Print

DENGUE (သို့) သွေးလွန်တုပ်ကွေးရောဂါ

  29-Oct-2016
Preview Image

ကမ္ဘာ့လူဦးရေရဲ့ သုံးပတ်တစ်ပုံက သွေးလွန်တုပ်ကွေးရောဂါကို နှစ်စဉ်လိုလို ခံစားနေရပြီး အပူပိုင်းဒေ သနဲ့ အပူလျော့ပိုင်းဒေသတွေမှာဆို သေဆုံးမှု ပိုမိုမြင့်မားလေ့ရှိ တယ်လို့သိရပါတယ်။ Aedes ခြင် (ခြင်ကျား) ကိုက်ခံရလို့ဖြစ်ပြီး ရောဂါပိုး ကူးစက်ခံတာ လျင်လျင်မြန်မြန် သိခဲ့ရမည်ဆိုရင် အခြေအနေ တအားပြင်းထန် တာမျိုး မဖြစ်ဘဲ သက်သာနိုင်ပါတယ််။

ရောဂါလက္ခဏာများ ----------------------

ကိုယ်အပူချိန် မြင့်မားပြီး-၄၀ ဒီဂရီ စင်တီဂရိတ်နဲ့ အထက်ရှိခြင်း၊ အလွန်အမင်း ခေါင်းကိုက်ခြင်း၊ မျက်လုံး အနောက်ဘက်နေရာက နာကျင်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမျက်ကိုက်ခဲခြင်း၊ မူးမောအော့အန်ခြင်း၊ ဂလင်းများ ရောင်ရမ်းခြင်း၊ အရေပြားမှာ အနီကွက်များ ထွက်ခြင်း စတာတွေဖြစ်ပါတယ်။

ဖြစ်ပွားတတ်သည့် နေရာများ ------------------------------- အာရှနိုင်ငံတွင်၊ လက်တင်အမေရိကနိုင်ငံတွေ၊ အာဖရိကနိုင်ငံမှာ အဖြစ်များပါတယ်။

ကြိုတင်ကာကွယ်နိုင်ရန် -------------------------- - ကာကွယ်ဆေးတွေကတော့ မရှိပါဘူ။ ဒါပေမဲ့ ခြင်ကိုက်မခံရအောင်တော့ ကာကွယ်နိုင်ပါတယ်။ - ခြင်ထောင်ဆောင်သွားတာ၊ ခြင်ဆေးရည်လိမ်းကျံထားတာ၊ ခြင်ဆေးခွေထါန်းတာ၊ ခြင်ဆေးငွေ့မှုတ်တာ စတာတွေပြုလုပ်ပါ။

Dr.CMC 15.10.2015

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18