Print

အန္တရာယ်ရှိတဲ့ တီဘီ

  29-Mar-2017
Preview Image

တီဘီရောဂါဆိုရင် လူကြီးလူငယ်မရွေး သိကြမယ်ထင်ပါတယ်။ တီဘီရောဂါစွဲကပ်ခံရသည့် လူနာသည် တီဘီဆေးကို အနည်းဆုံး (၆) လခန့် အချိန်မှန်မှန်နှင့် တိတိကျကျ သောက်ဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှန်မှန် သောက်လျှင် ရောဂါလုံးဝအရှင်း ပျောက်နိုင်တယ်။ တီဘီကြောင့်အသက်ဆုံးရှုံးရမှု မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လူတွေက ဆေးမှန်မှန်မသောက်ဘူး။ (၂) လ လောက်သောက်ပြီရင် လက္ခဏာတွေ မရှိတော့ရင် ကိုယ့်သဘောနှင့်ကိုယ် ဆေးဖြတ်တယ်။ ဒါတွေကြောင့်ပဲ နောက်ပိုင်းမှာ တီဘီဆေးကို ခံနိုင်ရည်ရှိတဲ့ ဆေးယဉ်ပါး တီဘီကူးစက်ခံရတယ်။


 လူနာအနေနဲ့လည်း ရိုးရိုးတီဘီဆေးထက်မြင့်တဲ့ ဆေးများကို မှီဝဲမှ ပျောက်ကင်းနိုင်တော့တာပါ။ လူတွေကြောင့်ပဲ ပိုမိုဆိုးရွားတဲ့ ဒီလိုရောဂါတွေပေါ်လာတယ်။ ရလဒ်အနေကတော့ ဒီလိုရောဂါကြောင့် လူတွေပဲ တီဘီပိုးပါတဲ့ လေကိုရှူမိလို့ ကူးစက်တာလေ။ အဓိကအားဖြင့် ချောင်းဆိုးတာ၊ နှာချည်တာ၊ စကားပြောကာမှ ထွက်လာတဲ့ အမှုန်အမွှားကတစ်ဆင့် ကူးစက်နိုင်တာပါ။ 


လက္ခဏာများ

- (၃) ပတ်နှင့် အထက်ချောင်းဆိုးနေခြင်း

- ချောင်းဆိုးလျှင် သွေးပါခြင်း

- အသက်ရှူချိန်၊ ချောင်းဆိုးချိန်တွင် ရင်ဘတ်အောင့်ခြင်း

- ကိုယ်အလေးချိန်မချဘဲ အလေးချိန်လျော့ကျလာခြင်း

- ပင်ပန်းနွမ်းနယ်နေခြင်း

- ဖျားခြင်း (အထူးသဖြင့် ညနေပိုင်းတွင် အဖျားမကြီးဘဲ တစ်ငွေ့ငွေ့ပူနေခြင်း)

- ညအချိန်တွင် ချွေးထွက်ခြင်း

- ချမ်းတုန်ခြင်း

- အစားအသောက်ပျက်ခြင်း စသည်တို့ဖြစ်သည်။


စမ်းသပ်စစ်ဆေးမှုအနေဖြင့် ဆရာဝန်က တီဘီရောဂါလက္ခဏာများ တွေ့ရှိနေပါက 

- လူနာ၏ သလိပ်ကိုစစ်ဆေးခြင်း

- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

- သွေးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ 


ထိုစစ်ဆေးမှုများသည် အချိန်တိုအတွင်း သိနိုင်သလို၊ ကုန်ကျစရိတ်လည်း နည်းပါးသည့် စစ်ဆေးမှုများ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဆရာစာဖတ်သူတွေကိ အဓိကပေးချင်တဲ့ စကားလက်ဆောင်ကတော့ -


(၁) မိမိတွင် တီဘီရောဂါခံစားနေရသည်ဟု ထင်ပါက ဆရာဝန်နှင့်  ချက်ချင်းဆွေးနွေးတိုင်ပင်ပါ။ သလိပ်စစ်ပါ။


(၂)  တီဘီရှိ၍ ဆေးသောက်လျှင်လည်း ဆေးကိုမှန်မှန်သောက်ဖို့ မမေ့ပါနှင့်။ မိမိအကျိုးအတွက်ဖြစ်သလို၊ အခြားသို့ မကူးစက်အောင် ပြုလုပ်နေသည်ဟု စိတ်ထား၍ ဆေးကိုသောက်သုံးပေးပါဟု တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


Credit : Dr.Archer (7887 Health Call Center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18