Print

သန်ကောင် တုတ်ကောင် လျှော့မတွက်စေလို

  24-Feb-2017
Preview Image

ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့ တုုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သက်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ်။ အမေရိကန်လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများ ကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သန်ချဖို့ ၊ စားသောက်ဆိုင်ရွေးစားဖို့နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်း သေချာ
ဆေးကြောဖို့ အကြံပေးထားပါတယ်။

 

ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင်တွေနဲ့ပတ်သတ်လို့ ဆရာဝန် တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စိနဲ့ တတ်အပ် မြင်ရလောက်တဲ့ အခြေအနေကျမှသာ သိကြရတာပါ ။ လူတိုင်းဟာနေ့စဉ်ဘဝ လူနေမှု မှာ ကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ်။ ကပ်ပါးကောင် သန်ကောင်တွေကြောင့် မအီမသာဖြစ် တာတွေကိုုလဲ နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ်။

 

ကပ်ပါးကောင် သန်ကောင်တွေကြောင့် ကိုုယ်တွင်းအခြေအနေပျက်စီးခြင်းက အတိုင်းအဆ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သန်ကောင်အမျိုးအစား တော်တော်များများရဲ့ အရွယ်ပမာဏဟာ အလွန်သေးငယ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမျိုးမဆိုုအသားငံရေ သွေးတို့ကတဆင့် ခရီးပေါက်နိုင်ကြပါတယ်။ ကပ်ပါးသန်ကောင်တွေဟာ လူတွေရဲ့ အာဟာရတွေကိုလဲ စားသုံးကြပါတယ်။ အရေပြားရောင်ရမ်း ယားနာခြင်းတွေကလဲ ကပ်ပါးသံကောင်တွေကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့်ဒီလိုယားယံမှုမျိုးတွေဟာ ကပ်ပါးသန်ကောင်တွေကို မနှိမ်နှင်းဘဲနဲ့ မပျောက်နိုင်ပါဘူး ။ တစ်ချို့ကတော့ ကုသမရဘူးလို့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုခံအားစနစ်ယိုယွင်းခြင်းလို့ ခေါင်းစဉ်တတ်ကြပါတယ်။

Heart worms: ဒီလိုသန်ကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုုယ်ထဲမှာ တွေ့ရဖို့ အလွန်အမင်း ရှားပါးပါတယ်။ တကယ်လို့ တွေ့ရပြီဆိုရင်လဲ နှလုံးထဲမှာထက်အဆုတ်ထဲမှာ တစ်ကောင်တည်း တွေ့ရလေ့ရှိပါတယ်။ ဒီလိုကောင်တွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးတတ်ပါဘူး။ ခြင်ကိုက်ခံရတာကနေ ကူးစက်နိုင်ပါတယ်။Tape worms: ဒီလို သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေကို စားသုံးရာကနေ ကူးတတ်ပါတယ်။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုဖြစ်နိုင်ပါတယ်။ အောက်ဘက်ရှိ အူတွေထဲမှာ နေကြတာများပါတယ်။
မကူးစက်နိုင်အောင် အသားငါးတွေကို လက်အိတ်နဲ့ ကိုင်တွယ်ဆေးကြောပြီး လက်ကို ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ်။

 

Pin worms: တုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုတ်ထဲမှာ ခိုအောင်းနေလေ့ ရှိပြီး ညအချိန်ကြရင် စအိုဝကို ဥများဥချဖို့ ဆင်းလာလေ့ရှိပါတယ်။ ဥကပြန်ပေါက်တဲ့ အကောင်သေးလေးတွေက စအိုုထဲကနေ ခန္ဓာကိုုယ်ထဲ ပြန်ဝင်ကြပါတယ်။ညအခါ စအိုဝယားလို့ လက်နဲ့ ကုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေပါလာတတ်ပြီး ထိုလက်နဲ့ ထိတဲ့ မည်သည့်နေရာမဆို ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ်။ လေထဲမှာ လွင့်နိုင်လောက်တဲ့အထိ ဥများက သေးမွှားပါတယ်။ အသက်ရှူ တဲ့အခါလဲ ဝင်ရောက် ပါသွားနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲအထိ ရောက်ရှိအသက်ရှင်နိုင်ပါတယ်။


Hook worms and thread worms: ဒီအမျိုးအစားကတော့ သောက်ရေ မသန့်ရှင်းတာကနေ ကူးစက် တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်ကနေ တဆင့်ကူးစက်လာတတ်ပါတယ်။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြားကနေ ခန္ဓာကိုယ်ထဲအထိ အရေပြားမှာ ပြတ်ရှရာ မရှိဘဲနဲ့ကို ဝင်ရောက်နိုင်ပါတယ်။ဒါကြောင့်မို့ သန့်ရှင်းတဲ့ ဖိနပ်ကို အမြဲဝတ်ထားဖို့ လိုအပ်ပါတယ်။ ဒီကပ်ပါး သန်ကောင်အမျိုးအစားက နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ဥများကိုလဲဆယ်နှစ်အထိ ဥချနိုင်ကြပါတယ်။

 

Symptoms of Parasite Infection ( ကပ်ပါးကောင် ကူးစက်ခံရပြီဆိုရင် )
- ဝမ်းဆက်တိုက်လျှောခြင်း ဒါမှမဟုုတ် ဝမ်းချုပ်ခြင်း Repeated diarrhoea or constipation

