Print

HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း

  29-Oct-2016
Preview Image

 

AIDS နဲ့ ပါတ်သက်လို့ သိချင်တာပါ။ ဖို-မ ဆက်ဆံရာမှာ သုတ်နဲ့ သွေးက ကူးတာတော့ သိပါတယ်။ အကြမ်းဖျဉ်းပေါ့။ ဒါပေမဲ့ မရှင်းတာက ဘယ်လိုဘယ်ပုံ ဝင်ရောက်တယ်ဆိုတာပေါ့နော်။ အဲဒါ မရှင်းဘူး။ (၁) Oral Sex လုပ်ရာက ဘယ်လို ကူးတယ်။ (၂) Condom မသုံးရာက ဘယ်လိုကူးတယ်။ (၃) ဖို-မ ဆက်ဆံရင်းနဲ့ မရဲ့အရည်က Condom သုံးထားပေမယ့် ကိုယ့်ရဲ့ ဆီးစပ်ကို လာပေတဲ့အခါမျိုးမှာရော ကူးတတ်ပါလား။ (၄) Condum သုံးရင်းနဲ့ လိင်တံက ရှည်နေလို့ Condom တဝက်ဘဲ ကာမိတဲ့အတွက် safe ဖြစ်ပါ့မလားဆရာ။ (၅) Condum က မပေါက်မပြဲပါဘူး။ သုံးတာလဲ Dulux ပါ။ အဲဒါ ကရော စိတ်ချရပါသလား။ လိင်ဆက်ဆံတဲ့အခါ ထုံးစံ လိင်အင်္ဂါ-လိင်လမ်းကြောင်းတွေကိုသာမက Oral ပါးစပ် နဲ့ Anal စအိုတွေကိုပါ အသုံးပြုလာ ကြတယ်။ လိင်ဆက်ဆံဖက် တယောက်ယောက်မှာ HIV ပိုးရှိနေရင် ပိုးတွေဟာ အဖေါ်ရဲ့ (ဗဂျိုင်းနား)၊ လိင်တံ၊ စအို၊ ပါးစပ် နဲ့ မျက်စိတွေကို ဖုံးထားတဲ့ Mucous membranes အဖုံးလွှာပါးတွေကနေ ဝင်နိုင်သလို Skin ရိုးရိုး အရေပြားမှာ အပေါက်-အပြဲရှိရင်၊ ဒါမှမဟုတ် ဆေးထိုးအပ် စတာနဲ့ ထိုးဖေါက်ရင် ကူးဝင်စေနိုင်တယ်။ နောက်ပြီး ပိုးရှိ မိခင်ကနေ သူ့ကလေးကို ကိုယ်ဝန်ဆောင်တုံး၊ မွေးဖွါးနေတုံးနဲ့ နို့တိုက်တုံးမှာလဲ ကူးစေတယ်။

 

ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ HIV ပိုးရှိနေသူတိုင်းရဲ့ သွေးထဲအပြင် Sexual secretions ခေါ်တဲ့ လိင်ဆက်ဆံချိန်မှာ ကျား-မ လိင်အင်္ဂါတွေကနေ ထွက်တဲ့အရည် မှန်သမျှထဲမှာလဲ ပိုးပါနေတယ်။ ပိုးကောင်ရေ အနည်း-အများတော့ ကွဲပြားတယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ လိင်တကြိမ် ဆက်ဆံတိုင်း (မ-ကျား) ဆက်ဆံရာကနေ ကူးနိုင်တာ ဝ့ဝ၄%၊ (ကျား-မ) ဆက်ဆံရာကနေ ကူးနိုင်တာ ဝ့ဝ၈% ရှိတယ်။ စအိုသုံးနည်းဆိုရင် ၁့ရ% ရှိတယ်။ မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဒိထက် ၅-၁၀ ဆ ပိုပါတယ်။ Anal intercourse without a condom (ကွန်ဒွမ်) မသုံးဘဲ စအိုကို လိင်ဆက်ဆံနည်းဟာ ကူးစက်မှုနှုန်း အများဆုံးလို့ သိထားပါတယ်။ အကြိမ်တိုင်းမှာ ၃%-၅% အထိ ရှိနိုင်တယ်လို့ နောက် သုတေသနတခုက ယူဆတယ်။ (ဗဂျိုင်းနား) နဲ့ ပါးစပ်နည်းတွေမှာ (ကွန်ဒွမ်) မသုံးဘဲ ဆက်ဆံတာထက် စအိုနည်းက ပိုဖြစ်တယ်။ ဘယ်အကြိမ်မှာ ကူးမလဲ ပြောဘို့ မသေခြာတာမို့ အမြဲတမ်း အကာအကွယ်ယူတာ အကောင်းဆုံးပါ။

