Print

တိုက်​ဖွိုက်​​ရောဂါအ​ကြောင်​း သိ​ကောင်​းစရာ

  23-Aug-2017
Preview Image


တိုက်​ဖွိုက်​​ရောဂါသည်​ Salmonella typhi ဆို​သော ဘတ်တီးရီးယား ​ကြောင်​့  ဖြစ်​ပွားခြင်​း ဖြစ်​သည်​။မသန်​့ရှင်​​း​သော အစားအစာ၊​ရေ၊နို့နဲ့နို့ထွက်​ ပစ္စည်​းများတွင်​​ပေါက်​ဖွား​လေ့ရှိသည်​။မသန်​့ရှင်​း​သော အစားအ​သောက်​များကို စားမိရင်​ ​သောက်​မိရင်​ ဒါမှမဟုတ်​ ​ရောဂါပိုး သယ်​​ဆောင်​သူက ပြင်​ဆင်​​ကျွေး​မွေးတဲ့အစားအစာကို စားမိရင်​ ၁၀-၁၄ရက်​အတွင်​း​ရောဂါ လက္ခဏာ ပြတတ်​သည်​


​ရောဂါ လက္ခဏာများမှာ

 ပထမအပတ်​အတွင်​း ကိုယ်​လက်​မအီမသာ ဖြစ်​ခြင်​း၊​ခေါင်​းကိုက်​ခြင်​း ၊ဖျားနာခြင်​း များဖြစ်​တတ်​သည်​။ထူးခြားတာက​တော့ သာမာန်​ဖျားရင်​ ​သွေးခုန်​နှုန်​း မြန်​တတ်​​ပေမယ်​့ တိုက်​ဖွိုက်​​ရောဂါမှာ​တော့ ကိုယ်​ပူသ​လောက်​ ​သွေးခုန်​နှုန်​း မမြန်​တတ်​ပါ ဒုတိယအပတ်​တွင်​ ​ချောင်​းဆိုးခြင်​း ၊ရင်​ညွန်​့တွင်​ အနီစက်​များထွက်​လာခြင်​း ၊ Spleen ​ဘေလုံး ကြီးလာခြင်​း ၊ ပဲဟင်​းရည်​လို အရည်​များ သွားခြင်​းတို့ ုဖြစ်​တတ်​သည်​ ။ထိ​ရောက်​​သော ကုသမှု မခံယူပါက တတိယအပတ်​တွင်​ စိတ်​က​ယောင်​​ချောက်​ချား ဖြစ်​ခြင်​း သတ်​လစ်​ခြင်​း ​အူနံရံ အနားများမှ ​သွေးယိုစိမ်​့ခြင်​း သည်​း​ခြေအိတ်​​ရောင်​ခြင်​း ၊နှလုံးကြွက်​သားများ​ရောင်​ခြင်​း ၊​ကျောက်​ကပ်​​ရောင်​ခြင်​း မှ အသက်​​သေဆုံး သည်​အထိ ဆိုးရွားတတ်​သည်​။သွးဖောက်စစ်ကြည့်လျှင် သွေးဖြူဥသည် သိသိသာသာ ကျနေနိုင်ပါသည်။


 Bacteria ကြောင့် ဖြစ်သော ရောဂါများထဲတွင် ထူးထူးခြားခြား သွေးဖြူဥနဲခြင်း (Typhoid Leukopenia) သည် Typhoid ၏ ထူးခြားချက်တစ်ခု ဖြစ်ပါသည်။ သွေးကို ထုတ်၍ ပိုးမွေး စစ်ကြည့်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ မစင်ထဲတွင်တော့ ၂ ပတ်နှင့် ၃ ပတ်လောက်မှသာ ပိုးများ တွေ့နိုင်ပါသည်။ ကုသမှု အနေဖြင့် ပိုးသတ်ဆေးကို ဆရာဝန်​ညွှန်​ကြားမှု အတိုင်​းသောက်နိုင်ပါသည်။တိုက်​ဖွိုက်​​ရောဂါတွင်​ ရက်​ရှည်​ဖျား​သော​ကြောင်​့ အာဟာရဓာတ်​ ပြည်​့ဝ​နေဖို့ အ​ရေးကြီးသည်​။ ပုံမှန်​စား​နေကျအစားအစာများစားနိုင်​ပါသည်​ ။အူနံရံတွင်​ အနာများရှိ​သော​ကြောင်​့ မာလွန်​းပြီး အစာ​ကြေမလွယ်​​​သော အစားအစာများ မစားသင်​့ပါ။​ရောဂါကာကွယ်​မှုအ​နေဖြင်​့ တစ်​ကိုယ်​​ရေသန်​့ရှင်​းမှု ၊ ပတ်​ဝန်​းကျင်​ သန်​့ရှင်​းမှု ၊ အစားအ​သောက်​များသန်​့ရှင်​းမှုတို့ အ​ရေးကြီးပါသည်​


Ref ဇာခြည်​ဝင်​း (​ဆေးဝါး တက္ကသိုလ်​)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18