Print

Zikavirus အကြောင်းတစ်စေ့တစ်စောင်း

  03-Feb-2018
Preview Image

 

၂၀၁၆ ခုနှစ်၊ စောစောပိုင်းကာလက ဇီကာဗိုင်းရပ်စ်ရောဂါပိုးကို ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားခဲ့သည်။ ဇီးကာဗိုင်းရပ်စ်အကြောင်းနှင့် စပ်လျဉ်း၍ မသိရှိရသေးသော အချက်များက ပိုများလာစေသောကြောင့် အများပြည်သူတို့ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ အများပြည်သူတို့က အီဘိုလာရောဂါကဲ့သို့ ကူးစက်ပျံ့နှံ့လာမည်လောဟု စိုးရိမ်ပူပန်ခဲ့ကြသည်။ ဇီကာဗိုင်းရပ်စ်ကို ဖလေဗီဗိုင်းရပ်စ် (Flavivirus) မျိုးစိတ်မှ ဗိုင်းရပ်စ်ပိုး များစွာအားဖြင့် ခြင်မှတစ်ဆင့် ရောဂါပိုးကူးစက်ပျံ့နှံ့သည်။ အဆိုပါ ဗိုင်းရပ်စ် ရောဂါပိုးသည် ဘူမိပထဝီအနေအထားနေရာသစ်များသို့ အလွယ်တကူ ပျံ့နှံ့ရောက်ရှိသွားနိုင်စွမ်း ရှိသောကြောင့် ကမ္ဘာ့ကျန်းမာရေးကို ပို၍ပင်ခြိမ်းခြောက်လာခဲ့သည်။


 လူအတော်များများက ၂၀၁၆ ခုနှစ်ကျမှသာလျှင် ဇီကာဗိုင်းရပ်စ်အကြောင်းကို ပထမဦးဆုံးအကြိမ် စတင်ကြားဖူးခဲ့ကြသည်။ အမှန်တကယ်တွင် ဇီကာဗိုင်းရက်စ် ရောဂါပိုးမှာ လွန်ခဲ့သော ၁၉၄၇ ခုနှစ် စောစောပိုင်းကာလ ကတည်းက ရှိခဲ့သည်။ ယနေ့မျက်မောက်ကာအထိတိုင် လူများစွာ၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသော ဇီကာဗိုင်းရပ်စ်ရောဂါပိုးအကြောင်းကို ဂဃနဏ မသိရှိရသေးချေ။ မကြာသေးမီကာလက ဇီကာဗိုင်းရပ်စ်ရောဂါပိုးမှာ ကမ္ဘာ့တစ်နံတစ်လျားရှိ နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံများမှာ စိုးရိမ်ပူပန်ခဲ့ကြရသည်။ 


 ၂၀၁၆ ခုနှစ် စောစောပိုင်းကာလက ဇီကာဗိုင်းရပ်စ်အကြောင်း သတင်းများ စတင်ရေးသားဖော်ပြခဲ့ချိန်နှင့် ယနေ့လက်ရှိအချိန်အကြားတွင် ဇီကာဗိုင်းရပ်စ်အကြောင်းကို မည်မည်ရရ မသိရှိရချေ။ ဇီကာဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်ထားသော ခြင်မှာ အေဒီးစ် (Aedes) ခြင်ကျားဖြစ်သည်။ အဆိုပါ။ အေးဒီးစ်ခြင်ကျားသည် အခြား ဖလေဗီဗိုင်းရပ်စ် များဖြစ်သော သွေးလွန်တုပ်ကွေးနှင့် Chikungunya စသော ဗိုင်းရပ်စ်ပိုးများကိုလည်း သယ်ဆောင်သော ခြင်အမျိုးအစားဖြစ်သည်။ 


 သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကဲ့သို့ပင် အသက်ဘေးအန္တရာယ်ရှိသော Chikungunya ဗိုင်းရပ်စ်ရောဂါပိုးကို အာဖရီက၊ အာရှ၊ ဥရောပ နှင့် အမေရိကတိုက်တို့တွင် တွေ့ရှိရသည်။ အဆိုပါ Chikungunya ဗိုင်းရပ်စ်ရောဂါပိုးသည် ဖျားနာခြင်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းတို့ကို ဖြစ်စေပြီး ခန္ဓာကိုယ်မသန်စွမ်းအောင် ချည့်နဲ့သွားစေနိုင်သည်။ ဇီကာဗိုင်းရပ်စ်ရောဂါကို ကုသနိုင်မည့် ဆေးဝါးမရှိသေးသကဲ့သို့ သွေးလွန်တုပ်ကွေးနှင့် Chikungunya ဗိုင်းရပ်စ်ရောဂါပိုးတို့ကို ပျောက်ကင်းစေသော ဆေးဝါးလည်း မရှိသေးချေ။ 