 

မကူးခြင်ရင် အရှင်းဆုံးက လိင်မဆက်ဆံဘဲ နေခြင်းဘဲ။ ပိုးရှိနေ-မနေ ၆ လ တခါ သွေးစစ်ပါ။ ပိုး မရှိရင် ဆက်ဆံနိုင်ပါပြီ။ ဘယ်တော့မဆို လိင်ဆက်ဆံမယ်ဆိုရင် Condom ကို အကြိမ်တိုင်းမှာ အသစ်တခု သုံးပါ။ လိင်တံ သန်မာစပြုတာနဲ့ လိင်လမ်းထဲ မသွင်းမီ၊ “ဘယ်အရည်နဲ့မှ မထိသေးခင်” လိင်တံကို Condom စွပ်ပါ။ (ကွန်ဒွမ်) ကို လိင်တံတခုလုံး မဖုံးမိရင် လွတ်နေတဲ့နေရာမှာ အနာ-အဆာ မရှိရင်တော့ မကူးပါ။ဆက်ဆံမိလို့ ဒါမှမဟုတ် သံသယရှိရင် ဆက်ဆံမှုပြုပြီးရင် ၆ ပါတ် အတွင်း HIV antibody test သွေးစစ်ပါ။ အမှန်ကတော့ ၆ လ ကြာမှ သေခြာပေါက် Positive ရှိတာ သိတာပါ။ HIV ပိုး ဝင်-မဝင် စမ်းတာကို ELISA နည်းခေါ်တယ်။ သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ် စစ်တာဟာ မိနစ် ၂၀ သာကြာပါတယ်။ ELISA စမ်းလို့ HIV antibody တွေ့ရင် Western blot test နဲ့ သေခြာအောင်လုပ်တယ်။ Rapid antibody tests အမြန် စမ်းနည်းတွေ ပေါ်နေပါပြီ။

 

ဒီကြားထဲမှာ ပိုးအဝင်ခံရပြီးသူ ၅၀% က တုပ်ကွေးနဲ့ တူတာတွေ ခံစားလာရတာ၊ ၁ လ ၂ လ ကြာနိုင်တယ်။ Stage of primary HIV infection အစဦးကူးတယ်လို့ ခေါ် တယ်။ ကိုယ်ပူ၊ အဆစ်တွေနာ၊ လည်ချောင်းနာ၊ လည်ပင်းအကြိတ်တွေ ရောင်နာ နိုင်တယ်။ တချို့မှာ ဘာလို့ အဲလိုမဖြစ်သလဲဆိုတာ မပြောနိုင်သေးပါ။ အဲလိုလက္ခဏာ ခံစားရသူတွေ နောင်မှာ ဘာဆက်ဖြစ်မယ် ဆိုတာကိုလဲ အတတ် မပြောနိုင်ပါ။ ဒီအဆင့်မှာ Antibody testing လုပ်တော့လဲ တွေ့ခြင်မှ တွေ့မယ်။ Viral load test ဗိုင်းရပ်စ် အနည်း-အများဆိုတာ စစ်ရမယ်။ Billions of HIV particles (copies) သန်းထောင်နဲ့ချီလို့ ပွါးလာနေပါလိမ့်မယ်။ တပြိုင်နက်ထဲမှာ CD4 cells တွေ ကျလာနေမယ်။ (ဗိုင်းရပ်စ်) တွေက သွေးထဲမှာသာမက တကိုယ်လုံးမှာ ရှိနေမယ်။ အထူးသဖြင့် Lymph nodes တက်စေ့၊ Brain ဦးနှောက် နဲ့ Genital secretions လိင်လမ်း-အရည်တွေထဲမှာပါ။ Vagina အမျိုးသမီး (ဗဂျိုင်းနား)၊ Rectum ကျား-မ စအို၊ Urethra ဆီးသွား-ပြွန်တွေကို ဖုံးထားတဲ့ အလွှာပါးတွေကနေ ဝင်လာစေနိုင်တယ်။ ဘယ်တော့ AIDS ဖြစ်မလဲ မပြောနိုင်ပါ။ တချို့ ၁ နှစ်၊ တချို့ အနှစ် ၂၀ ကြာတယ်။ ပျမ်းမျှ ၈-၁၀ နှစ်လို့ ပြောနိုင်တယ်။

