Print

ငှက်ဖျားရောဂါ

  29-Oct-2016
Preview Image

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအနှံ့အပြားတွင် အဖြစ်အများဆုံးရောဂါများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ သာမန်ချမ်းတုန်ပြီးဖျားခြင်းမှသည် ဦးနှောက်ထဲရောဂါပိုးဝင်၍  သတိမေ့မျော အသက်ဆုံးရှုံးသည်ထိ ဖြစ်စေနိုင်သော ရောဂါဖြစ်ပေသည်။ ထို့ကြောင့် ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာနှင့်ကာကွယ်ပုံတို့ကို သိရှိထားမှသာလျှင် ရောဂါကို အချိန်မီကုသနိုင်ပြီး ရောဂါမဖြစ်ပွားအောင်လည်း ကာကွယ်နိုင်ပေမည်။ ငှက်ဖျားရောဂါပိုး အမျိုးအစား(၄)မျိုးရှိသည်။ ၎င်းတို့မှာ 

1. P.falciparum 2. P.vivax 3. P.ovale & 4. P.malariae တို့ဖြစ်ပါသည်။

 

၎င်းပိုးအမျိုးအစားထဲမှ P.falciparum ပိုးသည် ဦးနှောက်ထဲထိ ပိုးဝင်၍ ပြင်းထန်စွာ ့ဖြစ်စေနိုင်ပြီး ကျန်အမျိုးအစားများမှာ ၎င်းလောက်ပြင်းထန်မှု မရှိပေ။ သို့သော် သေချာပျောက်ကင်းအောင် မကုသပါက ရောဂါမကြာမကြာပြန်ဖြစ်ကာ ဘေလုံးနှင့် အသည်းကြီးပြီး အခြားအင်္ဂါအစိတ်အပိုင်းများလည်း ထိခိုက်နိုင်ပါသည်။ငှက်ဖျားရောဂါသည် ငှက်ဖျားရောဂါပိုးသယ်ဆောင်သော ခြင်ကိုက်ခံရ၍သာ ကူးစက်ခြင်း ဖြစ်ပါသည်။ အခြားကူးစက်နိုင်သောနည်းလမ်းမှာ ငှက်ဖျားပိုးပါသောသွေးသွင်းမိခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ကူးစက်မှုနှုန်းမှာ လွန်စွာနည်းပါးပါသည်။

 

- ငှက်ဖျားရောဂါသည် စိမ့်စမ်းရေသောက်ခြင်း၊ ချိုးခြင်း၊

- ငှက်ပျောသီး၊ သင်္ဘောသီး၊ မျှစ်စသည့်အစားအသောက်များ စားခြင်းတို့ကြောင့် (လုံးဝ) လုံးဝမကူးစက်နိုင်ပါ။

ငှက်ဖျားရောဂါလက္ခဏာများမှာ

• ချမ်းတုန်ပြီးဖျားခြင်း၊ • ကိုယ်ပူလာခြင်း • အများအားဖြင့်(၂)နာရီမှ (၅)နာရီအတွင်း ချွေးများထွက်ပြီး အဖျားကျသွားခြင်း၊

 

ပြင်းထန်ငှက်ဖျားရောဂါလက္ခဏာများမှာ

ဆေးမသောက်နိုင်လောက်အောင် အန်ခြင်း၊ အခြားသူ မကူညီဘဲ မထနိုင်ခြင်း၊  မတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း။ ကယောင်ကတမ်းပြောခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ မှိန်းလွန်းခြင်း။ ခြေလက်များ အေးစက်နေခြင်း။

 

ငှက်ဖျားရောဂါကာကွယ်ရေး

ငှက်ဖျားရောဂါသည် ခြင်ကိုက်ရာမှ ကူးစက်သည်။ ခြင်မကိုက်အောင် အတတ်နိုင်ဆုံးကာကွယ်ပြီး ခြင်နှိမ်နှင်းရေးဆောင်ရွက်လျှင် ငှက်ဖျားရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။

1. ညအိပ်တိုင်းခြင်ထောင်နှင့်အိပ်ပါ။ ဖြစ်နိုင်လျှင် ဆေးစိမ်ခြင်ထောင် သုံးပါ။

2. အိပ်ယာထဲမဝင်မီ ခြင်မကိုက်အောင် ဂရုစိုက်ပါ။

3. ယပ်တောင်နှင့် ယပ်ခတ်ခြင်း၊ အဝတ်အစား ထူထူရှည်ရှည်ဝတ်ခြင်း ခြင်မကိုက်အောင် ဆေးလိမ်းခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။မီးခိုးမှိုင်းတိုက်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းဖြင့် ခြင်ကိုက်မှုလျော့နည်းအောင် ဆောင်ရွက်နိုင်သော်လည်း ရေရှည်တွင်အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်သဖြင့် ဤနည်းတို့ဖြင့် ဆောင်ရွက်ခြင်းကို အားမပေးပေ။

4. ငှက်ဖျားကူးစက်ဒေသသို့ ခေတ္တသွားရောက်သည့်သူများအနေဖြင့် ထိရောက်သော ငှက်ဖျားကာကွယ်ဆေးကို သောက်သုံးသင့်သည်။ ငှက်ဖျားကာကွယ်ဆေးကို ပုံမှန်ရေရှည် မသောက်သုံးသင့်ပါ။ယခုအခါ ငှက်ဖျားရောဂါကုဆေးဝါးများကို မြန်မာနိုင်ငံ ပြင်ပ ဆေးကုခန်းတိုင်းလိုလိုတွင် စျေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်ပြီ ဖြစ်ပါသည်။

 

Ref: public health in Myanmar Tuesday, February 19, 2008

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18