Print

ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် တိုင်ပင်ဆွေးနွေးပညာပေးခြင်းအကြောင်း

  24-Feb-2017
Preview Image

ဘယ်လိုပုံစံနှင့်ဆွေးနွေးလိုပါသလဲ။
• တစ်ဦးချင်းတွေ့ဆုံဆွေးနွေးခြင်း။
• မိသားစုဝင်များအား ဆွေးနွေးခြင်း။
• အုပ်စုတူရာ စုပေါင်းဆွေးနွေးခြင်း။

 

ဘယ်လိုအကျိုးတရားတွေခံစားရမလဲ
• အခက်အခဲများကို ကိုယ်တိုင်နားလည်သဘောပေါက်ပြီး ရင်ဆိုင်လာနိုင်ခြင်း။
• အိတ်ချ်အိုင်ဗွီရောဂါကူးစက်ပြန့်ပွားစေတတ်သောအပြုအမူ အကျင့်ဆိုးများ လျော့နည်း
ပပျောက်သွားစေခြင်း။
• ကြောက်ရွံထိတ်လန့်မှု၊ တုန်လှုပ်ချောက်ရှားမှု၊ စိတ်လှုပ်ရှားမှုမျုားကို ရင်ဆိုင် လာနိုင်စေခြင်း။
• အခက်အခဲပြဿနာများကို အကျဉ်းအကြပ်ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် အကူအညီ ရယူနိုင်ခြင်း။
• အိတ်ချ်အိုင်ဗွီပိုးရှိသူများကို လူမှုရေးအသိုင်းအဝိုင်းပြင်ပသို့ တွန်းထုတ်ပေးချင်သော စိတ်ထားများကို မဖြစ်ပွားစေရန်၊ ပပျောက်စေရန်နှင့်။
• ၎င်းတို့အား လူမှုရေးအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆန့်လာစေရန်အထောက်အကူပြုခြင်းသင့်အားအပြည့်အဝ အကူအညီပေးပါရစေ။• အိတ်ချ်အိုင်ဗွီပိုးကြောင့် ကိုယ်ခံအားကျဆင်းသွား၍ ဝင်ရောက်လာသော အခြားရောဂါ များအား ကုသပေးနိုင်ပါသည်။
• ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာခံစားရမှုများ ကို လျော့နည်းစေနိုင်ပါသည်။
• အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သောအချက်များကို နားလည်သဘောပေါက်အောင် ရှင်းလင်းပေးခြင်းဖြင့် ဆက်သွယ်လာသူမှန် သမျှကိုအေးချမ်းစွာနေထိုင်နိုင်စေရန် ဆောင်ရွက်ပေးနိုင်ပါသည်။ 
• သို့ဖြစ်ပါ၍ သင့်အခဲအခက်ပြဿနာများဖြင့် ဖြေရှင်းပေးနေသော နှစ်သိမ့်ဆွေးနွေး ပညာပေးသူများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် စေတနာကောင်းဖြင့်အသိပေးဖိတ်ခေါ်အပ်ပါသည်။ 
• သင်နှင့်ထပ်တူ မျှဝေခံစားတတ်ပါသည်။
• လာရောက်ဆွေးနွေးရန် ကြိုဆိုပါသည်။
• လုံခြုံစိတ်ချရသောနေရာတွင် ဆွေးနွေးပေးပါ။
• လုံလောက်သောအချိန်ပေး၍ ဆွေးနွေးပေးပါသည်။
• ဆွေးနွေးချက်များကို မပေါက်ကြားစေရန် ထိန်းသိမ်းပေးပါသည်။

 

တွေ့ဆုံဆွေးနွေးနိုင်သောနေရာများ
• နှစ်သိမ့်ဆွေးနွေးပညာပေးအဖွဲ့ (ဗဟို)
• ရန်ကုန်ပြည်သူ့ဆေးရုံကြီး
• တိုးချဲ့ပြည်သူ့ဆေးရုံဝင်း
• ဗိုလ်ချုပ်အောင်ဆန်းလမ်း
• ရန်ကုန်မြို့။ (၂၈၆၈၉၂)
• ပြည်နယ်နှင့် တိုင်းများရှိဆေးရုံကြီးများ
• ကာလသားရောဂါတိုက်ဖျက်ရေးဌာနများ
• မြန်မာနိုင်ငံဆရာဝန်အသင်း
• မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
• မြန်မာနိုင်ငံကြက်ခြေနီအသင်း

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Myanmar Healthcare Directory 2015 စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18