 

Vaginal sex (ဗဂျိုင်းနား) ကို လိင်ဆက်ဆံခြင်း နဲ့ HIVလိင်မဆက်ဆံမီနဲ့  ဆက်ဆံနေတုံး ယောကျ်ားကနေ Semen ခေါ်တဲ့ လိင်အင်္ဂါအရည်၊ အမျိုးသမီး ဗဂျိုင်းနား ကလဲ Vaginal fluids အရည်တွေ ထွက်မယ်။ ပိုးရှိတဲ့ ယောက်ျားဟာ (ကွန်ဒွမ်) မသုံးဘဲ လိင်ဆက်ဆံရင် သူ့အရည်ထဲက ပိုးဟာ Vagina (ဗဂျိုင်းနား)၊ Cervix သားအိမ်အဝ နဲ့ Uterus သားအိမ်တွေရဲ့ အဖုံးလွှာတွေ ကနေတဆင့် ဝင်သွားစေနိုင်တယ်။ တကယ်လို့ အမျိုးသမီးမှာ အဲဒီ အနားတဝှိုက်မယ် အနာအဆာ-ရှတာ တခုခု ရှိနေရင် ကူးစေနိုင်တယ်။ ဝင်လာတာနဲ့ သွေးထဲ ရောက်သွားပြီ။ အနာအဆာ-ရှတာတွေက မျက်စိနဲ့ မြင်ကောင်းမှ မြင်ရမယ်။ အမျိုးသမီး ကိုယ်တိုင်ကလဲ သိခြင်မှ သိပါလိမ့်မယ်။ အတူတူဘဲ အမျိုးသမီးမှာ HIV ရှိနေပြီး၊ Condom မပါဘဲ လိင်ဆက်ဆံရင် HIV ပိုးက ယောက်ျားရဲ့ Penis လိင်တံ၊ Foreskin ထိပ်ဖျား-အရေပြား၊ Urethra ဆီးပြွန်အဝတွေမှာ အနာအဆာ-ရှာတာ ရှိရင် ကူးနိုင်တယ်။ လိင်ဆက်ဆံနေတုံး သွေးနဲ့ ထိမိရင် ပိုဆိုးလိမ့်မယ်။ ဆိုပါစို့ ရာသီလာနေတာ။ ဒါ့အပြင် Sexually transmitted diseases (STDs) ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ရှိနေရင် HIV ကူးစေဘို့ ပိုဖြစ်စေနိုင်ပါတယ်။ ကျား-လိင်တံအဖျား အရေပြား ဖုံးမနေတဲ့ ကွမ်းသီးခေါင်းက ပိုပြီး နူးညံ့လို့ လိင်ဆက်ဆံတဲ့အခါ ပွန်းလွယ် ရှလွယ်တယ်။ (ဗဂျိုင်းနား)၊ စအိုဘေးက အမွှေးနဲ့ ထိမိ၊ ပွတ်မိရင်းကနေ မမြင်ရတဲ့အနာ ဖြစ်လာစေနိုင်တယ်။

 

Anal sex စအိုလမ်းသုံးပြီး လိင်ဆက်ဆံခြင်းနည်း နဲ့ HIVလက်ခံတာ တူပေမဲ့ စအိုလမ်းကနေ လိင်ဆက်ဆံခံရတာက (ဗဂျိုင်းနား) က လိင်ဆက်ခံရတာထက် ကူးစက်ခံရနိုင်ခြေ ပိုများတယ်။ စအိုလမ်းသုံးရင် နှစ်ယောက်သားမှာ လက်ခံသူက ပိုဆိုးဝါးတယ်။ ဘာလို့လဲ ဆိုတော့ Lining of the anus စအိုလမ်း အဖုံးလွှာက Vagina (ဗဂျိုင်းနား) အလွှာထက် ညံ့လို့ဘဲ။ သွေးထွက် လွယ်သေးတယ်။ သွေးဆို ပိုဆိုးရော။ လက်ခံသူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုလမ်းကနေ ဆက်ဆံတော့ ဆောင်ရွက်ပေးသူဟာလဲ ကူးခံရနိုင်တာပါဘဲ။ နောက်ပြီး အစာလမ်းက ပိုးတွေနဲ့ သန်ကောင်တွေလဲ စအိုလမ်းကနေ လိင်ဆက်ဆံလို့ ကူးနိုင်တယ်။ လက်ချောင်းကို (ဗဂျိုင်းနား)၊ စအို လမ်းမှာ ထည့်တာဆိုရင်လဲ အနာအဆာ ရှိရင် ကူးမှာဘဲ။ ပါးစပ်နဲ့ ကိုက်တာကနေ ကူးတယ်ဆိုတာ ၂ ယောက်၊ ၃ ယောက်လောက် တွေ့ဘူးထားတယ်။

