Print

HIV/AIDS ကူးစက်ပုံ

  30-Oct-2016
Preview Image

 

အိပ်ချ်အိုင်ဗီ ရောဂါပိုးသည်လူ၏ ခန္ဓာကိုယ်ပြင်ပတွင် တာရှည်အသက် မရှင်နိုင်ပါ။ အိပ်ချ်အိုင် ဗီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၏ ခန္ဓာကိုယ်တွင်း အရည်များ (ဥပမာ - သွေး၊ သုတ်ရည်၊ မွေးလမ်းကြောင်းမှ အရည်) တို့၌သာ အသက်ရှင်ပွားများလာနိုင်ပါသည်။

 

HIV/AIDS ကူးစက််နိိုင််ပုံံုံု

၁၊ ရောဂါပိိုးရှိှသူနှင့်် အကာအကွယ်မဲဲ့့လိိင််ဆက်ဆံခြင်း။

• လိင်တူ လိင်ကွဲဆက်ဆံခြင်း။

• စအိုမှ ဆက်ဆံခြင်း။

• ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း။

 

၂၊ မသန့်ရှင်းသော ချွန်ထက်သည့့်် ပစ္စည်းများမှ ကူးစက်ခြင်း။ ရောဂါပိုးရှိသူ အသုံးပြုထားသည့် ချွန်ထက်ပြတ်ရှ စေပြီး အရေပြားကိုထိုး ဖောက်နိုင်သော အရာများ။ ဥပမာ-

• ဆေးထိုးအပ်နှင့် ဆေးထိုးပြွန်။

• ဆေးမှင်ကြောင်ထိုးခြင်း။

• နားဖေါက်ခြင်း။

• ဆံပင်ညှပ်ဓါး၊ မုတ်ဆိပ်ရိတ်ဓါး၊ သွားပွတ်တံ

 

၃၊ သွေးမှကူးစက်ခြင်း။

• ရောဂါပိုးရှိသောသူ၏ သွေးမှုန်၊ သွေးစက်များနှင့် ပွန်းပဲ့သော အရေပြားနှင့်ထိတွေ့မိခြင်း။

• ရောဂါပိုးရှိသူ၏ သွေးကိုသွင်းမိခြင်း။

 

၄၊ မိခင််မှှကလေးသိိုု့ ကူးစက်ခြင်း။

• မိခင်ကိုယ်ဝန်ဆောင်စဉ် အချင်းမှတဆင့် ကူးစက်ခြင်း။

• သားဖွားစဉ် မိခင်၏သွေးနှင့် မွေးလမ်းကြောင်း အရည်တို့ ကလေး၏ပါးစပ်နှင့်မျက်စိထဲ ဝင်ရောက်ခြင်း။

• မိခင်နို့ရည်မှတဆင့် ကူးစက်ခြင်း။

 

HIV/AIDS မကူးစက််နိိုုင်ပုံံုံု

အိပ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ် ပြင်ပတွင ်မိနစ်အနည်းငယ် ထက်ပို၍ အသက်မရှင်နိုင်ပါ (သို့မဟုတ်) ရေတို့တွင် အသက်ရှင်သန် မနေနိုင်ပါ။

ထိိုု့ကြောင့့်် အောက််ပါနည်းလမ်းများကြောင် HIVမကူးစက်် နိိုုင််ပါ။

• ကိုယ်ခန္ဓာချင်း ထိတွေ့ပွေ့ဖက်ခြင်း၊ နမ်းရံခြင်း။

• အစားအသောက် အတူမျှဝေစားသောက်ခြင်း။

• အိပ်ရာတခုတည်း၊ အတူအိပ်စက်ခြင်း။

• ရောဂါပိုးရှိသူ၏သွေး၊ ကိုယ်တွင်းရည်များ ထိတွေ့ခြင်း မရှိသည့်အဝတ်အစား၊ မျက်နှာသုတ်ပုဝါ အိပ်ယာခင်းများ အတူသုံးစွဲခြင်း။

• ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ လိုက်နာပြီး AIDS ရောဂါလူနာများအား ပြုစုစောင့်ရှောက်ခြင်း။

• ပိုးမွှား၊ ခြင်ကိုက်ခြင်း။

• အတူရေကူးခြင်း။

• အိမ်သာတစ်ခုတည်း သုံးစွဲခြင်း။

 

ReF: WEAVE

စွမ်းဆောင်နိုင်မှုမြင့်မားရေးအတွက် အမျိုးသမီးများပညာပေးရေးအဖွဲ့

29.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18