Print

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ )

  05-Jul-2017
Preview Image


ကြက်ညှာချောင်းဆိုးရောဂါသည် အလွန်ကူးစက်လွယ်သည့် အသက်ရှူလမ်းကြောင်းတွင် ဖြစ်သောရောဂါဖြစ်ပြီး အသက်ရှူတိုင်း “Whoop” (ဟွပ်ပ်) ဟု မြည်တတ်လေ့ ရှိသည်။


လက္ခဏာများ

ရောဂါပိုးစတင်ကူးစက်ခံရပြီးနောက် ၁ ပတ်မှ ၁၀ ရက်အထိ ကြာတတ်သော်လည်း တစ်ချို့လူများတွင်မူ ထိုထက်ပို၍ ကြာတတ်သည်။ အစပထမပိုင်းတွင် သိပ်မပြင်းထန်ဘဲ ရိုးရိုးအအေးမိလက္ခဏာများဖြစ်သော

. နှာစေးခြင်း

. နှာခေါင်းပိတ်ခြင်း

. မျက်လုံးနီရဲကာ အရည်များထွက်ခြင်း

. ဖျားခြင်း

. ချောင်းဆိုးခြင်းများသာ ပြတတ်သည်။

အချိန် ကြာမြင့်လာပါက ချောင်းဆိုးခြင်းဆိုးဝါးလာပြီး

. အန်ခြင်း

. မျက်နှာ နီ/ပြာလာခြင်း

. အလွန် ပင်ပန်းနုံးနယ်နေခြင်း

. အသက်ရှူလိုက်တိုင်း ဟွပ်ပ် ဟု မြည်ခြင်းတို့ဖြစ်တတ်သည်။ သို့သော် လူအများစုတွင်မူသိသာသော ဟွပ်ပ် ဟုမမြည်တတ်ချေ။


ဖြစ်ပွားရသောအကြောင်းရင်းများ

ကြက်ညှာချောင်းဆိုးရောဂါသည် Bordetella pertussis ဟုခေါ်သော ဘက်တီးရီးယား အကောင်ကြောင့် ဖြစ်ခြင်းဖြစ်သည်။ ရောဂါပိုးကူးစက်ခံထားရသူက ချောင်းဆိုး/နှာချေလျှင် ပိုးကောင်များလေထဲသို ့ထွက်သွားတတ်ပြီးအနီးတွင် ရှိသောလူအသက်ရှူလိုက်လျှင် အဆုတ်ထဲသို့ လွယ်လင့်တကူရောက်သွားနိုင်သည်။


ဖြစ်နိုင်ချေများသူများ

- ကာကွယ်ဆေးမထိုးထားသောလူများတွင် အဖြစ်များသည်။

- ကာကွယ်ဆေးမပြည့် သေးသောကလေးငယ်များ

နောက်ဆက်တွဲပြဿနာများ

ဆယ်ကျော်သက်များနှင့် လူကြီးများတွင် နောက်ဆက်တွဲ ပြဿနာများမဖြစ်ဘဲ ပြန်ကောင်းတတ်သော်လည်း ပြင်းထန်စွာချောင်းဆိုးခြင်းကြောင့် 

- နံရိုးများအက်ခြင်း

- ဗိုက်ထဲတွင် အူကျွံခြင်း

- အရေပြား/မျက်လုံးအဖြူပေါ်တွင် သွေးကြောများ ပြတ်ခြင်းတို ့ဖြစ်တတ်သည်။


၆ လအောက် ကလေးငယ်များတွင် ဖြစ်ပါကနောက်ဆက်တွဲ လက္ခဏာများအနေဖြင့်

- အဆုတ်ရောင်ရောဂါ

- အသက်ရှူ နှေးကာ ရပ်ရပ်သွားခြင်း

- အစာမစားခြင်းကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း

- တက်ခြင်း

- ဦးနှောက်ထိသွားခြင်း အထိဆိုးရွားစွာ ဖြစ်စေနိုင်ပါသည်။

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

အကယ်၍ သင်ကိုယ်တိုင် (သို ့) သင့်ကလေးတွင်

. အန်ခြင်း

. မျက်နှာ နီ/ပြာလာခြင်း

. အသက်ရှူရ ခက်နေခြင်းနှင့်

. အသက်ရှူလျှင် ‘ဟွပ်ပ်’ ဟု ကြားနေရလျှင် နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက် ပြသသင့်ပါသည်။


စစ်ဆေးမှုများ

ရောဂါ ဖြစ်စတွင် သိရှိရန် ခက်ခဲသော်လည်း ကြာလာသည်နှင့်အမျှ ရောဂါရာဇဝင်အကြောင်းမေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှာခေါင်းနှင့် လည်ချောင်းမှ ယူ၍ အကောင်မွေးခြင်း၊ သွေးစစ်ခြင်းနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ပေးခြင်းအားဖြင့် ရောဂါကိုရှာဖွေသိရှိနိုင်သည်။


ကုသခြင်း

ကလေးငယ်များတွင် ဖြစ်ပွားပါကဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သည်။ အရည်နှင့်အစာမဝင်ပါက သွေးပြန်ကြောမှ တစ်ဆင့် အရည်များထည့်ပေးရန်နှင့် တခြားကလေးငယ်များနှင့် ခွဲထားရန် လိုအပ်ပေသည်။ ကလေးကြီးများနှင့် လူကြီးများဆိုပါက အိမ်တွင်နေ၍ ကုသနိုင်သည်။ ရောဂါကူးစက်ခံရသူကို ပိုးသတ်ဆေးများပေးခြင်းအပြင် မိသားစုဝင်များကိုလည်း ပိုးသတ်ဆေးများပေး၍ ကြိုတင်ကာကွယ်ထားရန် လိုအပ်သည်။


အိမ်တွင်းကုထုံးနှင့် လူမှုနေထိုင်မှုပုံစံ

ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်လျှင် အိမ်တွင်ပြုလုပ်နိုင်သော

- လုံလောက်စွာအနားယူခြင်း

- အရည်များများသောက်ပေးခြင်း

- အစားကိုနည်းနည်းနှင့် မကြာခဏစားပေးခြင်း

- အိမ်တွင်းလေထုကို သန့်စင်ပေးခြင်းတို ့ပြုလုပ်ပေးနိုင်ပါတယ်။


ကာကွယ်ခြင်း

ကြက်ညှာချောင်းဆိုးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးရန် ဖြစ်သည်။ ကလေးမွေးကင်းစ ၂ လ၊ ၄ လ၊ ၆ လ၊ ၁နှစ်ခွဲနှင့် ၄-၆ နှစ် ဟူ၍ ၅ ကြိမ် ကာကွယ်ဆေးထိုးပေးနိုင်သည်။


Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18