Print

အသက်ကြီးမှအိမ်ထောင်ကျလို ့သားသမီးမရနိုင်တော့ဘူးလား?

  30-Oct-2016
Preview Image

အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင်ရောက်လာတဲ့အချိန်ကို သွေးမဆုံးခင်အစောပိိုင်းအချိန်တွေလို ့ ဆိုလိုပါတယ်။ ဒီအချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့သားဥတွေဟာလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ အကူအညီပေးနေတဲ့ အီစထရိုဂျင် ဟော်မုန်းပမာဏကလည်းစတင်ပြီး နည်းစပြုလာပါပြီ။ ဓမ္မတာ သွေးဆင်းတဲ့ဖြစ်စဉ်ကလည်း အရင်လိုပုံမှန်မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ ့လာရပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန်မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူးလို ့တော့မယူဆလိုက်ပါနဲ ့။ သင် ကလေးရနိုင်ပါသေးတယ်လို ့Dr.Greeneကပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေပြနေချိန်မှာ သင့်အနေနဲ ့သားသမီးလိုချင်သေးရင် သင့်မှာကြိုးစားဖို ့အခွင့်အရေးတွေရှိနေပါသေးတယ်။ သင့်အနေနဲ ့ ကြိုးစားကြည့်လို ့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမှးယပ် အထူးကုဆရာဝန်နဲ ့ တိုင်ပင်ဆွေးနွေးပြီး တိတိကျကျလိုက်နာဖို ့လိုပါတယ်။ သင့်ရဲ့ဓမ္မတာလာတဲ့ဖြစ်စဉ်တွေကို ဆရာဝန်မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင် ဟော်မုန်းနဲ ့ ပရိုဂျက်စထရုန် ဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ်။ (ဓမ္မတာလာပြီး နှစ်ရက်မြောက်နေ ့၊ ဒါမှမဟုတ် သုံးရက်မြောက်နေ ့မှစစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချို၊ သွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နဲတဲ့ရောဂါတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်ရဲ့သားဥကြွေရာနဲ ့ သားမွေးလမ်းတစ်လျှောက်လုံး အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာကလေးမရနိုင်အောင်ပြောပလောက်တဲ့ အချက်ရှာမတွေ ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့သုတ်ပိုးအရေအတွက်ကိုစစ်ဆေးပါမယ်။ သင်လဲသွေးဆုံးချိန်မရောက်သေးဘူး၊ သင့်အမျိုးသားရဲ့ သုုတ်ကောင်အရေအတွက်ကလည်း ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်ကသင့်ကို ကုသမှုတွေစတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့အဖြေပေါ်မူတည်ပြီး တစ်ဦးနဲ ့တစ်ဦး ကုသမှုခံယူတဲ့ အပိုင်းတွေမတူညီနိုင်ပါ။

 

Healthcare.com.mm

 

Ref:

ဧရာဝတီသတင်းဂျာနယ်

မြန်မာ့သတင်းများစုစည်းရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18