 

Woman-to-woman Sex မိန်းမခြင်းဆက်ဆံတာ နဲ့ HIV

Lesbians/Bisexual women “(လက်စ်ဘီယန်) နဲ့ အမျိုးသမီး” ဖြစ်ဖြစ် “နှစ်မျိုးလုံးအကျင့်ရှိတဲ့ အမျိုးသမီးနဲ့ တခြား အမျိုးသမီး” ဖြစ်ဖြစ် လိင်ဆက်ဆံတာမှာ ကူးနိုင်တဲ့အခွင့်အလမ်း နည်းပါးတာ တွေ့ရတယ်။ (သီအိုရီ) အရသာ ဖြစ်နိုင်ပြီး လက်တွေ့ဖြစ်တာ အတော်ရှားတယ်။ Theoretical risk ဆိုတာ စာတွက်တွက်ရင်တော့ ကူးနိုင်တယ်၊ လက်တွေ့ အထောက်အထား ကောင်းကောင်း မပြနိုင်သေးတာမျိုး ခေါ်တယ်။ Likely to happen “ဖြစ်နိုင်ပါတယ်” လောက်အထိ မဆိုးပါ။

 

STDs လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV

HIV နဲ့ တခြား STDs တွေက အပြန်အလှန် သက်ရောက်နိုင်ကြတယ်။ HIV ရှိနေသူမှာ STDs ရှိနေရင် HIV ကူးစက်ဘို့ ပိုဖြစ်စေနိုင်တယ်။ STDs ရှိနေသူကိုလဲ HIV ဝင်လာဘို့ အခွင့်အလမ်း ပိုတယ်။ Syphilis ဆစ်ဖလစ် နဲ့ Herpes ရေယုံ ဆိုတာတွေက အနာတွေဖြစ်နေလို့ပါ။ အမျိုးသမီးတွေ အဖြူဆင်းစေတဲ့ Chlamydia ပိုး၊ ဆီးပူ-ညောင်းကျ ခေါ်တဲ့ Gonorrhea ဂနိုးရီးယားပိုးတွေက အနာတော့ မဟုတ်ပေမဲ့ လိင်လမ်းရဲ့ Immune response ရောဂါပြီးနိုင်စွမ်းကို တမျိုး သက်ရောက်စေတာမို့ ဖြစ်ရတယ်။

 

Oral sex လိင်ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာ နဲ့ HIV

ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံး သွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုးပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

 

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။

 

Hepatitis A, B, C အသဲရောင်ပိုးတွေ နဲ့ HIV

အဖြစ်များလှတဲ့ Hepatitis A အသဲရောင်-အသားဝါ A virus ပိုး ဆိုတာက ရောဂါရှိသူရဲ့ မစင်မှာ ပါနေတယ်။ HIV လိုဘဲ လိင်ဆက်ဆံတုံး ပါးစပ်သုံးရင် ကူးနိုင်တယ်။ Hepatitis B ပိုးက Sexual fluids လိင်ဆက်ဆံရင် ထွက်တဲ့အရည်တွေနဲ့ သွေးမှာပါနေတယ်။ Hepatitis C ပိုးကတော့ သွေးမှာပါတယ်။ ပါးစပ်သုံးရင် အနာအဆာ ရှိမှသာ ကူးမယ်။ ပါးစပ်ကို သုံးတဲ့အခါ ပိုးရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုကင်းသူဆိုရင် ပိုးပါတဲ့ Sexual fluid က ပိုးမရှိသေးသူရဲ့ ရာသီသွေး၊ ဒဏ်ရာ၊ ရောင်နေတဲ့ အနာထဲ ဝင်လာမှ ကူးမယ်။ ပုံမှန် ပါးစပ်-လည်ချောင်းကို ဖုံးနေတဲ့ အလွှာကတော့ ခံနိုင်ရည် ရှိပါတယ်။

