Print

Chlorea (ကာလဝမ်းရောဂါ)

  24-Feb-2017
Preview Image

ကာလဝမ်းရောဂါသည် “Vibrio chloreae”ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွား ပြီး ရောဂါပိုးပါဝင်သောရေမှတဆင့် ကူးစက်သည်။ ကာလဝမ်းရောဂါတွင် ဝမ်းများအ ဆက်မပြတ်သွားခြင်းကြောင့် ရေဓာတ်ပြင်းပြင်းထန်ထန် ခြောက်ခမ်းကာ ယခင်က ကျန်းမာသူပင် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ဆင်းရဲသောဒေသများ၊ စစ်ပွဲများ ၊ သဘာဝဘေးကြုံတွေ့နေရချိန်တို့တွင် ကပ်ရောဂါတစ်မျိုးဖြစ်သော ကာလဝမ်းရောဂါ
ဖြစ်နိုင်ချေ ပို၍များသည်။

 

လက္ခဏာများ
လူအများစုတွင် ကာလဝမ်းရောဂါပိုးရရှိပြီးသော်လည်း ရောဂါလက္ခဏာ များပြသခြင်း၊ ဖျားနာခြင်းတို့ကို မကြုံတွေ့ရတတ်ပေ။ သို့သော် ကာလဝမ်းရောဂါပိုး မှာ ရောဂါပိုးဝင်ပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း ထိုသူ၏ ဝမ်းအတွင်းသို့ ပါသွားနို်င်သည်။ ထိုမှတဆင့် ရောဂါပိုးသည် ရေထဲသို့ရောက်ရှိကာ အခြားသူများထံသို့ ကူးစက်နိုင်သည်။ရောဂါပိုးကူးစက်ခံရသူ ဆယ်ယောက်တွင် တစ်ယောက်ခန့်သာ ပိုးဝင်ပြီး ရက်အနည်းငယ် အတွင်း ရောဂါလက္ခဏာများပြလေ့ရှိသည်။

 

ရောဂါလက္ခဏာများ အနေဖြင့်- 

• ဝမ်းလျှောခြင်း - ရုတ်တရက် ဝမ်းအရည်များ များစွာသွားတတ်သည်။ တစ်နာရီအတွင်း တွင်ပင် ဝမ်းအရည် တစ်လီတာခန့်ထိ သွားတတ်သည်။ ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့ သို့ အဖြူရောင်ဖျော့ဖျော့ ကျဲကျဲဖြစ်သည်။

• ပျို့အန်ခြင်း - ကာလဝမ်းရောဂါ၏ ရှေးဦးလက္ခဏာများတွင် ပါဝင်သည်။

• ရေဓာတ်ခမ်းခြောက်ခြင်း - ကာလဝမ်းရောဂါဖြစ်ပွားပြီး နာရီပိုင်းအတွင်းတွင်ပင် ရေဓာတ် လွန်စွာဆုံးရှုုံးသွားတတ်သည်။ ခန္ဓာကို်ယ်အလေးချိန်၏ ဆယ်ရာခိုင်နှုန်းခန့် ရေဓာတ်ဆုံးရှုုံး ပါက ရေဓာတ်ဆုံးရှုံးခြင်း ပြင်းထန်အဆင့်ဟု သတ်မှတ်နို်င်သည်။

• ရေဓာတ်ဆုံးရှုံးခြင်း၏ လက္ခဏာများအနေဖြင့် ဂဃမငြိ်မ်ဖြစ်ခြင်း၊ နုန်းခွေခြင်း။ မျက်တွင်းများချိုင့်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ရေဆာလွန်းခြင်း၊အရေပြားများခြောက်သွေ့ခြင်း ၊ ရှုံ့သွားခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ 

• ဝမ်းများစွာသွားခြင်းကြောင့် ရေဓာတ်သာမက သွေးတွင်းသတ္ထုဓာတ်များပါ ဆုံးရှုံးကာ ကြွက်တတ်ခြင်း၊ သွေးပေါင် ရုတ်တရက်ကျသွားခြင်းတို့ကို ကြုံတွေ့ရတတ်သည်။

