Print

Hepatitis B & C အကြောင်းသိမှတ်စရာ

  30-Oct-2016
Preview Image

 

ယခုအခါ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုး ကူးစက်ခံရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေသည့်အတွက် ရောဂါအကြောင်းနှင့် ကူးစက်ပုံကို သိရှိရန် များစွာလိုအပ်ပေသည်။ အေဘီစီဟု အလွယ်တကူ ခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါ ဘီနှင့်စီရာဂါပိုးများသည် ယေဘူယျအားဖြင့် ကူးစက်ပုံတူကြသည်။ ကူးစက် လွယ်ပုံခြင်းသာ ကွဲပြားခြားနားပါသည်။ အသည်းရောင် အသားဝါ ဘီရောဂါပိုးသည် အေအိုင်ဒီအက်စ် ဖြစ်စေသော HIV ရောဂါပိုးထက် အဆ(၁၀၀)ပိုမို ကူးစက်လွယ်ပါသည်။ ရောဂါပိုးရှိသောသူရဲ့ သွေးနဲ့ထိလျှင်် သေချာပေါက်ကူးနိုင်ပါသည်။ရောဂါပိုးရှိသူ သုံးထားတဲ့ အပ်နဲ့ဆိုလျှင် သေချာပေါက်ကူးနိုင်ပါသည်။ မူးယစ်ဆေးဝါး အကြောဆေးထိုးပြီးအပ်တွေရောသုံးရင်် သေချာပေါက်ကူးနိုင်ပါသည်။ ပိုးရှိတဲ့သွေး သွင်းမိရင်် သေချာပေါက်ကူးနိုင်ပါသည်။ ကျောက်ကပ်ဆေးတဲ့စက်မှာ ပိုးပါသွားရင််သေချာပေါက်ကူးနိုင်ပါသည်။နှုတ်ခမ်းချင်ိးထိမိရင် (သို့်)တံတွေးကနေတစ်ဆင့်ကူး ဖို့ခဲယဉ်းပါသည်။

 

လိင်ဆက်ဆံတာကနေ သေချာပေါက်ကူးနိုင်ပါသည်။မိခင်မှ ကလေးသို့ သေချာပေါက်ကူးနိုင်ပါသည်။ ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊ဖောက်မိရင်(ဥပမာ- နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာ၊သွားနှုတ်တာ၊ရှားခြစ်ခြင်း၊ရှားဆွဲခြင်း) သေချာပေါက်ကူးနိုင်ပါသည်။ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းများသဖြင့် ရောဂါမဖြစ်မီ ကာကွယ်ရန်နှင့် အကယ်၍ရောဂါကူးစက်ခံရပါက မည်ကဲ့သို့ပြု မူနေထိုင်ရမည်ကို တတ်ကျွမ်းသည့် ဆရာဝန်များနှင့် တိုင်ပင်၍ ကုသမှုခံယူရပေမည်။ အသည်းရောင် အသားဝါဘီရောဂါကို ကာကွယ်ဆေးထိုး၍ ကာကွယ်နိုင်ပြီး အသည်းရောင် အသားဝါ စီရောဂါအတွက် ကာကွယ်ဆေးမပေါ်သေးပေ။ သို့သော်အသည်းရောင် အသားဝါစီရောဂါကို၈၀% ပျောက်ကင်းအောင်ဆေးကုသနိုင်ပြီ ဖြစ်သော်လည်း ဆေးကုသမှုစရိတ် ကြီးမြင့်နေသေးပေသည်။

 

ရှောင်ကြဉ်ရန်များ

အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးရှိသူသည် အရက်၊ သံဓါတ်များစွာပါသော အစာနှင့်အား ဆေး၊ ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများကို အထူးဂရုပြုရှောင်ကြဉ်ရမည်။ စီရောဂါပိုးရှိသူသည် အရက်သုံးစွဲပါက အသည်းခြောက်နှုန်း ပိုမြန်ဆန်သည့်အတွက် အရက်၊ ဘီယာ၊ ၀ိုင်၊ထန်းရည် စသည်တို့ကိုလုံးဝရှောင်ကြဉ်ရမည်။ သံဓါတ်များလျှင် အသည်းတွင် အနာရွတ်ပိုထင်လွယ်သဖြင့် သံဓါတ်များစွာပါသော အစားအစာ ဥပမာ - အသည်း၊ အမြစ်၊ ကလီစာ၊ သွေးခဲများ၊ သံဓါတ်များစွာပါသော အားဆေးများကို ရှောင်ကြဉ်ရမည်။ ဗီတာမင်စီသည် သံဓါတ်ကို အူလမ်းကြောင်းမှစုပ်ယူမှုများစေသဖြင့် ဗီတာမင်စီများစွာပါသော ဆေးနှင့်အသီးအနှံများ ဥပမာ-ရှောက်သီး၊ သံပရာ သီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်းသော အသီးများကို များစွာစားသုံးခြင်းမှရှောင်ကြဉ်ရမည်။

 

Ref:

ရိုးရာလေး

Date: Wednesday, March 26, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18