Print

အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ

  30-Oct-2016
Preview Image

အမျိုးသားတွေရဲ့ အသက်ရှင်နေစဉ်ကာလအတွင်း ကျားအင်္ဂါဇာတ်က သုက်သွေးတွေထုတ်ပေးနိုင်တဲ့စွမ်းရည်ကို အစကနဦး တည်းကပင် သဘာဝအလျောက်ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ တချို ့မှာ မွေးရာပါအင်္ဂါဇာတ်ရောဂါအမျိုးမျိုး(ဥပမာ သုက် ရည်ပြွန်၊ ဝှေးစေ့၊ ကပ္ပါယ်အိတ် ရောဂါပြဿနာ) တို ့ကြောင့် မည်သို ့ပင် ခွဲစိပ်ပြုပြင်၍ ပဋိဇီဝဆေးဝါးမှီဝဲပါသော်လည်း ဘဝ တစ်သက်တာအတွက် ဖခင်ဖြစ်ခွင့်မရှိနိုင်ပါဘူး။ တချို ့ကတော့မွေးရာပါ ကျားစွမ်းဆောင်ရည် ချို ့ယွင်းချက်မရှိသော်လဲ၊ အနေ အထိုင် စားသောက်မှု အမူအကျင့်များ မှားယွင်းမှုကြောင့် ကျားစွမ်းဆောင်ရည်ပျက်စီးသွားကာ သန္ဓေမအောင်ခြင်းပြဿနာ နှင် ့ကြုံတွေ ့လာရပါတယ်။ အောက်ပါ အကြောင်းရင်းများကို လေ့လာမှတ်သား၍ သတိပြုဆင်ခြင်သင့်ပါတယ်။(၁) အရက် အလွန်အကျုးသောက်ခြင်း ၄၈ နာရီအတွင်းမှာ အရက်ရှစ်ပုလင်းထက် ပိုသောက်မိပါက သုက်သွေးထုတ်လုပ်မှုမှာ အဆိပ်သင့်စေပါတယ်။ ဘီယာထဲရှိ အပင်မှရသော အက်စထရိုဂျင်ဟာ အမျိုးသမီးဟိုမုန်းတွေကို ဟန်ဆောင်အတုအပလုပ်နိုင်ပြီး၊ အမျိုးသားတွေမှာတော့ သန္ဓေ မအောင်နိုင်စေတော့ပါဘူး။ ဒါကြောင့် အမျိုးသား အမျိုးသမီးအားလုံးအတွက် ကောင်းကျိုးမပြုတဲ့ အရက်သေစာများကို လွန် ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။(၂) ကော်ဖီလေ့လာ စမ်းစစ်ချက်များအရ၊ကော်ဖီက အမျိုးသမီးတွေရဲ ့ သန္ဓေအောင်မြင်မှုကို လျော့နည်းစေသော်လဲဘဲ၊အမျိုးသားတွေရဲ ့သုက်သွေးထုတ်လုပ်မှုက်ိုတော့ လှံု ့ဆော်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သို ့သော် ဘက်စုံကျန်းမာရေး ကောင်းမွန်စေဖို ့ အတွက်၊ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ တစ်နေ ့လျှင် ကော်ဖီ ၃-ခွက်ထက် ပို၍မသောက်သင့်ပါဘူး။ ကဖိန်းဓာတ် ပါသောကိုလာအချိုရည်များဟာလည်း ထိုနည်း၄င်းဘဲ ဖြစ်ပါတယ်။(၃) ဆေးလိပ်သောက်ခြင်းဆေးလိပ်သောက်ခြင်းဟာ (က) သုက်ကောင်ရဲ ့အမြှေး(ခေါ်)အပေါ်ယံအလွှာ မင်ဘရိန်းကိုဖျက်ဆီးပစ်ပါတယ် (ခ) အမမျိုးဥ ဆီ သို ့ အရောက်ရွေ ့လျာနိုင်တဲ့ စွမ်းရည်ကိုလည်း ဖျက်ဆီးပစ်ပါတယ် (ဂ) ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုအတွက် လွန်စွာ အရေးပါတဲ့ ဗီတာမင်စီကိုလည်း ထိခိုက်ဆုံးရှုံးစေပါတယ်။(၄) ရေပူချိုးုခြင်း ရေပူထဲမှာစိမ်၍ချိုးခြင်းကကျန်းမာတဲ့သုက်သွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေပူထဲမှာ အကြာကြီးထိုင်၍ စိမ်ချိုးခြင်းမျိုးမှ ရှောင်ကျဉ်ပါ။ ကွန်ပြူတာလပ်ပ်တော့ပ်(lap top) ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းကလည်း အချိန်ကြာ လာတာနဲ ့အမျှှ ပေါင်နှင့် လိင်အင်္ဂါများကို အပူဟပ်စေတာကြောင့် အမျိုးသားများသန္ဓေမအောင်ခြင်း နှင့် ဆက်စပ်မှုရှိနေလို ့ အထူး သတိပြုသင့်ပါတယ်။(၅) တင်းကျပ်တဲ့ အတွင်းခံအဝတ်အစားများတင်းကျပ်တဲ့ အတွင်းခံဘောင်းဘီများ နှင့် ချွေးအောင်း အပူလောင်စေတတ်တဲ့ နိုင်လွန်ဘောင်းဘီမျိုးတွေကို မဝတ်ပါနှင့်။ ဝှေး စေ့ဟာ ခန္ဓာကိုယ်ဗဟိုချက် အပူချိန်ထက်ပိုပြီး အေးနေဖို ့လိုအပ်ပါတယ်။ ဒါ့ပြင် ကပ်ပယ်အိတ်အရည်ခွံဟာ သိပ်ပါးပြီး၊ ထပ် ဆင့်ထုတ်ပေးတဲ့ အစိပ်အပိုင်းဟာလည်းအပြင်ဖက်မှာရှိနေတာကြောင့် အင်္ဂါဇာတ်ကို အပူလောင်စေတတ်ပါတယ်။ (၆) အချိန်ကြာကြာ ထိုင်ခြင်း ဥပမာ ကားကြာကြာမောင်းနှင်ခြင်း၊ စားပွဲခုံမှာ အချိန်အကြာကြီးထိုင်ခြင်း၊ လှုပ်ရှာမှုနည်း၍ အညောင်းထိုင်ခြင်းတို ့ကလည်း အမျိုးသားများ သန္ဓေအောင်နိုင်မှု စွမ်းရည်ကို အဟန် ့အတားဖြစ်စေပါတယ်။ ဒါကြောင့် ရက်သတ္တ ၁-ပတ်မှာ အနည်းဆုံး ၄-ကြိမ်ခန် ့ စက်ဘီးစီး၊ လမ်းသွက်သွက်လျှောက်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သွေးလည် ပတ်မှုကောင်းလာစေပြီး ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။(၇) စိတ်ဖိစီးမှုများခြင်းစိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ အလိုအလျောက်စိမ့်ထွက်လာပါတယ်။ ၄င်းဟိုမုန်းတွေက သုက်သွေးထုတ်လုပ်မှုကို အဟန် ့အတားဖြစ်စေပါတယ်။(၈) ပြည့်ဝဆီတွေ စားသုံးခြင်း ၀က်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ စတဲ့

