Print

Sex နဲ့နုပျိုမှု

  30-Oct-2016
Preview Image

တချို့အတွက် ထူးဆန်းသလို ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သာယာကောင်းမွန်တဲ့ လိင်မှုကိစ္စ ရှိနေခြင်းက သင့်ရဲ့ နုပျို မှုကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။ တကယ်တော့ ကောင်းမွန်တဲ့ လိင်မှုကိစ္စရှိနေခြင်းက သင့်ရဲ့ အသွင်အပြင်ကို ထိန်းသိမ်းဖို့ အထိရောက်ဆုံး နည်းလမ်းပါပဲ။ လိင်ကိစ္စမှာ ပြည့်စုံကျေနပ်မှုရှိခြင်းကြောင့် စိတ်ဖိအားတွေ ကို လျော့ကျစေသလို အိပ်လို့လဲ ပိုကောင်းစေပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် ရရှိတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကလည်း သင့်ကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိဖို့ အထောက်အကူဖြစ်စေပါတယ်။

အိုမင်းရင့်ရော်မှုတားဆီးရေးဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်တဲ့ ဒေါက်တာ Eric Braverman က လိင်မှုကိစ္စမှာ တက်တက် ကြွကြွ ရှိခြင်းကြောင့် ကိုယ့်ကိုယ်ကို ပိုပြီးငယ်ရွယ်သွားစေတယ်လို့ ဆိုပါတယ်။ ရုပ်ပိုင်းအရ တရင်းတနှီးရှိခြင်းက အရေပြား ရဲ့ ဗီတာမင် D ထုတ်လုပ်မှုကိုတိုးစေပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ စိတ်ဖိအားတွေကို လျှော့ချပြီး နောက်လာမယ့် နေ့တွေ အတွက် ကောင်းမွန်တဲ့ အတွေးအမြင်တွေကို ဖန်တီးပေးပါတယ်။ လိင်ဆက်ဆံမှုကို ပုံမှန်ပြုလုပ်ခြင်းက ကိုယ်ခန္ဓာ ရဲ့ ကိုယ်ခံအားကိုလည်း တိုးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

အမေရိကန်နိုင်ငံ Cleveland Clinic မှဒေါက်တာ Michael Roizen က သူရဲ့ဆေးခန်းမှာလေ့လာတွေရှိချက်အရ ကောင်းမွန်တဲ့ လိင်မှုဘဝ ရှိခြင်းကြောင့် နုပျိုမှုကို ထိန်းထားနိုင်သလို စိတ်တင်းကျပ်မှုတွေကို လျှော့ချနိုင်တယ်၊ စိတ် အပန်းပြေစေနိုင်တယ်၊ ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အခုချိန်အထိတော့ ဒီတွေ့ရှိချက် ကို အထောက်အကူဖြစ်မယ့် သုတေသနတွေ မရှိသေးပါဘူး။

 

