Print

ခြင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအန္တရာယ်ကနေ သင့်ကလေးကို ဘယ်လိုကာကွယ်မလ...

  03-Dec-2018
Preview Image


မိဘရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးတွေကို စောင့်ရှောက်ပျိုးထောင်ရတာ တကယ်ကိုစိန်ခေါ်မှုကြီးမားတဲ့အလုပ်ပါ။ ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကျန်းမာမှု၊ သွက်လက်ထက်မြက်မှု၊ သိတတ်မှု အရာရာတိုင်းက  မိဘတွေရဲ့တာဝန်ပဲလေ။ ကလေးကိုစောင့်ရှောက်တဲ့နေရာမှာ တစ်ချက်မှ သတိလွတ်လို့မရတာ လုပ်ငန်းကြီးတစ်ခုဦးဆောင်နေတာထက် ပိုတာဝန်ကြီးပါတယ်။

 

ဒါပေမယ့် ကျန်တာတွေ လိုလေသေးမရှိ စောင့်ရှောက်ထောက်ပံ့ပေးထားပါလျက်နဲ့ အရေးကြီးတဲ့အချက်တစ်ခုကို မေ့လျော့နေတတ်ပါတယ်။ ခြင်အန္တရာယ်ဂရုစိုက်ဖို့ပါ။ တစ်ခုခုကိုအာရုံစိုက်နေရင် ကျန်တာဘာမှမသိတတ်တဲ့ ကလေးတွေကို ခြင်ကရတဲ့ရောဂါတွေ မကူးစက်စေဖို့ ကြိုတင်ကာကွယ်ပေးရမှာ မဖြစ်မနေအရေးကြီးပါတယ်။ ခြင်ကိုက်ခံရတာနဲ့ အသက်အရွယ်မရွေးကို အန္တရာယ်ကြီးတဲ့ရောဂါတွေ ကူးစက်ခံရနိုင်တယ်ဆိုပေမယ့် ကလေးတွေကို ပိုကိုက်ခံရတတ်ပါတယ်။ ခြင်ကတဆင့်ကူးစက်ခံရနိုင်တဲ့ရောဂါတွေက အများကြီးရှိတဲ့အထဲက အဖြစ်များတဲ့ရောဂါတွေက –

 

သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါက Aedes ခြင်တွေကတဆင့် ကူးစက်ရရှိနိုင်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့ကလေးတွေမှာ အများစုက လက္ခဏာသိပ်မသိသာတတ်ပါဘူး။ အပျော့စားလက္ခဏာတွေဆိုရင် ရိုးရိုးဖျားတာ၊ တုပ်ကွေးတို့နဲ့ဆင်တူနေတတ်ပါတယ်။ ပြင်းထန်လာရင် ခန္ဓာကိုယ်တွင်း သွေးယိုခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်တာကြောင့် စောစောသိရှိပြီးကုသနိုင်ဖို့လိုပါတယ်။

 

Chikungunya (ဆင်တုပ်ကွေး)

ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်း Aedes  ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ သူ့ရဲ့အဖြစ်များတဲ့လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ တခြားလက္ခဏာတွေထဲမှာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့အရေပြားနီမြန်းခြင်းတို့ပါဝင်ပါတယ်။

 

ဂျပန်ဦးနှောက်ရောင်ရောဂါ

ဂျပန်ဦးနှောက်ရောင်ရောဂါက အာရှနိုင်ငံတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး Culex ခြင်ကနေကူးစက်ခံရတဲ့ကလေးတွေမှာ ဦးနှောက်ရောင်ခြင်း၊ ကိုမာဖြစ်ခြင်းတို့လို လက္ခဏာတွေဖြစ်စေနိုင်ပါတယ်။ နောက်ဆုံးမှာအသက်မဆုံးရှုံးရင်တောင် ဦးနှောက်ထိခိုက်မှု၊ ဦးနှောက်တစ်ရှူးတွေပျက်စီးမှုကြောင့် နောက်ဆက်တွဲချို့ယွင်းမှုတွေကျန်ရစ်စေခဲ့နိုင်လောက်တဲ့ အန္တရာယ်ရှိပါတယ်။

 

ငှက်ဖျားရောဂါ

ငှက်ဖျားဗိုင်းရပ်စ်ကိုတော့ Anopheles ခြင်တွေကြောင့်ကူးစက်ဖြစ်ပွားစေတာဖြစ်ပါတယ်။ Plasmodium ကပ်ပါးပိုးသယ်ဆောင်လာတဲ့ ခြင်အကိုက်ခံရရင် အဲဒီပိုးက သွေးကြောထဲရောက်မယ်၊ အသည်းဆီ ရောက်တဲ့အခါ အရေအတွက်ပွားများလာပြီး သွေးနီဥဆဲလ်တွေကိုဖျက်ဆီးမယ်။ ငှက်ဖျားကို သေချာကုသမှုမခံယူရင် အဖျားကြီးတာ၊ပျို့အန်တာတွေစတဲ့လက္ခဏာတွေကနေ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်ပျက်ယွင်းတာ ၊ အသက်ဆုံးရှုံးတာတွေအထိဖြစ်လာစေနိုင်ပါတယ်။


ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်ရောဂါက လက်နဲ့ခြေထောက်တွေမှာ အဆမတန်ရောင်ရမ်းမှုဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ သူက filarial worm လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ကူးစက်တာပါ။ ကပ်ပါးပိုးရှိနေတဲ့လူကို ကိုက်ခဲ့တဲ့ ခြင်ကတဆင့် နောက်တစ်ဦးကို ကူးစက်ပြန့်ပွားစေတာဖြစ်ပြီး ရောဂါပိုးက လူ့ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြောစနစ်အတွင်းရှင်သန်နေထိုင်တာဖြစ်ပါတယ်။ အဆမတန်ရောင်ရမ်းလာတဲ့ ခြေလက်တွေနဲ့ ပုံမှန်လှုပ်ရှားနေထိုင်မှုမှာပြဿနာရှိလာပြီး ခြေလက်တွေမှာတခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။ အခုလိုအန္တရာယ်များလှတဲ့ရောဂါကြီးတွေ ကိုယ့်သားသမီးမှာဖြစ်လာရင် မိဘတွေရင်ကျိုးရမှာပါ။ ဒီလို မဖြစ်စေချင်ဘူးဆိုရင် ကလေးတွေကို ခြင်အန္တရာယ်ကင်းဝေးအောင် ပိုသတိထားစောင့်ရှောက်ရပါမယ်။

 

ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ

ကလေးကို တတ်နိုင်သလောက် လုံလုံခြုံခြုံဝတ်ဆင်ပေးပါတတ်နိုင်သလောက် အသားမပေါ်အောင် အကျႌလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပေးရင် ခြင်ကိုက်သက်သာစေပါလိမ့်မယ်။ အရောင်ဖျော့ဖျော့၊ ချည်သားလေးတွေဝတ်ဆင်ပေးပါ။ အရောင်ရင့်လေ ခြင်တွေကိုပိုဆွဲဆောင်နိုင်လေဖြစ်ပါတယ်။ ကိုယ်ကျပ်အကျႌတွေဆို ခြင်ပိုကိုက်လို့ အဝတ်အစားကို ခပ်ပွပွလေးဝတ်ပေးပါ။

 

အနံ့ပြင်းတာတွေ ရှောင်ပါ

ပန်းနံ့ သို့မဟုတ် သစ်သီးနံ့ နဲ့ ရေမွှေးနံ့တွေကို ခြင်တွေနှစ်သက်ပါတယ်။ ကလေးအသုံးအဆောင်တွေမှာ အမွှေးနံ့အရမ်းမစူးတဲ့ ရှန်ပူ၊ရေချိုးဆပ်ပြာ၊လိုးရှင်းနဲ့အဆီတွေကို ရှောင်ပါ။ lavender၊ citronella၊  lemongrass၊ peppermint၊ clove တို့လို ခြင်ပြေးတဲ့အနံ့မျိုးပါတဲ့ ပစ္စည်းတွေကိုရွေးချယ်ပါ။ ချွေးနံ့ပြင်းရင်လည်း ခြင်ပိုကိုက်တာကြောင့် ချွေးနံ့ သို့မဟုတ် ကစားထားလို့ညစ်ပေပြီး အနံ့တွေထွက်နေရင် အဝတ်အစားလဲပေးပါ။

 

