Print

ငှက်ဖျားရောဂါဆိုင်ရာအကျဉ်းချုပ်

  30-Oct-2016
Preview Image

ငှက်ဖျားရောဂါသည် လူမှု၊ စီးပွားရေးပြဿနာတစ်ခုဖြစ်ပါသည်။ အသက်အန္တရာယ်ရှိသော ရောဂါဖြစ် ပါသည်။ ငှက်ဖျားရောဂါသည် ငှက်ဖျားကပ်ပါးပိုးကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ငှက်ဖျားခြင်မှာ နေဝင်ချိန်မှ နံနက်စောစောအထိ ကိုက်လေ့ရှ်ိသည်။ငှက်ပျောသီး၊ သင်္ဘောသီး၊ မျှစ်စားခြင်း၊ စိမ့်စမ်းရေသောက်ခြင်း/ချိုးခြင်းနှင့် စုန်း/နတ်ပြုစားခြင်းတို့ကြောင့် ငှက်ဖျားရောဂါ (လုံးဝ) လုံးဝမကူးစက်နိုင်ပါ။ ငှက်ဖျားရောဂါသည်ပင်လယ်ကမ်းခြေသေဒများ၊ တောတောင်ထူထပ်သော ဒေသများ၊ တောင်ခြေ၊ တောစပ်ဒေသများတွင် ကူးစက်မှုရှိသည်။ငှက်ဖျားရောဂါသည် လူမျိုးမရွေး၊ အသက်အရွယ်အရွေး၊ ကျား/မ မရွေးဖြစ်နိုင်ပါသည်။ညအချိန်ခြင်ထောင်ဖြင့် မအိပ်သူများ၊ လယ်ကွင်းနှင့် သစ်တောများတွင် ညအချိန် အလုပ်လုပ်သူများတွင် ပို၍ဖြစ်ပွားပါသည်။

ငှက်ဖျားရောဂါ၏ လက္ခဏာများမှာ

မကြာခဏဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်းတို့ဖြစ်ပါ တယ်။ တစ်ရက်ခြားဖျားတတ်တယ်။ ရောဂါဖြစ်စတွင် နေ့စဉ်ဖျားတတ်သည်။ငှက်ဖျားရောဂါ လက္ခဏာနှင့်ဆင်တူသော အခြားရောဂါများလည်းရှိသည်။ ချမ်းတုန်ဖျားတိုင်း ငှက်ဖျားမဟုတ်ပါ။ သွေးဖောက်စစ်ဆေးခြင်းဖြင့် ငှက်ဖျားရောဂါ ဟုတ်/မဟုတ်သိနိုင်သည်။

Ref:

အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်

(ရပ်ရွာအဆင့်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18