Print

ဆေးမတိုးတော့ခြင်းနှင့် STD ဆေးများ

  30-Oct-2016
Preview Image

STD နှင့် အခြားရောဂါများအတွက် ပဋိဇီဆေးများအသုံးပြုရာတွင်ဆေးအားလုံးကို သောက်သုံးရန် အရေးကြီးသည်။ အကယ်၍ ထိရောက်သောဆေးကို လုံလောက်စွာ မသောက်သုံးပါက (သို့) ဆေးညွှန်းမကုန်မှီ ဆေးရပ်လိုက်ပါက ရောဂါပိုးများကို အကုန်အစင်မသတ်နိုင်ပါ။ စွမ်းအားကြီးသောပိုးများ ရှင်သန်ပြီး ပွားများလာ ကာ ထိုပိုးကို သတ်နိုင်စွမ်းရှိခဲ့သောဆေးမှာ ထိုရောဂါကို ကုသနိုင်စွမ်းမရှိတော့ပါ။ ဤသည်ကို ဆေးမတိိုုးတော့ ခြင်းဟုခေါ်သည်။

နေရာများစွာတွင် gonorrhea ကုရန် သုံးမြဲဆေးများသည် ဆေးမတိုးတော့ပါ။ သင်နေထိုင်ရာ အရပ် တွင် ဆေးမတိုးတော့သည် STDs များအကြောင်းနှင့် ရောဂါ ကုသရန် ဒေသတွင်းရနိုင်သော အကောင်းဆုံး ဆေးများ အကြောင်းကို ကျန်းမာရေးလုပ်သားနှင့် တိုင်ပင်ဆွေးနွေးပါ။

 

STD ကုသမှုခံယူစဉ်တွင် သတိထားရမည့်အရာများ

• သင့်အဖော်လည်း ဆေးကုသမှုကို တပြိုင်နက်ခံယူပါစေ။

• ဆေးအားလုံးကို သောက်ပါ။

• ရောဂါလက္ခဏာများ ပျောက်သည်အထိ သင်နှင့် သင့်အဖော် ဆေးအားလုံးကုန်အောင် သုံးစွဲပြီးသည်အထိ လိင်မဆက်ဆံပါနှင့်။

• ဆေးအားလုံး သောက်ပြီးချိန်၌ ရောဂါမသက်သာပါက ကျန်းမာရေး လုပ်သားနှင့်တွေ့ပါ။

• လိင်ပြန်လည် ဆက်ဆံသည့်အခါ အန္တရာယ်နည်းသော လိင်ဆက်ဆံမကို ကျင့်သုံးပါ။

 

ပြောင်းလဲမှုအတွက်ဆောင်ရွက်ခြင်း

 

(က) STDs များကိိုုကုကာကွယ်ခြင်း။

• အန္တရာယ်နည်း လိင်ဆက်ဆံမှုကို ကျင့်သုံးပါ။

• လိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုအသုံးပြုပါ။

• အကယ်၍ သင့်အဖော်မှ ကွန်ဒုံးအသုံးမပြုပါက သုတ်ပိုးသတ်ဆေး တစ်ခုတည်း (သို့) အမျိုးသမီးDiaphragm နှင့်တွဲပြီးအသုံးပြုပါ။ ၄င်းသည်မိမိအား Gonorrhea နှင့် Chlamydia မှကာကွယ်မှု အသင့်အတင့်ပေးနိုင်သည်။

• လိင်ဆက်ဆံပြီးတိုင်း လိင်အင်္ဂါအပြင်ဘက်ကို ဆေးကြောပါ။

• လိင်ဆက်ဆံပြီးတိုင်း ဆီးသွားပါ။

 