 ယခုအချိန်အထိ ဇီကာဗိုင်းရပ်စ်ကို ကုသနိုင်မည့် ထိုးဆေးမရှိသေးသောကြောင့် ခြင်းကိုက်မခံရအောင် ကာကွယ်တားဆီးရန် လိုအပ်သည်။ ခြင်ပေါ်သောနေရာများတွင် အကျီ ီလက်ရှည်များနှင့် ခြေမျက်စိထိရှည်သော အဝတ်အစားများ ဝတ်စားထားရန် လိုသည်။ အိမ်ရှိတံခါးပေါက်များနှင့် ပြတင်းပေါက်များက ခြင်းမဝင်အောင် အစဉ်အမြဲ တားဆီးမပေးနိုင်တာကြောင့် ဇီကာဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်လာသော အေးဒီးစ်ခြင်ကျားပေါသောနေရာဒေသများတွင် ခြင်ဆန်ခါများ တပ်ဆင်ထားပြီး အိပ်စက်သောအခါ ဆေးစိမ်ခြင်ထောင်များ ထောင်၍လည်းကောင်း၊ ကလေးငယ်လေးများ၏ ပုခက်များကိုလည်း ခြင်ထောင်ထောင်ပေးပြီး ကာကွယ်ရန်လိုသည်။


 ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသော ရောဂါလက္ခဏာအများစုမှာ ကိုယ်ပူဖျားနာခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ အင်ပျဉ်ထခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားများ နာကျင်ကို်က်ခဲခြင်းနှင့် မျက်စိနီရဲရောင်ရမ်းခြင်း စသော မအီမသာဝေဒနာများ ခံစားရခြင်းတို့ဖြစ်သည်။ ဇီကာရောဂါပိုးမှာ ရောဂါကူးစက်ခံရသူ၏ သွေးစီးကြောင်းထဲတွင် ရက်သတ္တပတ်ကြာရှိနေသည်ဟု ယူဆထားသည်။ 


 ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူအား ဗိုင်းရပ်စ်ရောဂါပိုး ပျောက်ကင်းအောင် ထိရောက်စွာ ကုသနိုင်မည့် ကုသနည်းမရှိချေ။ ရောဂါကူးစက်ဖြစ်ပွားနေသူအား Tylenol ဆေးဝါးဖြင့် ကိုယ်ပူအဖျားဝေဒနာနှင့် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာပျောက်ကင်းအောင်သာ ကုသပေးနိုင်သည်။ ရောဂါကူးစက်ခံနေသူအနေဖြင့် အိပ်ရေးဝဝ အိပ်စက်ရန်နှင့် ရေ၊ ဖျော်ရည်များသောက်ရန် အကြံပြုထားသည်။


 ဇီကာဗိုင်းရပ်စ်ရောဂါပိုးမှာ ဇီကာဗိုင်းရပ်စ်ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ဇီကာဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျား အကိုက်ခံရခြင်း၊ ဇီကာရောဂါပိုး ရှိသူထံမှ သွေးသွင်းကုသမှုခံခြင်းနှင့် ဇီကာရောဂါပိုးမှာ သွေးသွင်းကုသရာမှလည်း ဖြစ်ပွားနိုင်သည်ဟု ယူဆထားသော်လည်း အတည်မပြုနိုင်ခြင်း မရှိသေးချေ။ 


 မကြာသေးမီက ကမ္ဘာ့တစ်နံတစ်လျားမှ နိုင်ငံပေါင်း ၄၈ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့သည်။ မက္ကဆီကို၊ အာဖရီက၊ အာရှ၊ ကာရစ်ဘီယံ၊ အမေရိတိုက် အလယ်ပိုင်းဒေသ၊ ပစိဖိတ်ကျွန်းများနှင့် တောင်အမေရိက ဒေသတို့တွင် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့ခဲ့သည်။ ဇီကာရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်အမျိုးသမီးက ဇီကာဗိုင်းရပ်စ်ကို ၎င်း၏သန္ဓေသားကို ကူးစက်ပျံ့နှံ့စေနိုင်ကြောင်း လေ့လာသိရှိခဲ့သည်။ အကယ်၍ ကိုယ်ဝန်ဆောင်နေစဉ် ပဋီသန္ဓေရှိသော အမျိုးသမီးများ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရပါက မွေးဖွားလာသော ကလေးမှာ ဦးခေါင်းသေးငယ်ပြီး ဦးနှောက်သေးနိုင်ကြောင်းသိရသည်။ သုတေသီများက ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသော သန္ဓေသားနဲ့ မွေးကင်းစကလေးများ မွေးဖွားကတည်းက ဦးခေါင်းသေးငယ်သော မွေးရာပါ ချို့ယွင်းမှုကို Congenital Zika-Zyndrome ရောဂါလက္ခဏာစုဟု အမည်းပေးထားကြသည်။ 


 ယနေ့ မျက်မှောက်ကာလအထိ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရမူကို ထိရောက်စွာ ကုသနိုင်သော ထိုးဆေးရည်ရော ဆေးဝါးများပါ လုံးဝမရှိသေးသောကြောင့် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခြင်း မခံရစေရန် အကောင်းဆုံးနည်းလမ်းမှာ အေးဒီးစ်ခြင်ကျား အကိုက်မခံရအောင် တားဆီးကာကွယ်ခြင်းနှင့် ခြင်အကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ မဖြစ်အောင် တားဆီးကာကွယ်ခြင်းဖြစ်သည်။


Credit: နေထက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18