Print

အိပ်ချ်အိုင်ဗွီဖြစ်လျှင် တီဘီသတိဝင်

  24-Feb-2017
Preview Image

အေအိုင်ဒီအက်စ်ရောဂါ အဆင့်ရောက်လောက်အောင် (ဒါမှမဟုတ်) အေအိုင်ဒီ အက်စ်ရောဂါ အဆင့် နီးပါးရောက်လောက်အောင် ကိုယ်ခံစွမ်းအားကျဆင်းနေပြီဆို ရင်တော့ တီဘီပိုးအပါအဝင် ဖြစ်တဲ့ ရောဂါပိုးတွေကို ကိုယ်ခံအားစနစ်က မတွန်းလှန် မဖယ်ရှားနိုင်တဲ့အတွက် ခန္ဓာကိုယ်ထဲ ဒီအတိုင်း လက်ခံထားရတဲ့ ဘဝမျိုးဖြစ်သွား ရပါတယ်။ အခုခေတ် အိပ်ချ်အိုင်ဗွီရောဂါ ပိုးသတ်ဆေးတွေဟာ အစွမ်းထက်လှသလို အိပ်ချ်အိုင်ဗွီရောဂါ ကုထုံးတွေဟာလည်း သိပ်အားကိုးလို့ရပါတယ်။

 

အစွမ်းပြန်တက်လာတဲ့ ကိုယ်ခံစွမ်းအားကြောင့် တီဘီပိုး အပါအဝင်အခြားသောရောဂါပိုး တွေသာမက အဲဒီပိုးတွေတည်ရှိနေတဲ့ မှီတင်းနေထိုင်နေတဲ့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ ထိခိုက်မှုတွေ ရှိလာပါတယ်။ အိပ်ချ်အိုင်ဗွီလူနာတွေအနေနဲ့ အိပ်ချ်အိုင်ဗွီပိုးကြောင့်မသေရဘဲ ပြန်ပြီးခေါင်းထောင်လာတဲ့ ကိုယ်ခံစွမ်းအားကြောင့်သေဆုံးရတာတွေ (အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် ခေတ်ကာလမှာ) များပြားလှပါတယ်။ တစ်နည်းပြောရရင် ဆေးအတွက်လေးကုန်ကြပါတယ်။

 

ဒါကြောင့်ဒီလိုမျိုးမဖြစ်ရလေအောင်(ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာ)အိပ်ချ်အိုင်ဗွီဝေဒနာရှင် တိုင်းမှာ အဲဒီ ကျူဘာကူလင်ပရိုတင်း ရှိ၊ မရှိဆိုတာကို ချက်ချင်းစစ်ဆေးကြ ပါတယ်။ အဲဒီအဖြေပေါ်မူတည်ပြီးတော့မှ လိုအပ်ခဲ့ရင် တီဘီရောဂါကို အရင်ကုကြရ ပါတယ်။ ဒါမှသာ စောစောကတင်ပြခဲ့တဲ့ အိပ်ချ်အိုင်ဗွီဆေးအတွက်လေး ဆိုတာမျိုးတွေ ကို ရှောင်ရှားနိုင်မှာပါ။

 

ကျူဘာကူလင်အဖြေရ တီဘိရောဂါ မရှိသေးဘူးဆိုရင်တောင် ကမ္ဘာါအိပ်ချ်အိုင်ဗွီ ပါရဂူတွေက ဒီပရိုတင်းကို နှစ်စဉ်ပြန်ပြီး စစ်ဆေးဖို့ အကြံပြုကြပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအောင်မိုး
(အထွေထွေရောဂါအထူးကုသမားတော်ကြီး)
Health for all magazine December 2014, Pg. 118

 



Related Articles


Advertisment 18