• ကလေးငယ်များတွင်မူ ရေဓာတ်ဆုံးရှုံးမှုနှင့်အတူ သွေးတွင်းသကြားဓာတ်များလဲ ဆုံးရှုုံးသွားသောကြောင့် တက်ခြင်း၊ သတိမကောင်းခြင်း၊ လုံးဝ သတိမေ့သွားခြင်းတို့ကို ကြုံတွေ့ရနိုင်သည်။ 

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သော အချက်များ
ကာလဝမ်းရောဂါသည် ကပ်ရောဂါအသွင်ဖြင့် လူအများကို ကူးစက်လွယ်ခြင်း ၊ ဖြစ်ပွား၍ အချိ်န်မီမကုသပါက လျင်မြန်စွာ အသက်ဆုံးရှုံးနိုင်သဖြင့် ဖြစ်လျှင်ဖြစ်ချင်း နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်သော Vibrio chloreae ကြောင့် ဖြစ်ပွားရသည်။ ရောဂါပိုးပါဝင်သော ရေမှတစ်ဆင့် ကူးစက်တတ်သည်။ ကျက်အောင် မချက်ပြုတ် ထားသော ပင်လယ်စာများ၊ သန့်ရှင်းအောင်မဆေးကြောထားသော၊ အခွံမခွာထားသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများမှလဲ ကူးစက်နိုင်သည်။

 

အဖြစ်များသူများ
• သန့်ရှင်းမှုအားနည်းသူများ - ရေသန့်မရရှိသူများ၊ အိမ်သာမသုံးသူများ၊ ဒုက္ခသည်စခန်းများ၊ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရသောဒေသများ
• အစာအိမ်တွင်း အက်ဆစ်ဓာတ်နည်းသူများ
• ကာလဝမ်းရောဂါဖြစ်နေသူကို ပြုစုနေရသူများ၊ တစ်အိမ်ထဲနေသူများ
• အိုသွေးအမျိုးအစားနှင့်
• အသားစိမ်း၊ အသီးအရွက်စိမ်းစားလေ့ရှိသူများတွင် အဖြစ်များသည်။

 

နောက်ဆက်တွဲပြဿနာများ
• သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းကြောင့် တက်ခြင်း၊ သတိလစ်မေ့မြောခြင်း
• သွေးတွင်း ပိုတက်ဆီယမ်ဓာတ်လျော့နည်းခြင်း
• ရေဓာတ်များစွာ ဆုံးရှုံးခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ နာရီပိုင်းအတွင်း အသက်ဆုံးရှုံးခြင်းကို ဖြစ်ပွားစေသည်။

 

စစ်ဆေးမှုများ
ကာလဝမ်းရောဂါ ဟုတ်၊ မဟုတ်သိနို်င်ရန် ရောဂါလက္ခဏာများအပြင် Vibrio chloreae ရှိမရှိ စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း
အသက်အန္တရာယ်ဆုံးရှုံးနိုင်သောကြောင့် အချိန်မီ ဆေးကုသမှုခံယူရန် အရေးကြီးသည်။
• ဆုံးရှုံးသွားသော ရေဓာတ်များအတွက် ဓာတ်ဆားရည်တိုက်ခြင်း
• လိုအပ်ပါက သွေးပြန်ကြောမှတဆင့် အရည်များသွင်းခြင်း
• ပိုးသတ်ဆေးများ အသုံးပြုခြင်း
• ဝမ်းလျှောသောပမာဏနှင့် အချိန် နည်းသွားစေရန် ဇင့်ဓာတ်အားဖြည့်ပေးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

 

ကာကွယ်ခြင်း
ကာလဝမ်းရောဂါကို ကာကွယ်နိုင်ရန် - 

• အိမ်သာတက်ပြီးချိန်နှင့် လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ။
• ရေသန့် သို့မဟုတ် ရေကို ကျိုချက်ပြီးသာ သောက်သုံးပါ။
• အစားအစာများကို ကျက်အောင် ချက်ပြုတ်ပြီးမှစားပါ။
• ပင်လယ်စာများ အစိမ်းစားခြင်းကိုရှောင်ပါ။
• အသီးအနှံများကို အခွံခွာစားပါ။

 

Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref; Mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18