Print

အသည်းရောင် စီရောဂါ

  29-Oct-2016
Preview Image

 

အသည်းရောင် စီရောဂါဟာ အသည်းရောင်စီပိုးရှိသူနဲ့ လိင်တူ၊ လိင်ကွဲ ဆက်ဆံမိခြင်း၊ အသည်းရောင် စီပိုးပါသော သွေး၊ ဆေးထိုးအပ်၊ စီပိုးပါသော နားဖောက် ပစ္စည်း၊ အပ်စိုက်ခြင်းနဲ့ ဆေးမင်ကြောင်ထိုးခြင်း၊ ပိုးရှိသော ဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက် ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း၊ သွားတိုက်တံ၊ သွားကြားထိုးတံ တို့ကို အတူသုံးခြင်း၊ လက်သည်းညှပ်ခြင်း၊ မသန့်ရှင်းသော ကိရိယာဖြင့် သွားနုတ်၊ သွားဖာခြင်း စတဲ့ အပြုအမှုတွေကြောင့် ရောဂါကူးစက်ခြင်း ဖြစ်တာပါ။ သွေးစစ်လို့ စီပိုးပဋိလုံပစ္စည်းဖြစ်ရင် စီပိုးရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စီပိုးကူးစက်ခံရသူဟာ ၅ဝ ရာခိုင်နှုန်းအောက် ရှိပါတယ်။ စီပိုးလူနာများဟာ အရက်၊ ဆေးလိပ်နဲ့ ကွမ်းစားခြင်းကို ရှောင်ကြဉ်ရပါမယ်။ ဟင်းမှာအဆီ အနှစ်၊  မလိုင်၊ ထောပတ်၊ နို့၊ ကြက်ဥ၊ ဘဲဥအနှစ်နဲ့ ဆီကြော်မုန့်၊ ဟမ်ဘာဂါ၊ အသင့် အမြန်စား အစာတွေကို ရှောင်ရပါမယ်။ ဆိုးဆေးပါတဲ့ အရည်နဲ့ မုန့်များ မစားရ။ သံဓာတ်ပါတဲ့ အားဆေး၊ အချဉ်ရည် ( သံပရာသီး၊ ရှောက်သီး ) တွေကို ရှောင်ကြဉ်ရပါမယ်။ အငန်ဓာတ်ပါတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် တို့ကို လျှော့စားရပါမယ်။

 

လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု

*****************************

စီပိုးရှိပြီဆိုရင် တိကျမှန်ကန်တဲ့ စက်ကြီးများနဲ့ ထပ်မံစစ်သင့်ပါတယ်။ စီပိုး သေချာရင် အသည်းကောင်း၊ မကောင်းသိဖို့ အဝါဓာတ် အသည်းအင်ဇိုင်း စစ်ဆေးခြင်း၊ သွေးတွင်း အသားဓာတ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အသည်းကွန်ပျူတာ ဓာတ်မှန် ရိုက်ခြင်း၊ အစာအိမ်မှန်ပြောင်းဖြင့် အသည်းရောဂါကြောင့် အစာရေမြို သွေးကြော ထုံး၊ မထုံး စစ်ဆေးခြင်း၊ သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးမွှား အရေအတွက် စစ်ဆေးခြင်း၊ သွေးတွင်း အသားဓာတ် စစ်ဆေးခြင်း၊ တီဗွီ ဓာတ်မှန်ရိုက်ခြင်းနဲ့ အသည်း အင်ဇိုင်း စစ်ဆေးခြင်းများ လုပ်ဆောင်နိုင်ပါတယ်။ ယနေ့အချိန်အထိ ကာကွယ်ဆေး မပေါ်သေးပါ။ သို့သော် ရောဂါကုသဆေး  ရှိပါတယ်။ အင်တာဖရွန် ထိုးဆေးနဲ့ ရီဘာရင် စားဆေး နှစ်မျိုး တစ်ပြိုင်တည်းသုံးပြီး  ကုရမယ်။ တစ်မျိုးတည်းသုံးပြီး မကုသင့်ပါဘူး။ ထိုးဆေးရဲ့ ဆိုးကျိုးတွေက ကုန်ကျစရိတ် များခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ တုပ်ကွေးကဲ့သို့ ကိုက်ခဲခြင်း၊ နုံးခြင်း၊ သွေး အားနည်းခြင်း၊ သွေးဖြူ ဥ နည်းခြင်း၊ မျက်စိကြည့်မကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရိုးတွင်းခြင်ဆီ အားနည်းခြင်း နဲ့ တခြားဆိုးကျိုးများ ရနိုင်တဲ့အပြင် သွေးနီဥများ ပေါက်ကွဲ၍ အားနည်းခြင်းကိုလည်း ဖြစ်ပေါ်နိုင်ပါတယ်။ဆေးကုသခြင်း အကျိုးတွေက အသည်းရောင်စီပိုး ပျောက်ခြင်း၊ အသည်းထိခိုက်မှု ဒဏ်ရာများ၊ အသည်းတွင် အမာရွတ်ထင်ခြင်း၊ အသည်း ကျွတ်ဆက် ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းမှ သက်သာစေတယ်။ အသည်းကင်ဆာ အထိမဖြစ်ရအောင် ကာကွယ်ရေးသည် ကုသရေးထက် ပိုကောင်းသည် ဆိုတဲ့အတိုင်း စီပိုးဝင်ရောက်မှု မခံရအောင် ဂရုပြု သတိထားသင့်တဲ့ ရောဂါတစ်ခု ဖြစ်ပါကြောင်း ဆွေးနွေး လိုက်ရပါတယ်။

 

Ref: ဒေါက်တာ လွင်သန့် ( ဆေး-၂ ) Date: Wednesday, March 26, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18