Print

ကမ္ဘာပေါ်မှာ အသည်းရောင်စီပိုး ပပျောက်အောင် လုပ်နိုင်ပါ့မလား

  24-Feb-2017
Preview Image

အသည်းရောင် C ပိုးအတွက် Direct-acting antivirals (DAA) ဆိုတဲ့ စားဆေးတွေဟာ အစွမ်းလဲထက် ဆိုးကျိုးလည်းနည်း၊ အချိန်တိုအတွင်းမှာ အသည်းရောင် C ပိုးကို ပပျောက်အောင် ကုနိုင်တဲ့ စွမ်းရည်တွေ ရှိတယ်။ နာတာရှည် ဗိုင်းရပ်စ်ရောဂါတစ်ခုကို ဆေးအစွမ်းနဲ့ ပျောက်အောင်ကုနိုင်တယ်ဆိုတာ အသည်းရောင်စီပိုးမှာ ပထမပဲဆုံးပဲ။

 

အချိန်တိုတိုနဲ့ ဆေးနှစ်မျိုး၊သုံးမျိုးပေါင်းပြီး ကုမယ်ဆိုရင် ထိုးဆေးမပါ စားဆေးသက်သက်ဖြင့် အသည်းရောင်စီပိုးကို (၈) ပတ်ကနေ (၁၂) ပတ်အတွင်းမှာ ပျောက်ကင်းအောင် ကုနိုင်တယ်။ ကမ္ဘာမှာ အသည်းရောင်စီပိုးကို အပြတ်ပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ အခြေအနေတစ်ခု ပေါ်လာခဲ့တယ်။

 

ကာကွယ်ဆေးနဲ့မဟုတ်ဘဲ ပထမဦးဆုံးအကြိမ် စားဆေးသက်သက်နဲ့ရောဂါကို ပပျောက်အောင် လုပ်နိုင်တဲ့ အခြေအနေတစ်ရပ် ပေါ်လာတယ်။ ဒါပေမယ့် ဒီအံ့သြစရာကောင်းတဲ့ အောင် ပွဲကြီးရဖို့ရာ အခက်အခဲတွေအများကြီး ကျော်လွှားရတယ်။

 

ကျော်လွှားရမယ့်နည်းလမ်းကတော့ -

(၁) အသည်းရောင်စီပိုးအတွက် ဆေးတွေကို ကောင်းသထက်ကောင်းအောင် ထုတ်လုပ်ဖို့ဘဲ။

(၂) အသည်းရောင်စီပိုးရှိပြီး၊ ရှိမှန်းသိတဲ့လူတွေက ၁၅%ပဲရှိတယ်။ အသည်းရောင်စီပိုး ဟာ နှစ်လရှည်ကြာ ရောဂါလက္ခဏာ မပြတဲ့အတွက် ရှိလို့ရှိမှန်း မသိတဲ့လူတွေက များတယ်။ ဒါကြောင့် လူတိုင်းသွေးစစ်ကြည့်နိုင်အောင် စီမံရမည်။

(၃) စစ်လို့ရှိလို့ သိပြီဆိုရင် ဆေးကုသခွင့်ရအောင် စီစဉ်ပေးရမယ်။

(၄) ဆရာဝန်တွေကိုလည်း စီပိုးစနစ်တကျ ကုတတ်အောင် လေ့ကျင့်ပေးရမယ်။

(၅) အခက်ဆုံးကတော့ ဆေးတွေပေါပေါနဲ့ရဖို့ပဲ။ ထက်မြက်တဲ့ဆေးတွေကို စျေးချိုချိုနဲ့ရနိုင်မှ တစ်မ္ဘာလုံးက စီပိုးရှိသူတွေကို ကုသနိုင်မယ်။

(၆) အကြောဆေး၊ မူးယစ်ဆေးစွဲသူ၊ အခကြေးငွေဖြင့် လိင်လုပ်ငန်းလုပ်သူ၊ လိင်တူဆက်ဆံသူ အမျိုးသားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုကို မယုံကြည်လို့ မချဉ်းကပ်ကြဘူး။ သူတို့ဟာ ကျန်းမာရေးဌာနတွေနဲ့ အလှမ်းဝေးနေတယ်။ သူတို့ဆီကို ကျန်းမာရေးစောင့်ရှောက်မှု အရောက်သွားနိုင်အောင် စီမံရမယ်။ ဒါတွေဟာအားလုံး လက်တွဲဆောင်ရွက်မှ အောင်မြင်နိုင်မယ်။ လူနာ၊ ဆရာဝန်၊ ဆရာမ ထောက်ပ့ံကူညီသူ၊
ဆေးကုမ္ပဏီ၊ အစိုးရကျန်းမာရေးဌာန၊ လူထုလူတန်းစား အမျိုးမျိုးလက်တွဲပါဝင်နိုင် မှ အောင်မြင်နိုင်မယ်။

 

ပထမလူထုကို နှိုးဆော်ရမယ်။ ဖြစ်နှုန်းတွေကို လေ့လာရမယ်။ ရန်ပုံငွေ ထူထောင်ရမယ်။ အသင်းအဖွဲ့တွေကကူညီရမယ်။ မူးယစ်ဆေးဝါးစွဲသူ၊ အခကြေးငွေဖြင့် လိင်တူ လုပ်ငန်းလုပ်သူ၊ အခြားရောဂါရှိသူများ၊ အကျဉ်းထောင်၊ အိမ်မဲ့ရာမဲ့လူများဆီကို ကျန်းမာရေး အရောက်လှမ်းပို့ရမယ်။ တကယ်လုပ်နိုင်ရင် အသည်းရောင်စီကြောင့်ဖြစ်တဲ့ အသည်းခြောက်၊ အသည်းကင်ဆာလျော့သွားမယ်။ ကျန်းမာရေး စရိတ်စကလည်း ကျသွားမယ်။ 

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Myanmar Healthcare Directory 2015 စာအုပ်မှကောက်နှုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18