Print

မျက်စိနှင့် AIDS ရောဂါ

  06-Feb-2019
Preview Image

ဖြစ်ရတဲ့အကြောင်းရင်းကလည်း ရှင်းပါတယ်။ ခုခံအားကျတဲ့သူမှန်သမျှ AIDS ရောဂါရယ်မှ မဟုတ်ပါဘူး။ ဘယ်လိုရောဂါကြောင့်ပဲဖြစ်ဖြစ်၊ အာဟာရချို့တဲ့လို့ပဲ ဖြစ်ဖြစ်၊ နာတာရှည် အရက်စွဲတာ (Chronic Alcoholism) ကြောင့်ပဲဖြစ်ဖြစ် ခန္ဓာကိုယ် ခုခံအားကျသွားရင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါပိုးတွေ ကျရောက်လွယ်တတ်ပါတယ်။ AIDS ဆိုတာ နာမည်ကိုယ်က ခုခံအားကျဆင်းမှုရောဂါဆိုတော့ တစ်ကမ္ဘာလုံးမှာ တွေ့ရှိချက်အရ CD4 ပမာဏ ၅၀ ထက် လျော့နည်းတယ်ဆိုရင် မျက်စိထဲ ရောဂါပိုးဝင်ရောက်နိုင်ချေက များတယ်လို့ လက်ခံထားကြပါတယ်။

မှိုပိုးကျရောက်ခြင်း
မှိုပိုးကျရောက်တာကြောင့် မျက်စိကွယ်နိုင်ပါတယ်။ မျက်စိကွယ်နိုင်တဲ့ အဓိကအကြောင်းအရင်းကတော့ မျက်စိအာရုံခံလွှာမှာ Cytomegalovirus, Cryptococcus နဲ့ Candida ပိုးတွေ ကျရောက်ပြီး ရောင်ရမ်းမှုနဲ့ တွဲဖြစ်ရာက မျက်စိအာရုံခံလွှာ တစ်ခုလုံး ထိခိုက်ပျက်စီးသွားတာကြောင့် ဖြစ်ပါတယ်။


မျက်စိကြည်လွှာမှာလည်း ရောဂါပိုးကျရောက်တတ်ပေမယ့် မျက်စိ အာရုံခံလွှာမှာ ရောဂါပိုး ကျရောက်မှုက ပိုများပါတယ်။ မျက်ကြည်လွှာမှာ Cytomegalovirus ပိုးကျရောက်တဲ့ CMV Endotheliitis ကို အခုနောက်ပိုင်းမှာ အတော်လေး တွေ့လာရပါတယ်။ ပြီးတော့ မျက်စိသူငယ်အိမ်ရောင်တာ (Uveitis) ဖြစ်နိုင်ပါတယ်။


အခုပြောတဲ့ အကြောင်းတွေ အားလုံးက မျက်စိကွယ်နိုင်ပါတယ်။ ဒါပေမယ့် AIDS ကြောင့် မျက်စိကွယ်နိုင်တဲ့ အများဆုံး အကြောင်းအရာတွေက မျက်စိအာရုံခံလွှာထိခိုက်မှုကြောင့်ပဲ ဖြစ်ပါတယ်။


တခါတလေကျရင် လူနာက ဘာမှမဟုတ်ဘူးလို့ ထင်တတ်တာတစ်ခုက မျက်ခွံက Conjunctiva မှာ Kaposi’s Sarcoma ဆိုတဲ့ ဝိုင်းဝိုင်းနီနီ အလုံးလေး တွေ့ရတတ်ပါတယ်။ ဒါက Subconjunctival Haemorrhage နဲ့ မှားတတ်တယ်။ တကယ်တမ်း သေချာကြည့်ရင် ဝိုင်းဝိုင်းနီနီလေး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလူနာတွေကတော့ ဆရာတို့ဆီ လာပြတာ နည်းတယ်။ ဆရာတို့ဆီ ပြတာက မျက်စိ အာရုံခံလွှာရောင်လို့ လာပြတာပဲ များပါတယ်။


AIDS နဲ့ ဆစ်ဖလစ်တွဲဖြစ်လျှင်
AIDS ရောဂါနဲ့ ဆစ်ဖလစ်ရောဂါကလည်း တွဲဖြစ်နိုင်ချေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါနှစ်ခုရဲ့ ကူးစက်တဲ့ အရင်းအမြစ်ကလည်း အများကြီးထဲမှာ တူတဲ့အချက်က ရှိနေတော့ တွဲဖြစ်နိုင်ချေရှိပါတယ်။ ဒီနှစ်ခုတွဲဖြစ်ရင် Cytomegalovirus, Cryptococcus, Candida ဆိုတဲ့ ရောဂါပိုးတွေပဲ ကျရောက်နိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါက ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက ပင်နီဆလင်ဆေးပေါ်လာတော့ ဆစ်ဖလစ်ရောဂါကို နှိမ်နင်းနိုင်တယ်။ ပင်နီဆီလင်ဆေးယဉ်ပါးတော့လည်း ဒီထက်ပိုအာနိသင်ရှိတဲ့ ဆေးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။


ဒီတော့ ဒီရောဂါကို အတော်လေးနိုင်သွားပါတယ်။ သာမန်ဆရာဝန်တွေတောင် ဆစ်ဖလစ်ရောဂါကို နိုင်နိုင်နင်းနင်း ကုသနိုင်နေပြီဆိုတော့ ဒီရောဂါကြောင့်ဖြစ်တဲ့ မျက်စိဝေဒနာကိုတော့ မတွေ့ရသလောက် ရှားသွားပါပြီ။ AIDS ရောဂါကြောင့်ဖြစ်တဲ့ မျက်စိရောဂါပိုးတွေကိုပဲ တွေ့ရတာများပါတယ်။


ART ဆေးသောက်လျှင် မျက်စိထဲ ရောဂါပိုးဝင်ရောက်နိုင်ခြေ လျော့နည်းနိုင်လား
ART ဆေးသောက်လိုက်လို့ CD4 Count တက်လာပြီဆိုရင် မျက်စိထဲ ရောဂါပိုးဝင်နိုင်ခြေက နည်းသွားပါတယ်။ ဆေးသောက်တဲ့ အကျိုးကျေးဇူးကြောင့် အထွေထွေ ခန္ဓာကိုယ်ခုခံအား ကောင်းလာတယ်ဆိုရင် မျက်စိထဲ ပိုးဝင်နိုင်ခြေကလည်း နည်းသွားပါတယ်။


မျက်စိရောဂါတွေ မဖြစ်အောင်
AIDS ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် CD4 Count ၅၀ အောက်ဆိုရင် ပိုးကျရောက်နိုင်တဲ့အတွက် CD4 Count ၅၀ အောက် မကျသွားအောင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုပါတယ်။ သမားတော်နဲ့ တိုင်ပင်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ခံအား ကောင်းနေအောင် နေထိုင်တည်ဆောက်ပေးနေရပါမယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေမယ်ဆိုရင်တော့ ရောဂါပိုးတွေ မကျရောက်နိုင်တော့ပါဘူး။ CD4 အရေအတွက်ကို တက်အောင် ကြိုးစားပြီး ကိုယ်ခံအားတက်အောင် လုပ်မယ်ဆိုရင် ရောဂါပိုးကျရောက်နိုင်ချေက နည်းသွားပါတယ်။


Ref: ပါမောက္ခ ဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18