည်။

 

၂။ လေ့ကျင့်ခန်းလုပ်ပါ

လှုပ်လှုပ်ရှားရှားနေခြင်းသည် သုတ်ပိုးပမာဏပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိသည်။ လေ့လာမှုတစ်ခုတွင် အလေးမခြင်းနှင့် အိမ်အပြင်ဘက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းက သုတ်ပိုးပမာဏနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေသည်ကို တွေ့ရသည်။ သင့်အမျိုးသမီးနှင့်အတူ လေ့ကျင့်ခန်းလုပ်ရင်း ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်လုပ်ဆောင်နိုင်သည့် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။လေ့ကျင့်ခန်းလုပ်ခြင်းသည် ဖိုမသဘာဝဆက်ဆံရေးကိုပါ ပိုမိုကောင်းမွန်စေနိုင်ပြီး ရင်သွေးရရန် အခွင့်အလမ်းများပြားလာစေနိုင်သည်။

 

၃။ ဗီတာမင်အားဆေးသောက်ပါ

ဗီတာမင် C,D နှင့်E တို့သည် သုတ်ပိုးကျန်းမာရေးအတွက် အရေးပါသည်။ နေ့စဉ် ဗီတာမင် C ၁၀၀၀ mg သောက်သုံးပေးခြင်းဖြင့် သုတ်ပိုးပမာဏနှင့် လှုပ်ရှားနိုင်စွမ်းကိုပါ မြင့်တက်စေသည်။ ဗီတာမင်လျော့နည်းခြင်းကြောင့် ခန္ဒာကိုယ်အတွင်း အခြားကျန်းမာရေးပြသနာများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

 

၄။ ဆေးလိပ် အရက်နှင့် မူးယစ်ဆေးများကိုရှောင်ကျဉ်ပါ

ရင်သွေးရလိုသော ဖခင်လောင်းများအနေနှင့် အရက်၊ ဆေးလိပ်နှင့် အခြားသော မူးယစ်စေးဝါးများကို ရှောင်ကျဉ်ရန် အလွန်အရေးကြီးသည်။ ရင်သွေးရရှိလာသောအခါ ကလေးငယ်ကို ထိန်းကျောင်းရန် အတွက်လည်း အထောက်အကူပြုသည်။ သုတ်ပိုးပမာဏ နည်းပါခြင်းသည် အရက်အလွန်အကျွန်သောက်ခြင်း ဆေးလိပ်သောက်ခြင်း နှင့််အခြားသော မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် ဆက်စပ်နေသည်။

 

၅။ ပတ်ဝန်းကျင်ရှိ အန္ဒရာယ်ဖြစ်နိုင်သော အရာများကို ရှောင်ရှားပါ

ပတ်ဝန်းကျင်ရှိ အချို့သောအရာများက သုတ်ပိုးပမာဏကို လျော့နည်းစေနိုင်သည်။ ဥပမာ အချို့သောသတ္ထုများ ပိုးသတ်ပေါင်းသတ်ဆေးများ သုတ်ဆေးချွှတ်ဆေးများ ဆီချေးချွတ်ဆေးများ အိမ်သုတ်ဆေးများ စသည်တို့နှင့် ကာလကြာရှည်ထိတွေ့နေရသူများတွင် သုတ်ပိုးပမာဏနည်းပါးမှုများဖြစ်ပေါ်လာနိုင်ခြေရှိသည်။

 

၆။ စက်ဘီစီးချိန်ကို လျှော့ချပါ

တစ်ပတ် ၅ နာရီ စက်ဘီးစီးခြင်းနှင့် သုတ်ပိုးပမာဏ လျော့နည်းခြင်းတို့ ဆက်စပ်နေသည်ကို တွေ့ရှိရသည်။ စက်ဘီးစိးခြင်းသည် ကောင်းမွန်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်သော်လည်း စက်ဘီးစီးချိန်ကို လျှော့ချ၍ အခြားသော ကိုယ်လက်လှုပ်ရှားမှုများနှင့် အစားထိုးသင့်သည်။

 

၇။ ချောင်ချိသော ချည်ထည် အတွင်းခံများကို ဝတ်ဆင်ပါ

ချောင်ချိသော အတွင်းခံများသည် အပူချိန်ကို လျော့နည်းစေ၍ သုတ်ပိုးထုတ်လုပ်မှုကိုကောင်းမွန်စေသည်။

 

၈။ စိတ်ဖိစီးမှုကို လျော့ချပါ

စိတ်ဖိစီးမှုလျော့ချခြင်းသည် ကျန်းမာရေးအပေါ်ကြီးမားသော အကျိူးကျေးဇူးရှိသည်။ စိတ်ဖိစီးမှုသည် သုတ်ပိုးပမာဏ ကျဆင်းစေ၍ သုတ်ပိုးများ၏ သန္ဒေအောင်နိုင်စွမ်းကိုပါထိခိုက်စေသည်။

 

၉။ ကော်ဖီသောက်သုံးခြင်းကိုလျှော့ချပါ

ကော်ဖီသောက်သုံးမှုများပြားခြင်းသည် အမျိုးသားကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ တစ်နေ့ကော်ဖီသုံးခွက် သောက်သူများတွင် ထိချုက်မှုမရှိနိုင်သော်လည်း လေးခွက်နှင့် အထကသောက်သုံးသူများတွင် ပုံမမှန်သော သုတ်ပိုးများတွေ့ရတတ်သည်။

 

၁၀။ folic acid လုံလုံလောက်လောက်ရပါစေ

folic acid သည် အစိမ်းရောင် အရွက်များတွင်ပါဝင်၍ နေ့စဉ်စားသော အစာတွင် folic acid ပါဝင်အောင်စားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းသော သုတ်ပိုးများရရှိစေနိုင်သည်။ folic acid ကို ဗီတာမင်အားဆေးများ သောက်သုံးခြင်းဖြင့်လည်းရရှိနိုင်သည်။

 

Dr.Aung Aung

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18