 

ပါးစပ် သုံးတဲ့အခါ ပိုးမရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုးရှိသူဖြစ်အုံးတော့ ဖြစ်နိုင်ခြေ နည်းတယ်။ ဘာလို့လဲ ဆိုတော့ သွားရည်ထဲမှာ ပိုးပါနေပေမဲ့ အရေအတွက် နည်းလွန်းလို့ပါ။ ပိုးရှိတဲ့ ပြုလုပ်သူရဲ့ အနာ-ဒဏ်ရာက ထွက်တဲ့ သွေးက လက်ခံသူရဲ့ လိင်လမ်း-စအိုမှာလဲ အနာအဆာရှိလို့ ဝင်မှသာ ကူးစေမယ်။ ပါးစပ်လမ်း သုံးတယ်ဆိုတာ အများအားဖြင့် ပုံမှန်လိင်လမ်းကို ဆက်ဆံနေရင်း လုပ်ကြတာများလို့ ဘယ်လမ်းကြောင့် ကူးတာလဲ သိဘို့ခက်ခဲတယ်။ ၂၀၀၁ စပိန်သုတေသနတခုအရ HIV ပိုးမရှိတဲ့ ကျား-မ ဆက်ဆံတာသာ ၀ါသနာပါသူ ယောက်ျား ၁၃၅ ယောက်ဟာ ပိုးရှိသူ အမျိုးသမီးတယောက်နဲ့ အကြိမ်ပေါင်း ၁၉၀၀၀ အကာကွယ်မဲ့ ပါးစပ်သုံးပြီး ဆက်ဆံကြတယ်။ HIV ကူးလာတာ မတွေ့ရပါ။ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် International Oral AIDS Conference မယ် တင်ပြတာက ပါးစပ်သုံး လိင်ဆက်ဆံတာကနေ ကူးစက်နိုင်စွမ်း တကြိမ်ပြုတိုင်း 0.04% per contact ရှိတယ်လို့ ဆိုတယ်။

 

HIV Q and A

• လိင်ဆံရာသုံး အဝတ်အစားတွေကနေ ကူးသလား။ HIV ပိုးဟာ ကိုယ်ခန္ဓာအပြင် ရောက်ရင် ကြာကြာ မရှင်နိုင်ဘူး။ ဓါတ်ခွဲခမ်းမှာ စမ်းဘို့ လုပ်ရတာက ပိုးကောင်ရေ အများကြီးနဲ့ လုပ်ရတယ်။ သူတို့ကြိုက်တာမျိုး စီမံထားရင် လအထိ ထားနိုင်ပေမဲ့ ခြောက်သွေ့ သွားရင် ၉၀-၉၉% က နာရီပိုင်းနဲ့ သေသွားကြတာ တွေ့ရတယ်။ ဒါ့ကြောင့် ပိုးပါတဲ့ သွေးနဲ့ အရည်တွေဟာ ခြောက်သွေ့သွားရင် ကူးစရာလမ်း မရှိသလောက်ပါ။

• သတိထားဘို့ လိုသေးတာက သွေးကိုစစ်တော့ ပိုးနည်းနည်းတွေ့ပေမဲ့ HIV တွေက Semen တို့ Vaginal fluids တွေမှာ များနေနိုင်တယ်။ ဒါ့ကြောင့် သွေးထဲမှာ Viral load မများပေမဲ့ အကာအကွယ်ယူဘို့ မမေ့ပါနဲ့။

• HIV-negative ဆိုတာ ဘာလဲ။ သွေးစစ်ချိန်မှာ သူ့သွေးထဲမယ် HIV antibodies မတွေ့သူဖြစ်တယ်။ HIV လုံးဝ ကင်းနေတယ်လို့တော့ မပြောနိုင်သေးဘူး။ လွန်ခဲ့တဲ့ ၃-၆ လအတွင်း HIV ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ ခဲ့ဘူးပေမဲ့ သူ့ကို မကူးခဲ့ဘူးလို့ မပြောနိုင်သေးဘူး။ AIDS ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့လဲ မပြောနိုင်ပါ။

• HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာအာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။

 

Ref: Dr. တင့်ဆွေ Public health in myanmar Friday, January 7, 2011



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18