လိင်ကိစ္စနဲ့ သက်ဆိုင်တဲ့ စိတ်ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ကြီးမားတဲ့ သာယာမှုမျိုးကို ခံစား ရခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရင်းနှီးမှုတွေကြောင့် ကိုယ်ခန္ဓာမှာ ဓာတုဗေဒ တုန့်ပြန်မှုတွေ ဖြစ်လာပါတယ်။ အမျိုးသမီး တွေမှာ ကြီးထွားဟော်မုန်း (growth hormone) ကို ထုတ်ပေးပြီး အမျိုးသားတွေမှာ တော့ အိပ်လို့ ပိုကောင်းစေသလို testosterone ဟော်မုန်း ကိုတိုးစေပါတယ်။ Dr. David Week က သူ့ရဲ့ အလွန်နုပျိုမှုရဲ့ လျှို့ဝှက်ချက်များ (Secrets of the Super young) ဆိုတဲ့စာအုပ်မှာ နုပျိုဖို့ အတွက် အရေးပါတဲ့ အချက်တွေထဲက အဓိကတခုကတော့ တက်ကြွကောင်းမွန်တဲ့ လိင်ဆက်ဆံမှုကို ထိန်းသိမ်းထားဖို့ ပါပဲလို့ ဆိုပါတယ်။ အသက် ၃၀ ကနေ ၁၀၁ နှစ်ကြားမှာရှိတဲ့ လူ ၃၅၀၀ ကို လေ့လာစစ်တမ်း ကောက်ယူမှုတခုရဲ့ ရလဒ် ကလဲ သူ့အမြင်ကို ထောက်ခံပါတယ်။ အဲဒီလေ့လာမှုအရ တပတ်မှာ အနည်းဆုံး ၃ ကြိမ် လိင်ဆက်ဆံသူတဦးဟာ တပတ် ကို ၂ ကြိမ်သာလိင်ဆက်ဆံသူထက် ၁၀ နှစ်စာလောက်ပိုပြီး နုပျိုတယ်လို့ သိရပါတယ်။ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝရှိနေခြင်းက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် အရေးပါတဲ့ အ ချက် တချက်ဖြစ်တယ်လို့လဲ Dr. David Week ကပြောပါတယ်။ စိတ်ပါ လက်ပါ မရှိတဲ့ လိင်ဆက်ဆံမှုက စိတ်ညစ်ညူး မှုတွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်စေပြီးတော့ နောက်ဆုံးမှာ နုပျိုမှုတွေ ပျောက်ဆုံးသွားစေပါတယ်။

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေနဲ့ နုပျိုမှုကို ထိန်းသိမ်းတာမျိုးပြီးတဲ့နောက်မှာ လိင်မှုကိစ္စ ဆောင်ရွက် ခြင်းက နုပျိုမှုကြာရှည်စေဖို့ အကောင်းဆုံးနည်းပါပဲ။

 

အမျိုးသားတွေ ယောက်ျား အင်္ဂါ သန်မာမှုလျော့ကျခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ တပတ်မှာ အနည်းဆုံး ၂ ကြိမ် လောက် လိင်ဆက်ဆံရင် နောက်ပိုင်းမှာယောက်ျား အင်္ဂါ သန်မာမှုလျော့ကျခြင်း ဖြစ်ဖို့ အခွင့် အလမ်းနည်းပါးတယ် ဆို တာကို ဖင်လန်နိုင်ငံမှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။လိင်ဆက်ဆံမှုကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အတွက် ကိုယ်အလေးချိန်ကိုလည်းလျော့ကျစေပါတယ်။ အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်မှာပြုလုပ်တဲ့ လေ့လာမှုတခုအရ လိင်ဆက်ဆံမှု တလကို တကြိမ်ထက်နည်းတဲ့ အမျိုးသား တယောက်ဟာ တပတ်ကို အနည်းဆုံး ၂ကြိမ် လိင်ဆက်ဆံတဲ့ အမျိုးသား တယောက်ထက်စာရင် အရွယ်မတိုင်မီ သေဆုံး နိုင်တဲ့ အန္တရာယ် ၂ဆပိုများတယ်လို့ သိရပါတယ်။လိင်ဆက်ဆံမှုမှာကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာက အများကြီးပါ၀င်တာကြောင့် သင့်ရဲ့ ကြံ့ခိုင်မှုကို ထိန်းထား နိုင် ဖို့လည်း အကူအညီဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ နုပျိုမှု ကြာရှည်ခိုင်မြဲဖို့ အတွက် ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထာင်ဖက်နဲ့ ပျော်ရွှင်တဲ့ လိင်မှုဆက်ဆံရေး ရှိ နေခြင်းက အစားအသောက်နဲ့ ခက်ခက်ခဲခဲ ကြိုးစားရတာမျိုး၊ စျေးကြီးတဲ့ အလှ ကုန်ပစ္စည်းတွေကို ၀ယ်ယူသုံးစွဲရတာမျိုးထက် အများကြီး ရိုးရှင်းလွယ်ကူတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

Ref:

ဖိုးသူတော် (www.phothutaw.com)

Credit: Irrawaddy



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18