အရည်အသွေးပြည့်ခြင်ဆေးကောင်းကောင်းကိုသုံးပါ

အခုချိန်မှာတော့ ခြင်ဆေးဆိုတာ ခြင်ဆေးခွေ၊ဖျန်းဆေး၊ လိမ်းဆေး နှင့် လျှပ်စစ်အပူပေးခြင်ပေးစက် စသည်ဖြင့် ဈေးကွက်မှာပုံစံအမျိုးမျိုးနဲ့ရရှိနိုင်ပါတယ်။ အဲဒီထဲကမှမိသားစုအတွက် ဘေးအကင်းဆုံး၊ ကာကွယ်မှုအထိရောက်ဆုံး၊ အနံ့အသက်အကောင်းဆုံးကိုရွေးချယ်သင့်ပါတယ်။ အိမ်တွင်းနဲ့အိမ်ပြင် သုံးဖို့အတွက် သီးသန့်စီခွဲဝယ်ပါ။ ဥပမာ- အပြင်ဆို မီးခိုးနည်းတဲ့ JUMBO VAPE အနက်ရောင်ခြင်ဆေး သို့မဟုတ် သဘာဝနနွင်းစစ်စစ်ပါဝင်တဲ့ အဝါရောင်ခြင်ဆေးကို သုံးနိုင်ပါတယ်။ အင်အားကောင်းဖျန်းပေါက်နှစ်ခုပါပြီး ဆီပါဝင်မှုနည်းလို့သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်တဲ့ JUMBO VAPE စပရေး နဲ့လီလီပန်းရနံ့ပါဝင်တဲ့ လျှပ်စစ်အပူပေးခြင်ပြေးစက်ကို အိမ်ထဲမှာသုံးရင်း ခြင်အန္တရာယ်ကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ JUMBO VAPE လျှပ်စစ်အပူပေးခြင်ပြေးစက်က တစ်နေ့ကို ၈ နာရီနဲ့ ရက်ပေါင်း ၄၅ ရက်အထိ အသုံးခံတဲ့အပြင် မီးခိုးမထွက်၊ပြာမကျလို့ အဲကွန်းခန်းလို အလုံပိတ်အိမ်ခန်းထဲမှာ သုံးနိုင်လို့ကလေးနဲ့ လူကြီးများအတွက်သင့်တော်ပါတယ်။ ခလုတ်ပါဝင်တာကြောင့် လွယ်ကူစွာအဖွင့်အပိတ်ပြုပြီးသုံးနိုင်ပါတယ်။

 

အိမ်နားဝန်းကျင်မှာ ခြင်ဆေးဖျန်းပါ

အိမ်နားဝန်းကျင်မှာ မကြာမကြာ ပုံမှန်ခြင်ဆေးဖျန်းတာ(fumigating )က ကလေးအတွက် ခြင်အန္တရာယ်ကင်းစေဖို့အပြင် ကျန်းမာတဲ့ပတ်ဝန်းကျင်တစ်ခုရရှိစေနိုင်မယ့်အချက်ပါ။ လိုအပ်ရင် ရပ်ကွက်၊မြို့နယ် သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနတွေဆီက တာဝန်ရှိသူတွေကို တောင်းဆိုပြီး ဆေးဖျန်းခိုင်းပါ။

 

တရေးအိပ်ရင် ခြင်ထောင်ထောင်ပေးပါ

ရှေးရိုးစဉ်လာအတိုင်းပဲ ခြင်ထောင်က ခြင်မကိုက်အောင် ကာကွယ်ပေးနိုင်တာသေချာပါတယ်။ ကလေးတွေ တရေးအိပ်တဲ့အခါ ညဘက်လိုပဲ ခြင်ထောင်အသေးဖြစ်ဖြစ်သုံးပေးပါ။

 

ရေဝပ်နိုင်တဲ့အရာတွေကို ရှင်းပစ်ပါ

ရေတိုင်ကီ၊ ပန်းအိုး၊ ခွက် တို့အထဲက ငြိမ်နေတဲ့ရေဟာ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံးနေရာတွေဖြစ်ပါတယ်။ အိမ်အပြင်ဘက်က အိုးခြမ်းပဲ့လို၊ ရေအိုင်လေးလို အရာတွေမှာလည်း ခြင်ပေါက်ဖွားနိုင်လို့ ရှင်းလင်းပစ်ပါ။ ရေထည့်ထားသမျှ ဘူး၊ခွက်၊ အိုးမှန်သမျှ အဖုံးအုပ်ပါ၊ အသစ်ထပ်မဖြည့်ခင် အသစ်လဲပါ။

 

အိမ်နဲ့ဝန်းကျင် သန့်ရှင်းမှု ဂရုစိုက်ပါ

အိမ်အနီးတဝိုက်မှာ ပိုးလောက်လန်းမရှိစေဖို့ ရေတွေကို ဖုံးအုပ်ပါ၊ရှင်းလင်းပစ်ပါ။ ရေမြောင်းစီးဆင်းအောင် လုပ်ပါ။ အိမ်ထဲမှာ ခြင်မခိုအောင်းနိုင်အောင် လေဝင်လေထွက်ကောင်းကောင်း၊ အလင်းရောင်ဝင်စေဖို့ ရှင်းလင်းထားပါ။ မှောင်မိုက်တဲ့ ချောင်တွေမှာ ခြင်တွေခိုအောင်းနေတတ်ပါတယ်။ လွယ်ကူတဲ့ ဖုံးသွန်လဲစစ်လေးကိုကျင့်သုံးရင်း သင့်မိသားစုကို Jumbo Vape နဲ့ကာကွယ်ပြီး ခြင်တွေကိုအနိုင်ယူလိုက်ပါ။


Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18