Print

တုပ်ကွေးရောဂါ (Influenza)

  29-Oct-2016
Preview Image

 

မြန်မာနိုင်ငံမှာ တုပ်ကွေးရောဂါဟာ ပြီးခဲ့တဲ့လကတည်း ကအခုထိ ဖြစ်ပွားဆဲ ရောဂါတစ်ခုပါပဲ၊ တုပ်ကွေး ရောဂါဟာ influenza virus ပိုးကြောင့်ဖြစ်ပြီး A,B,C ဆိုပြီး virus အမျိုးအစား (၃) မျိုးရှိပါတယ်။ ရာသီကို လိုကြ်ပီးဖြစ်တာမို ့ Seasonal influenza လို့ သတ်မှတ်ပြီး အလွယ်တကူ Flu လို့ပဲခေါ်ပါတယ်။ influenza virus A နဲ့ B ဟာ နှစ်စဉ်ပုံမှန် ဖြစ်ပွားတတ်ပြီး ဒေသတွင်း ပျံ့နှံ့ကူးစက်တတ်ပါတယ် (Epidemic disease)။ influenza virus C ကတော့ ရံဖန်ရံခါမှသာ နေရာကွက်ပြီး ဖြစ်ပွားတတ်ပါတယ (Sporadic disease)။ အဖြစ်အများဆုံးကတော့ Virus A ပါဘဲ ။ Virus A ကို surface protein ပေါ်မူတည်ပြီး အုပ်စုခွဲ (subtype) များထပ်မံခွဲခြားနိုင်ပါတယ်။ surface protein များ ကတော့ Hemagglutinin (H) နဲ့ Neuraminidase (N) တို့ဖြစ်ပြီး (H)မျိုး ကွဲ (၁၆) မျိုးနဲ့ (N) မျိုးကွဲ (၉) မျိုး လောလောဆယ် စမ်းသပ်တွေ့ရှိထားပါတယ်။ Virus A surface protein များဟာ ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပြီး အုပ်စုခွဲမျိုးကွဲများ ဖြစ်ပေါ်လာ တတ်ပါတယ်။ Virus A (H1N1) ဟာလတ်တလော ကမ္ဘာမှာအဖြစ်များဆုံး အုပ်စုခွဲပဲ ဖြစ်ပါတယ်။  (ကြက်ငှက်တုပ်ကွေး Avian or Bird Flu ဖြစ်စေ တာကတော့ Virus A (H5N1) ပဲ ဖြစ်ပါတယ်)

 

တုပ်ကွေးဟာ အနောက်နိုင်ငံတွေမှာတော့ Winter & Spring ရာသီတွေမှာ ဖြစ်ပွားလေ့ရှိပြီး မြန်မာနိုင်ငံမှာတော့ မိုးနှောင်းပိုင်း (August, September) မှာ အဖြစ်များတာ တွေ့ရပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ဟာ ရောဂါပိုး ရှိသူ၏ နှာခြေ၊ ချောင်းဆိုးခြင်းကြောင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် အဓိက ကူးစက်ပြီး ရောဂါပိုး ရှိသူရဲ့ နှာရည်၊ တံတွေးကို တစ်ဆင့်ခံထိတွေ့မိရာမှလည်း ကူးစက် နိုင်စေပါတယ်။  (ဥပမာ - တယ်လီဖုန်း၊ တံခါး လက်ကိုင်၊ ဇွန်းခက်ရင်း) တုပ်ကွေး ရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၂-၃ ရက် အတွင်း ပေါ်ပေါက်လာတတ်ပါတယ် ။ ရောဂါလက္ခဏာ တွေကတော့

• အဖျားတက်ခြင်း • ခေါင်း ကိုက်ခြင်း • ချောင်းဆိုးခြင်း • လည်ပင်း နာခြင်း • နှာရည် ကျခြင်း၊ နှာ ပိတ်ခြင်း • တစ်ကိုယ်လုံး ကိုက်ခဲခြင်း • နုံးခွေသွားခြင်း • ကလေးများတွင် ဝမ်းလျှောပြီး အန်တတ်ခြင်း  တို့ ဖြစ်ပါတယ်။

 

တုပ်ကွေးရောဂါခံစားရပြီ ဆိုပါက

• အိမ်မှာ လုံလောက်စွာ အနားယူပါ • အရည် များများ သောက်ပါ ၊အရက်နဲ့ ဆေးလိပ် ရှောင်ပါ  • ရောဂါ လက္ခဏာ သက်သာ စေသော ဆေးများ (symptom relief) သောက်နိုင် ပါတယ် ။ ဥပမာ - Paracetamol , Chlorpheniramine (Burmeton) ... လူငယ်ပိုင်း နှင့် ကလေးများ ကို Aspirin (Buspro) မတိုက်ရပါ ။ • ချောင်းဆိုး ပျောက်ဆေးရည်၊ ချွှဲပျော်ဆေးရည် များကို လိုအပ်ပါက ပေးနိုင်ပါတယ်။ ရေနွေး ငွေ့ရှူခြင်းသည်လည်း နှာပိတ်ခြင်းကို သက်သာစေပါတယ်။  အရည်ခန်းခြောက်ခြင်း ရှိပါက ဓါတ်ဆားရည်သောက်နိုင်ပါတယ်။  • ဗိုင်းရပ်စ် သေဆေး (antiviral drugs) များကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ သောက်ပါ။  (မြန်မာနိုင်ငံမှာတော့ ပေးလေ့မရှိပါ၊ ဆေးလည်း ရှားပါး ပါတယ်) ဆေးတွေကတော့  o Relenza® (Zanamivir) o Tamiflu® (Oseltamivir) - ဒီဆေးဆိုရင်အခုနေရာ တော်တော်များများမှာ ဆေးမတိုးတဲ့ ပြဿနာ ရှိနေပါပြီ ။ (WHO Report)  တုပ်ကွေးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကတော့ နမိုးနီးယား (Pneumonia due to viral or bacteria)၊ နားပိုးဝင်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ရောဂါအခံ ရှိသူများ (ဆီးချို၊ နှလုံး၊ ပန်းနာ၊ ကျောက်ကပ်နာများ) ဟာ ရောဂါပိုဆိုးခြင်းတို့ဖြစ်တတ်ပါတယ်။

 

ရောဂါ ကာကွယ်ရေး အနေနဲ့ ကတော့ 

• လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးပါ (ရောဂါပိုးလက်တွင်ကပ်နေပါက ကင်းစင် စရန်) • လက်မဆေးမီ မျက်လုံးနှင့် နှာခေါင်းကို မကိုင်တွယ် မိစေရန် သတိထားပါ။ • တုပ်ကွေးဖြစ်သောအချိန်တွင် မျက်နှာသုတ်ပုဝါ၊ လက်ကိုင် ပုဝါ အစရှိတဲ့ အသုံး အဆောင်များ အတူသုံးခြင်းရှောင်ကြဉ်ပါ။ • နှစ်စဉ် တုပ်ကွေးရာသီရောက်လျှင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

 

Ref:  public health in myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18