Print

. ဂိုနိုရောဂါ (Gonorrhea, Gono, VD နှင့် Chlamydia ပိုးဝင်ခ...

  30-Oct-2016
Preview Image

 

Gonorrhea နှင့် Chlamydia နှစ်မျိုးစလုံးသည် စိုးရိမ်ဖွယ်ရောဂါများဖြစ်သည်။ သို့ရာတွင် စောစီး စွာကုသပါက ပျောက်ကင်းလွယ်ပါသည်။ မကုသပါကပြင်းထန်စွာရောဂါပိုးဝင်ပြီး ယောကျ်ားမိန်းမနှစ်ဦးစလုံး၌ မြံုခြင်းကို ဖြစ်စေနိုင်သည်။ အမျိုးသားများ၌ ရောဂါရှိသူနှင့် လိင်ဆက်ဆံပြီး ၂ ရက်မှ ၅ ရက်ကျော်လျှင် ရောဂါလက္ခဏာက စတင်တွေ့ရှိရသည်။ သို့ရာတွင် မည်သည့် လက္ခဏာမှမပေါ်ဘဲ ရောဂါရှိှိသော အမျိုးသားများ လည်းရှိှိတတ် သည်။ အမျိုးသမီးများ၌ ရောဂါလက္ခဏာသည် သီတင်းပတ်ပေါင်းများစွာ (သို့) လပေါင်းများစွာကြာမှ ပေါ်တတ်သည်။ သင့်၌မည်သည့််ရောဂါလက္ခဏာမှ မပေါ်သော်လည်း Gonorrhea နှင့် Chlamydia အားအခြားသူများသို့ ကူးစက်နိိုုင်သည်။

 

မိန်းမများတွင််ဖြစ်တတ်သောရောဂါလက္ခဏာများ

• မွေးလမ်းကြောင်း (သို့) စအိုမှ အဝါရောင် (သို့) အစိမ်းရောင်အရည်များဆင်းခြင်း။

• ဆီးသွားရာတွင် နာကျင်ခြင်း၊ ပူလောင်ခြင်း၊ ဆီးမကြာခဏသွားခြင်း။

• အဖျားတက်ခြင်း။

• ဗိုက်အောက်ပိုင်းနာခြင်း။

• လိင်ဆက်ဆံချိန်တွင် နာခြင်း (သို့) သွေးထွက်ခြင်း။

• မည်သည့်လက္ခဏာမှမပေါ်ခြင်း။

 

ယောကျ်ားများတွင််ဖြစ်တတ်သောရောဂါလက္ခဏာများ

• ယောကျ်ားလိင်အင်္ဂါမှညောင်းကျခြင်း။

• ဆီးသွားစဉ်နာကျင်ခြင်း၊ ပူစပ်ခြင်း။

• ဝှေးစေ့များနာခြင်း (သို့) ရောင်ခြင်း။

• မည်သည့်လက္ခဏာမှမပေါ်ခြင်း။

 

Ref: WEAVE

စွမ်းဆောင်နိုင်မှုမြင့်မားရေးအတွက် အမျိုးသမီးများအားပညာပေးရေးအဖွဲ့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18