Print

သန္ဓေတားဆေး အလွန်အကျွံ အသုံးပြုသော

  30-Oct-2016
Preview Image

အမျိုးသမီးများသည် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ခြင်းနှင့်အတူ သွေးပျစ်ခဲလာနိုင်ခြေများကြောင်း ဆရာဝန်များက သတိပေးလိုက်သည်။သန္ဓေတားဆေးသောက်ဆေးများကို အလွန်အကျွံအသုံးပြုမှု၊ ကိုယ်ခံအားပြောင်းလဲမှုနှင့် ခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်စေသော အကြောင်းရင်းများကြား ဆက်စပ်မှုရှိကြောင်း ဆရာဝန်များ၏ပြော ကြားချက်အရ သိရသည်။ သန္ဓေတားဆေးသောက်ဆေးများ လွန်ကဲစွာ အသုံးပြုခြင်းနှင့် ပြင်းထန်သောကိုယ်ခံအားကစဉ့်ကလျားဖစ်မှု၊ ခန္ဓာကိုယ်ရောင်ရမ်း မှုတို့ကြား ဆက်စပ်မှုရှိပြီး အမျိုးသမီးများ၏ရာသီစက်ဝန်းကို မူမမှန်ဖြစ်စေကာ အချိန်မတိုင်မီ ဓမ္မတာလာခြင်းနှင့် ဓမ္မတာလာစဉ် သွေး ဆင်းမှုများခြင်း(သို့မဟုတ်)နာကျင်ခြင်းကို ခံစားရတတ်ကြောင်း သားဖွားမီးယပ်ဆရာဝန် ဘန်ဒီကာရှင်ဟာက ပြောသည်။ သန္ဓေတားဆေးသောက်ဆေးများအသုံးပြုသည့် အမျိုးသမီး များပိုများလာပြီး သန္ဓေတားဆေးသောက်ဆေးများကြောင့် ဖြစ်ပေါ် လာသောကျန်းမာရေးဆိုင်ရာ ရှုပ်ထွေးမှုများတွင် ရင်သားပျော့တွဲ လာခြင်းနှင့် အရေပြားဓာတ်မတည့်ဖြစ်မှုများမှာ ထင်ရှားလာ ကြောင်း သိရသည်။အရေပြားဓာတ်မတည့်ဖြစ်ခြင်း၊ ရင်သားများပျော့တွဲကျလာ ခြင်းနှင့် ဓမ္မတာလာချိန် မူမမှန်ခြင်းတို့မှာ သန္ဓေတားဆေးသောက် သုံးမှုလွန်ကဲသောအမျိုးသမီးများကြား တွေ့နေကျလက္ခဏာများ ဖြစ်ကြောင်း သိရသည်။ သို့သော် အမျိုးသမီးများသန္ဓေတားဆေးသောက်သုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မှာ ၎င်း၏ကိုယ်ကာယကြံ့ခိုင်မှုနှင့် ဘေးပတ်ဝန်းကျင် အခြေအနေများအပေါ် မူတည်ကြောင်း သိရ သည်။ အမျိုးသမီးတစ်ဦး၏ခန္ဓာကိုယ်အလေးချိန်နှင့် အသက်အရွယ်တို့မှာလည်း သန္ဓေတားဆေးများသောက်သုံးမှုပမာဏကို အဆုံးအ ဖြတ်ပေးရာတွင် အဓိကကျသောအချက်များဖြစ်သည်။

 

Ref:

ဖိုးသူတော်

Credit: 7 Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18