Print

ချိုင်းသားဖြူနေစေမယ့် သာဘာဝ နည်းလမ်းများ

  29-Oct-2016
Preview Image

လက်မောင်းအောက် ချိုင်းမည်းနေသူတွေ ကိုယ့်ရဲ့လက်တစ်ကမ်းမှာပဲ အလွယ်ရနိုင်မည့် နည်းတွေနှင့်ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာဆိုပြီး အထင်တော့မသေးပါနှင့် အချိန်နှင့်စိတ်ရှည်မှုလိုပါသည်။ 

(၁) အာလူးက သိပ်ကောင်းတဲ့ အရောင်ချွတ်ဆေးပါ။ သူ့မှာအက်ဆစ်ပျော့တွေ ပါဝင်သောကြောင့် အရည်ပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅မိနစ် ၁ဝမိနစ်လောက် ပွတ်တိုက်ရမည်ပါမယ်။ ပြီးရင်တော့ ရေကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့နှစ်ခါလောက် လုပ်ပေးပါတဲ့ လွယ်တယ်မဟုတ်လား။

(၂) လီမွန်ဆိုတဲ့ ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီးတွေကလဲ သာဘာဝကိုက သန့်စင်သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ လီမွန်ပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက ဆဲလ်အသေတွေကို ဖယ်ရှားပေးခြင်းဖြင့်ဂျိုင်း အသားအရေကို သန့်ရှင်းတောက်ပ စေနိုင်ပါတယ်။ နောက်တနည်းကတော့ သံပုရာရည်+ နနွင်းမှုန့်+ ဒိန်ချဉ်+ ပျားရည်ရောပြီး အနှစ်လုပ်။ အဲဒီအနှစ်ကို ချိုင်းမှာအနည်းဆုံး ၁ဝမိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်ပါ။ ဒီနည်းလေးကလည်း လွယ်ပါတယ်နော်။ 

(၃) Baking Soda မုန့်ဖုတ်ဆော်ဒါကလည်း ချိုင်းသာဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ်အနံ့ဆိုးတွေ မထွက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနှင့် ခပ်ပျစ်ပျစ်လေး ဖြစ်အောင်လုပ်။ ချိူင်းလိမ်းထားပြီး အဲဒီနေရာတစ်ဝိုက်ကို scurbbingလုပ်နေပေါ့။ ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ်ပုတ်ပေးပေါ့။ ဒါလဲလွယ်တာပဲ။

(၄) သခွားသီးကတော့ အသားအရေအရောင် လင်းလက်စေပါသည်။ သံပုရာသီးနှင့် သခွားသီးနှစ်မျိုးရောလိုက်ရင် အသားအရေမှ မည်းကွက်နေတာတွေကို ကောင်းကောင်း အရောင်ချွတ်ပေးနိုင်တာပေါ့။ သခွားသီးက အသားအရေကို ပျော့ပျောင်းစေသလို သံဖရာသီးက အရောင်ချွတ်ပေးတာကိုး။ သခွားသီးကိုလှီးပြီး ချိုင်းသားကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှမဟုတ်လည်းသခွားရည်ကို ချိုင်းမှာမည်းနေတဲ့နေရာကို လိမ်းထားလိုက်ပါ။သခွားသီးသုံးတဲ့ နောက်တစ်နည်းကတော့  သခွားရည်နှင့် သံဖရာရည်အရောထဲ နနွင်းမှုန့်နည်းနည်း ရောမွှေပြီး လိမ်းတာပါ။

(၅) လိမ္မာ်သီးအခွံမှာလဲ ချိုင်းသားတွေ မည်းတာကို ဖြူအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ အရင်ဆုံး လိမ္မော်ခွံကို အခြောက်လှန်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါကြိတ်စက်နှင့် အမှုန့်ဖြစ်သွားအောင်ကြိတ်လိုက်ပါ။ အဲဒီလိမ္မော်ခွံအမှုန့်ရယ်+ နို့ရည်+နှင်းဆီရည် အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်းကိုလိမ်းထား၊ ၁ဝမိနစ် scrub လုပ်။ ခပ်ဖြေးဖြေးပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့။

ကဲ လက်ပြတ်အကျႌပဲဝတ်ဝတ်၊ ချိုင်းအနံ့ဆိုးလည်းမထွက်အောင် အလွယ်သုံး အိမ်တွင်းကုထုံးလေးပါ။

Ref: စောနွဲ့နေဆိုင်း(ပူတာအို) Health For All Magazine  No.103 , p.41, August 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18