- အကြောင်းမဲ့ ပျို့ခြင်း၊ တခါတရံအန်ခြင်း Chronic, unexplained nausea, often accompanied by vomiting

- အလွန်တရာ ပင်ပန်းလွယ်ခြင်း၊ အားနည်းလွယ်ခြင်း Fatigue and weakness

- အူအောင့်ခြင်း ဗိုက်အောင့်ခြင်း Intestinal cramping

- အာရုံများ မူးနောက်တတ်ခြင်း Unexplained dizziness

- အာပုတ်နံ့နံခြင်း Foul-smelling gas

- အစာမကြေခြင်း Indigestion

- လေပွခြင်း၊ လေပူထခြင်း Bloating

- အစားအသောက် ဓာတ်မတည့်ခြင်းများ Multiple food allergies

- ခံတွင်းပျက်ခြင်း Loss of appetite

- စအိုဝယားယံခြင်း အထူးသဖြင့် ညအခါ Itching around the anus, especially at night

- အိပ်ပျော်ရန် ခက်ခဲခြင်း Difficulty in sleeping

- ကျန်းမာသော ခန္ဓာကိုယ် အလေးချိန် ထိန်းထားရန် ခက်ခဲခြင်း ( ဝခြင်းနှင့် ပိန်ခြင်း )Difficulty maintaining a healthy weight (over or underweight)

- ခြေဖဝါးများ ယားယံခြင်း Itching on the soles of the feet, often accompanied by a rash

- အလွန်များလာလျှင် ချောင်းဆိုုးသည့်အခါ သွေးပါလာခြင်း Coughing blood (severe cases)

- နှလုုံးခုန် အလွန်မြန်လာခြင်း Palpitations (hook worms)

- သွေးအားနည်းခြင်း Anaemia

- မျက်လုံးတဝိုက် ရောင်အမ်းခြင်း Facial swelling around the eyes (round worms)

- ကြက်ညှာချောင်းဆိုးခြင်း၊ အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ လေပူပွထခြင်း Wheezing and coughing followed by vomiting, stomach pain and bloating (suggesting round worms or thread worms)

 

Allopathic Treatments
ဆရာဝန်က သန်ကောင်တုတ်ကောင် ရှိပြီဆိုရင် anti-parasitic ဆေးပေးပါလိမ့်မယ်။ ထိုဆေးများဟာ အမြဲ အဆိပ်အတောက်ရှိတဲ့အတွက် အရည်ကျိတ်များရောင် ရမ်းခြင်း၊ ခြေလက်များ ရောင်ခြင်းတို့ အနည်းငယ် ဖြစ်နိုင်ပါတယ်။ မျက်စိဝါးခြင်း၊ဝေသီခြင်း အကြောတက်ခြင်း ဖြစ်တတ်ပါတယ်။ ဝမ်းလဲ လျှောတတ်ပါတယ်။ကပ်ပါးကောင်များ သေသွားသောအခါ အသေကောင်များ ပုတ်ခြင်းမှ ထွက်လာသော အညစ်အကြေးများအဖြစ် လူ၏ခန္ဓာကိုယ်တွင်းတွင် ကျန်ရှိနေသည်။

 

သန်ကောင်တစ်ချို့က အူအောက်ဆုံးပိုင်းအထိ ထွက်ပြေးခြင်းများ ရှိတတ်သောကြောင့် ရုတ်တရက် ဝမ်းဗိုက်စူးအောင့်ခြင်းများ ကြုံတွေ့ရနိုင်သည်။ သန်ကောင်များသေဆုုံးသွားသော်လည်း ပုတ်သိုးသွားသော သနေ်ကာင်အကြွင်းအကျန်များ ရှင်းလင်းရန် ကျန်နေသေးသည်။ သည်ဖြစ်စဉ်တခုလုံကြောင့် သင်၏ခန္ဓာကိုုယ်သည် သန်မချခင် ကထက်ပိုပြီး နေမကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ယာယီသာဖြစ်သည် ။

 

ကိုုယ်တွင်းအင်္ဂါ သန့်ရှင်းရေး ပြယုုဂ် ဖြစ်သည်။ သည်ဖြစ်စဉ်ကို သေသွားသော သန်ကောင်များ၏ အဆွေးများကြောင့် ထွက်လာသော အဆိပ်
အတောက်များကြောင့် ဖြစ်သော မအီမသာဖြစ်ခြင်း ဟုခေါ်သည်။ ပင်ပန်းခြင်း၊ ရွံခြင်းများဖြစ်ပေါ်နိုင်သည်။ ကျန်သည့် နေ့စဉ်ဘဝကတော့ ပုံမှန်အတိုင်းသာ လည်ပတ်နိုင်ပါသည်။ ဝမ်းအများကြီး မလျှောသင့်ချေ ။ အင်အားတိုးပွားမည့်ခုခံအား ကောင်းစေမည့်အစားအသောက်များ ရွေးချယ်စားသောက်သင့်သည်။ သင့်အူမကြီး သန်ကောင်များ ကပ်ပါးကောင်များ ကင်းစင်သွားသောအခါ လန်းဆန်းရွှင်လန်းပြီး အားအင်များ ပြည့်ဖြိုးလာပါလိမ့်မည်။ မကြာခဏ ဖျားနာနေမကောင်းခြင်းများလည်း မဖြစ်တော့ချေ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Kai


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18