Print

ပါးစပ်ဖြင့်နမ်းခြင်း

  24-Feb-2017
Preview Image

HIV ပိုးကူးစက်မှု အန္တရာယ်မရှိပါ။


• HIV ပိုးရှိသူ၏တံတွေးမှာ HIV ပိုး အနည်းငယ်ထွက်နိုင်သည်။
• တံတွေးသည် အက်ဆစ်ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ရောဂါပိုးမရှိသောသူ၏ တံတွေးနှင့် HIV ပိုးတွေ့ပါကထို HIV ပိုး ပျက်စီးသွားနိုင်သည်။ 
• တံတွေးတွင်ရှိသော HIV ပိုးပမာဏသည် မပြောပလောက်ပါ။
• ပါးစပ်တွင်သွေးထွက်နေသော အနာရှိမှသာဝင်နိုင်သည်။ သို့သော် အနာရှိနေပါက ထိုသို့ နမ်းရန်အလားအလာနည်းသည်။

 

လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါ (STI) ပိုးကူးစက်မှု အန္တရာယ်အနည်းငယ် ရှိသည်။ အထူးသဖြင့် ရေယုန်ရောဂါ ကူးစက်ခံရနိုင်သည်။
• လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါရှိသူ၏ တံတွေးမှရောဂါပိုး အနည်းငယ်ထွက်နိုင်သည်။ သို့သော် ရေယုန်ပေါက်နေသော နေရာမှာရောဂါပိုးများစွာထွက်နိုင်သည်။
• လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါပိုးသည် အမြှေးပါးအတွင်းတွင် အသက်ရှင်နိုင်သည်။
• တံတွေးတွင် လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါပိုး ကူးစက်နိုင်လောက်သော လုံလောက်သည့်ပမာဏ မရှိပါ။
• ကွဲအက်နေသော နှုတ်ခမ်း၊ သွားဖုံးနှင့်ပါးစပ်ရှိ အနာများမှတစ်ဆင့် လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ ဝင်နိုင်သည်။ သို့သော် အနာရှိနေသည်ကိုမြင်ရပါက ပါးစပ်ဖြင့်နမ်းရန် အလားအလာနည်းသည်။ (မသေချာပါ၊ ဝင်နိုင်သည်)။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18