Print

အအေးမိဖျားနာ

  14-Apr-2018
Preview Image

အအေးမိဖျားနာဆိုတာ သမားရိုးကျ မဆန်းကြယ်တဲ့ ရောဂါဆိုပေမဲ့ အခုထိ လုံးဝဖြစ်ပွားမှုမရှိအောင် ပပျောက်ကင်းစင်သည်အထိ ကုသနိုင်တဲ့ရောဂါ မဟုတ်ပါဘူး။ အမေရိကန် အမျိုးသားကျန်းမာရေး ဌာနရဲ့တိုင်းတာစစ်ဆေးချက်တွေအရ အမေရိကန်လူမျိုးတစ်သန်းဟာ နှစ်စဉ်နှစ်တိုင်း အအေးမိဖျားနာရောဂါကို ခံစားရပါသတဲ့။ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ ပျှမ်းမျှအနေနဲ့ တစ်နှစ်မှာနှစ်ကြိမ်မှ လေးကြိမ်အထိ အအေးမိဖျားနာခြင်းကို ကြုံတွေ့ခံစားရနိုင်ပြီး ကလေးငယ်တွေကနေ တစ်နှစ်မှာ ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိကြုံတွေ့ခံစားရနိုင်ပါတယ်။ 


အအေးမိဖျားနာခြင်းရောဂါလက္ခဏာများ

 အအေးမိဖျားနာခြင်းကို စခံစားရပြီဆိုတာနဲ့ -

• နှာချေခြင်း၊ နာရည်ယို၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းကနေ စလာတတ်ပါတယ်။ 

• ဒီကနေတစ်ဆင့် အဖျားငွေ့ငွေ့လေးတက်လာပြီး ချမ်းတုန်လာပါမယ်။ အဖျားက ၁၀၁ ံ ဖာရင်ဟိုက်ထက် ပိုလေ့မရှိပါဘူး။

• နှာရည်ယို၊ နှာချေခြင်း၊ နှာပိတ်ခြင်းတို့က ဒုတိယရက်နဲ့ တတိယရက်ရောက်တဲ့အခါ ပိုဆိုးလာတတ်ပြီး ချောင်းဆိုးရာကနေ တဖြည်းဖြည်းအသံနာလာတဲ့အထိ ဝေဒနာတိုးလာတတ်ပါတယ်။

• အနံ့ခံအာရုံနဲ့ အရသာခံစားမှုအာရုံတွေ ပျောက်ဆုံးပြီး ခံတွင်းပျက်ကာ မစားချင် မသောက်ချင် ဖြစ်လာမယ်။

• နှာလိုဏ်ခေါင်း ရောင်ရမ်းမှုကြောင့် နားစည်ပေါ် ဖိအားသက်ရောက်ပြီး နားအုံတာ၊ နားကိုက်တာဖြစ်စေသလို အသံကြိုးရောင်ရမ်းမှုကြောင့် အသံဝင်တာ၊ အသံမထွက်တော့တာတွေ ဖြစ်လာတတ်ပါတယ်။


 အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်မျိုးကွဲအုပ်စုပေါင်း ၈ မျိုးရှိပြီး ဒီထဲမှာမှ မျိုးကွဲ ၂၀၀ ကျော်ပါဝင်ပါတယ်။ ဒီမျိုးကွဲပေါင်း ၂၀၀ ကျော်တွေထဲက ဗိုင်းရပ်စ်တစ်မျိုးကြောင့် အအေးမိဖျားနာဖြစ်ပြီးလျှင်တောင် သင့်ခန္ဓာကိုယ်က ဒီပိုးတစ်မျိုးအတွက်သာ ကိုယ်ခံအားထွက်လာပြီး ကျန်တဲ့ပိုးမျိုးကွဲ ၁၉၉ မျိုးကြောင့် အအေးမိဖျားနာခြင်းကို ခံစားရနိုင်ပါသေးတယ်။ 


 အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ် ၂၀၀ ကျော်က သင့်ခန္ဓာကိုယ်ထဲကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာနိုင်ပါတယ်။ နှာရည်ယို၊ နှာစေးတာကနေ ကူးစက်တဲ့ Rhinovirus က နှာရည်နှင့် တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်နိုင်သလို ရောဂါခံစားနေရသူနဲ့ လက်ချင်းဆွဲနှုတ်ဆက်တာ၊ မျက်နှာချင်းထိရာကနေ ကူးစက်နိုင်ပါတယ်။ နောက်ထပ်ရောဂါခံစားနေရသူက ထိတွေ့ကိုင်တွယ်လိုက်တဲ့ တံခါးလက်ကိုင်ဘုနဲ့ ဘောလ်ပင်တွေကနေတစ်ဆင့်လည်း ရောဂါပိုးကူးစက်ခံစားရနိုင်ပါတယ်။ အအေးမိဖျားနာစေတဲ့ ဗိုင်းရပ်စ်ပိုးတွေက လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ တယ်လီဖုန်းတို့မှာ နာရီပေါင်းများစွာ ကပိငြိရှင်သန်နေနိုင်ပါတယ်။ သင့်မျက်နှာ၊ မျက်စိနဲ့ နှာခေါင်းတွေကို ထိတွေ့ကိုင်တွယ်ရာကနေ ရောဂါပိုးပြန့်ပွားမှုကို ဖြစ်စေပါတယ်။ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ရောဂါပိုးတွေက လေထဲပျံ့လွင့်ပြီး ရောဂါကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ ဒီလေကို ရှူရှိုက်မိတဲ့ အခြားသူတွေမှာ ရောဂါကူးစက် ဖြစ်ပွားခံရနိုင်တယ်လေ။


 ရောဂါခံစားရတဲ့ အအေးမိဖျားနာရာကနေ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကတော့ ကာလကြာရှည်မှုနဲ့ သက်ဆိုင်ပါတယ်။ အများအားဖြင့် ရောဂါလက္ခဏာတွေက တစ်ပတ်ကြာတာနဲ့ ပျောက်ကင်းသွားတတ်ပြီး အရမ်းပြင်းထန်မှု မရှိတဲ့ နောက်ဆက်တွဲဝေဒနာက နှစ်ပတ်ကြသည်အထိ ကျန်နေတတ်ပါတယ်။ ၈၀ ရာခိုင်နှုန်းသော အအေးမိဖျားနာသူတွေမှာ နှာလိုဏ်ခေါင်းရောင်ရမ်းမှုက စတင်တာဖြစ်ပြီး နာရည်ယို၊ နှာချေ၊ ချောင်းဆိုးပြီး တစ်ပတ်အကြာမှာ ရောဂါလက္ခဏာသစ်တွေ တိုးခံစားရပါတယ်။ မျက်လုံးတွေ ကိုက်ခဲနာကျင်ပြီး အဖျားတက်မယ်၊ နှာပိတ်တာပိုဆိုးလာတတ်ပါတယ်။ အအေးမိဖျားတာရာကနေ နောက်ဆက်တွဲအနေနဲ့ နှာလိုဏ်ခေါင်းမှာ ဗက်တီးရီးယားပိုးဝင်ကူးစက်ခံရပြီး နှာလိုဏ်ခေါင်းရောင်ရမ်းမှုကို ဖြစ်စေပါတယ်။

 အအေးမိဖျားနာခြင်းကနေ လေပြွန်အိတ်ရောင်ရော

ဂါကို ထပ်ဆင့်ဖြစ်ပွားစေနိုင်ပြီး အအေးမိဖျားနာခြင်းကို ခံစားရသူ ၆၀ ရာခိုင်နှုန်းကျော်က အသက်ရှူလမ်းကြောင်းအောက်ပိုင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။ အအေးမိဖျားနာတာကို ကာကွယ်တာက အလွန်ရိုးစင်းလွယ်ကူပါတယ်။ အဆင့် (၃) ဆင့်ပဲ လုပ်ဆောင်ရမှာပါ။ 


အဆင့် (၁) - သင့်လက်ကို သန့်စင်အောင်ဆေးကြောပါ။

အဆင့် (၂) - သင့်လက်ကို သန့်စင်အောင်ဆေးကြောပါ။

အဆင့် (၃) - သင့်လက်ကို သန့်စင်အောင်ဆေးကြောပါ။


 ဒီအဆင့်သုံးဆင့်က သင့်ကို အအေးမိဖျားနာခြင်းကနေ ကင်းဝေးစေပါတယ်။ ဆပ်ပြာနဲ့ရေဖြင့် သင့်လက်ကို ဆေးကြောပေးတာက အအေးမိဖျားနာပျံ့နှံ့ခြင်းကို လျော့ကျစေပါသတဲ့။ 


အအေးမိဖျားနာ ကုသတဲ့အခါ

 အအေးမိဖျားနာဖြစ်လာတဲ့အခါ ခံစားရတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းအောင် သောက်သုံးမှီဝဲနိုင်တဲ့ ဆေးဝါးတွေကတော့ -

• ဓာတ်မတည့်နှင့် နှာရည်ယို နှာစေးပျောက်ဆေး

• နှာပိတ်ခြင်း နှာမွှန်ခြင်းတွေကို သက်သာဟေမယ့်

• အကိုက်အခဲပျောက် ရောင်ရမ်းကျဆေး

• ချောင်းဆိုးပျောက်ဆေးများ

• ပဋီဇီဝပိုးသတ်ဆေး (Antibiotics)


Credit: Dr.Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18