တရိစ္ဆာန်မှထွက်ရှိတဲ့ အဆီများ နှင့် ထပ်ခါထပ်ခါပြန်ကြော်ထားတဲ့ အဆီများကို စား သုံးပြီးနောက်၊ ခန္ဓာကို်ယ်ထဲရောက်သွားတဲ့အခါ ၄င်းအဆီများက ခဲဆိပ်သတ္တုတွေအဖြစ် ဓာတ်ပြောင်းလဲသွားပြီး သန္ဓေသားအောင် ခြင်းကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေ

ပါတော့တယ်။(၉) သင့်လျော်တဲ့အစားအစာများ မှီဝဲခြင်း အထက်ပါ သွားလာနေထိုင်

စားသောက်မှုပုံစံ မှားယွင်းခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် သုက်သွေးရဲ ့ ဒီအင်န်အေ

(DNA) ကို ပျက်စီးစေနိုင်ပါတယ်။ ထိုပြဿနာမှ ကြိုတင်ကာကွယ်ထားတဲ့အနေဖြင့် အမျိုးသားကျန်းမာရေးအတွက် သင့်လျော်တဲ့အစား အစာတွေကို စားပေးသင့်ပါတယ်။ (က) သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော အဆီမပါတဲ့ အနီရာင်အသား၊ ဂျံုကြမ်း၊ ပုစွန်ထုပ်၊ သစ်သီး သစ်ဥ သစ်ဖု၊ အစေ့အဆံ နှင့် မြေပဲများ (ခ) ဖောလစ်အက်ဆစ်ကြွယ်

၀တဲ့ အစားအစာ များဖြစ်ကြသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ (ဂ) ဓာတ်တိုးဆန် ့ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီလီနီယမ် ဓာတ်ကြွယ် ၀တဲ့ အစားအစာ

များဖြစ်ကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီးများ (ဃ) ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ အနှစ် တို ့ကို စားသုံးပါ။ (င) ဖော်ပြပါ အစားအစာများအပြင် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဆေးဝါးတို ့ကို

ဖြည့်စွက်စာအဖြစ် သောက်ပါ။(ဆောင်းပါးရှင်…ပေါက်ပေါက််..ရေးသားမျှဝေသည်

 

Healthcare.com.mm

Ref:

ပေါက်ပေါက်

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18