ကွန်ဒုံးသုံးပါ။

• HIV/ AIDS အပါအဝင် ကာလသားရောဂါများမှ ကာကွယ်ပေးသည်။

• သင်၏အဖော်၌ ကျန်းမာရေးကို ကာကွယ်ပေးသည်။

• မလိုလားသော ကိုယ်ဝန်ကို တားဆီးပေးသည်။ သင်(သို့) သင်၏အဖော်၌ ကာလသား ရောဂါလက္ခဏာရှိပါ က လိင်မဆက်ဆံပါနှင့်။

• ကိုယ်တွင်း ပိုက်သွင်းဆေးခြင်း၊ ပရဆေးများ(သို့) အမှုန့်များဖြင့် ဆေးခြင်းဖြင့် မွေးလမ်းကြောင်း ခြောက်သွေ့ အောင် မလုပ်ပါနှင့်။ မွေးလမ်းကြောင်း ခြောက်နေပါက လိင်ဆက်ဆံချိန်တွင် ပွန်းလွယ်ပြီး AIDS နှင့် အခြား STDs ပိုးများပိုကူးစက်နိုင်လိမ့်မည်။

 

(ခ) အသိုင်းအဝိုင်း၌အန္တရာယ်နည်း လိင်ဆက်ဆံမှုအတွက် ဆောင်ရွက်ခြင်း။

လိင်ဆိုင်ရာ ကူးစက်ရောဂါများသည် လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် ကျနး်မာရေးပြဿနာဖြစ်သည်။ သင့်အသိုင်းအဝိုင်းတွင် STDs မှ ကာကွယ်ရန် -

• STDs ကြောင့်မိမိနှင့် မိမိ မိသားစု အန္တရာယ်များကို အမျိုးသားရော အမျိုးသမီးများ အားသင်ကြားပေးပါ။

• အမျိုးသားများ ကွန်ဒုံးအသုံးပြုကြရန် အခြားသူများနှင့် တိုင်ပင်ဆောင် ရွက်နည်းလမ်းရှာပါ။

• သင့်အသိုင်းအဝိုင်းတွင် ကွန်ဒုံးရရှိနိုင်ရန် လုပ်ဆောင်ပါ။ ရပ်ရွာဆိုင်များ၊ ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေးဌာနများမှ အခမဲ့ (သို့) စျေးသက်သာသော ကွန်ဒုံးများရရှိနိုင်ရန် ဆောင်ရွက်ပါ။

• အခြား အမျိုးသားများအား ကွန်ဒုံးအသုံးပြုတတ်အောင် သင်ပေးနိုင်ရန် အမျိုးသားများကို သင်တန်းပေးပါ။

• STDs / HIV နှင့် AIDS အပါအဝင် ကျန်းမာရေးပြဿနာများ အကြောင်းပြောဆိုရန် ရပ်ရွာအဖွဲ့အစည်း ဖွဲ့ပေးပါ။

• ဒေသခံ ကျောင်းများတွင် လိင်မှုဆိုင်ရာ ပညာပေးခြင်းကို အထောက်အကူပေးပါ။ STDs၊ HIV နှင့် AIDS အကြောင်းကို ကလေးများ အားသင်ကြားပေးခြင်းဖြင့် ၄င်းတို့ လိင်စတင်ဆက်ဆံသောအခါ အန္တရာယ်နည်း သော လမ်းများကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်းမိဘတို့နားလည်အောင် ရှင်းပြပါ။

• မိမိတို့ သူငယ်ချင်းများအား HIV နှင့် AIDS အပါအဝင် STDs များအကြောင်း သင်ကြားပေးရန် ဆယ်ကျော် သက်များကို အားပေးပါ။

ကွန်ဒုံးအကြောင်းရှင်းပြပြီး ငှက်ပျောသီးက ိုနမူနာအဖြစ်သုံးကာ ကွန်ဒုံးသုံး စွဲနည်းကို လေ့ကျင့်ပေးပါ။

 

Ref: WEAVE

စွမ်းဆောင်နိုင်မှု မြင့်မားရေးအတွက် အမျိုးသမီးများအား ပညာပေးရေးအဖွဲ့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18